လက်ရှိဘဏ္ဍာရေးနှစ်သစ် သုံးလခွဲကျော်ကာလအတွင်း နယ်စပ်ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ သုံးဘီလျံကျော် ရှိခဲ့

လက်ရှိဘဏ္ဍာရေးနှစ်သစ် သုံးလခွဲကျော်ကာလအတွင်း နယ်စပ်ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ သုံးဘီလျံကျော် ရှိခဲ့

ကုန်သွယ်ရေးဦးစီးဌာနက ဇန်နဝါရီ တတိယအပတ်အတွင်း ထုတ်ပြန်သည့် ကာလတူ ပုံမှန်/နယ်စပ် ပို့ကုန်၊ သွင်းကုန်၊ ကုန်သွယ်မှုပမာဏ အခြေအနေစာရင်းအရ ဇန်နဝါရီ ၁၇ ရက်အထိ အိမ်နီးချင်းနိုင်ငံ ၅ နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၇ ခုမှတစ်ဆင့် သုံးလခွဲကျော်ကာလအတွင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ သုံးဘီလျံကျော်ရှိပြီး ယခင်ကာလတူထက် ကန်ဒေါ်လာ သန်း ၆၀၀ ကျော် ပိုမိုကုန်သွယ်နိုင်ခဲ့ကြောင်း သိရပါတယ်။

“ကုန်သွယ်ရေးက မှန်းလို့ကိုမရဘူး။အဓိကဂိတ်ဖြစ်တဲ့ တရုတ်ဘက်ဂိတ်တွေ ကုန်သွယ်မှုထိုးရပ်သလို ဖြစ်နေတဲ့အတွက် မှန်းထားတာတွေကို ပြန်လျှော့မှရမှာ။အခုဘဲ မူဆယ်မှာ ကုန်ကားတွေပုံနေပြီ။ဟိုဘက်က ရောဂါဘေးကြောင့် အဝယ်မလာသလောက်ဖြစ်နေတော့ ဘာမှလုပ်လို့မရဘူး။ဒီတော့ ဒီရောဂါမြန်မြန်ပြီးမှ ကုန်သွယ်ရေးက ပြန်တက်လာမှာ” လို့ သစ်သီးကုန်သည်တစ်ဦးက ဆိုပါတယ်။    

ယခုဘဏ္ဍာရေးနှစ်သစ် ၂၀၁၉-၂၀၂၀ သုံးလခွဲကျော်ကာလအတွင်း ကုန်သွယ်မှုပမာဏမှာ ပို့ကုန် ကန်ဒေါ်လာ ၂၁၉၆ ဒသမ ၆၂၄ သန်းနှင့် သွင်းကုန် ကန်ဒေါ်လာ ၉၈၄ ဒသမ ၅၅၇ သန်း တင်သွင်းခဲ့ကာ စုစုပေါင်းကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၃၁၈၁ ဒသမ ၁၈၁ သန်း ရှိခဲ့ကြောင်း သိရပါတယ်။ကုန်သွယ်မှုတန်ဖိုးတွင် သုံးလခွဲကျော်ကာလအတွင်း မြန်မာဘက်မှ ကုန်သွယ်ရေးပိုငွေ ကန်ဒေါ်လာ တစ်ဘီလျံကျော် ဖြစ်ပေါခဲ့ပါတယ်။

ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကာလအတွင်း နယ်စပ်မှ ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏမှာ ဘဏ္ဍာနှစ် တစ်နှစ်တာကာလအတွင်း ပို့ကုန် အမေရိကန်ဒေါ်လာ ၇၁၅၇ ဒသမ ၁၅၅ သန်းနှင့် သွင်းကုန် ကန်ဒေါ်လာ ၃၀၅၈ ဒသမ ၈၆၁ သန်း ရှိကာ စုစုပေါင်းကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၁၀၂၁၆ ဒသမ ၀၁၆ သန်း ရှိခဲ့ကြောင်း သိရပါတယ်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကာလအတွင်း နယ်စပ်မှ ကုန်သွယ်ရာတွင် ပို့ကုန်က သွင်းကုန်ထက် ပိုများသဖြင့် ကုန်သွယ်ရေးပိုငွေ ကန်ဒေါ်လာ လေးဘီလျံကျော် (ကန်ဒေါ်လာ ၄၀၉၈ ဒသမ ၂၉၄ သန်း) ဖြစ်ပေါ်ခဲ့ကာ ယခုနှစ်လအတွင်း ကုန်သွယ်ရာတွင်လည်း ကုန်သွယ်ရေးပိုငွေ ကန်ဒေါ်လာ တစ်ဘီလျံကျော် ဖြစ်ပေါ်ခဲ့သဖြင့် ယခင်ထက်ပိုများလာဖွယ်ရှိတယ်လို့ သိရပါတယ်။     

PWA
Photo Credit : မူဆယ်ကုန်စည်ပွဲရုံ
ရန်ကုန်၊ ဇန်နဝါရီ - ၂၉

( Zawgyi )

ကုန္သြယ္ေရးဦးစီးဌာနက ဇန္နဝါရီ တတိယအပတ္အတြင္း ထုတ္ျပန္သည့္ ကာလတူ ပုံမွန္/နယ္စပ္ ပို႔ကုန္၊ သြင္းကုန္၊ ကုန္သြယ္မႈပမာဏ အေျခအေနစာရင္းအရ ဇန္နဝါရီ ၁၇ ရက္အထိ အိမ္နီးခ်င္းႏိုင္ငံ ၅ ႏိုင္ငံႏွင့္ နယ္စပ္ကုန္သြယ္ေရးစခန္း ၁၇ ခုမွတစ္ဆင့္ သုံးလခြဲေက်ာ္ကာလအတြင္း ကုန္သြယ္မႈပမာဏမွာ အေမရိကန္ေဒၚလာ သုံးဘီလ်ံေက်ာ္ရွိၿပီး ယခင္ကာလတူထက္ ကန္ေဒၚလာ သန္း ၆၀၀ ေက်ာ္ ပိုမိုကုန္သြယ္ႏိုင္ခဲ့ေၾကာင္း သိရပါတယ္။

“ကုန္သြယ္ေရးက မွန္းလို႔ကိုမရဘူး။အဓိကဂိတ္ျဖစ္တဲ့ တ႐ုတ္ဘက္ဂိတ္ေတြ ကုန္သြယ္မႈထိုးရပ္သလို ျဖစ္ေနတဲ့အတြက္ မွန္းထားတာေတြကို ျပန္ေလွ်ာ့မွရမွာ။အခုဘဲ မူဆယ္မွာ ကုန္ကားေတြပုံေနၿပီ။ဟိုဘက္က ေရာဂါေဘးေၾကာင့္ အဝယ္မလာသေလာက္ျဖစ္ေနေတာ့ ဘာမွလုပ္လို႔မရဘူး။ဒီေတာ့ ဒီေရာဂါျမန္ျမန္ၿပီးမွ ကုန္သြယ္ေရးက ျပန္တက္လာမွာ” လို႔ သစ္သီးကုန္သည္တစ္ဦးက ဆိုပါတယ္။    

ယခုဘ႑ာေရးႏွစ္သစ္ ၂၀၁၉-၂၀၂၀ သုံးလခြဲေက်ာ္ကာလအတြင္း ကုန္သြယ္မႈပမာဏမွာ ပို႔ကုန္ ကန္ေဒၚလာ ၂၁၉၆ ဒသမ ၆၂၄ သန္းႏွင့္ သြင္းကုန္ ကန္ေဒၚလာ ၉၈၄ ဒသမ ၅၅၇ သန္း တင္သြင္းခဲ့ကာ စုစုေပါင္းကုန္သြယ္မႈပမာဏ ကန္ေဒၚလာ ၃၁၈၁ ဒသမ ၁၈၁ သန္း ရွိခဲ့ေၾကာင္း သိရပါတယ္။ကုန္သြယ္မႈတန္ဖိုးတြင္ သုံးလခြဲေက်ာ္ကာလအတြင္း ျမန္မာဘက္မွ ကုန္သြယ္ေရးပိုေငြ ကန္ေဒၚလာ တစ္ဘီလ်ံေက်ာ္ ျဖစ္ေပါခဲ့ပါတယ္။

ၿပီးခဲ့သည့္ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ကာလအတြင္း နယ္စပ္မွ ျပည္ပႏိုင္ငံမ်ားႏွင့္ ကုန္သြယ္မႈပမာဏမွာ ဘ႑ာႏွစ္ တစ္ႏွစ္တာကာလအတြင္း ပို႔ကုန္ အေမရိကန္ေဒၚလာ ၇၁၅၇ ဒသမ ၁၅၅ သန္းႏွင့္ သြင္းကုန္ ကန္ေဒၚလာ ၃၀၅၈ ဒသမ ၈၆၁ သန္း ရွိကာ စုစုေပါင္းကုန္သြယ္မႈပမာဏ ကန္ေဒၚလာ ၁၀၂၁၆ ဒသမ ၀၁၆ သန္း ရွိခဲ့ေၾကာင္း သိရပါတယ္။

၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ကာလအတြင္း နယ္စပ္မွ ကုန္သြယ္ရာတြင္ ပို႔ကုန္က သြင္းကုန္ထက္ ပိုမ်ားသျဖင့္ ကုန္သြယ္ေရးပိုေငြ ကန္ေဒၚလာ ေလးဘီလ်ံေက်ာ္ (ကန္ေဒၚလာ ၄၀၉၈ ဒသမ ၂၉၄ သန္း) ျဖစ္ေပၚခဲ့ကာ ယခုႏွစ္လအတြင္း ကုန္သြယ္ရာတြင္လည္း ကုန္သြယ္ေရးပိုေငြ ကန္ေဒၚလာ တစ္ဘီလ်ံေက်ာ္ ျဖစ္ေပၚခဲ့သျဖင့္ ယခင္ထက္ပိုမ်ားလာဖြယ္ရွိတယ္လို႔ သိရပါတယ္။     

PWA
Photo Credit : မူဆယ္ကုန္စည္ပြဲ႐ုံ
ရန္ကုန္၊ ဇန္နဝါရီ - ၂၉