【 နိုင်ငံတကာ 】HIMARS ဒုံးကျည် အစင်း ၁၀၀ကို ဇူလိုင် ၂၄ ရက်က ဖျက်ဆီးနိုင်ခဲ့ဟု ရုရှားပြော

【 နိုင်ငံတကာ 】HIMARS ဒုံးကျည် အစင်း ၁၀၀ကို ဇူလိုင် ၂၄ ရက်က ဖျက်ဆီးနိုင်ခဲ့ဟု ရုရှားပြော 

ယူကရိန်းနိုင်ငံ Dnipropetrovsk ဒေသတွင် အမေရိကန်လုပ် HIMARS ဒုံးပျံအစင်း ၁၀၀ ကျော်ကို ဇူလိုင် ၂၄ ရက်က ၎င်း၏တပ်ဖွဲ့များက ဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပါတယ်။

ထိုသတင်းတိကျမှုရှိ/မရှိကို ရိုက်တာက နှစ်ဖက်စစ်မြေပြင်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

အနောက်နိုင်ငံများက ယူကရိန်းသို့ ပံ့ပိုးပေးသော HIMARS စနစ်များကို ဖျက်ဆီးပစ်ခဲ့ကြောင်း ရုရှားက ယခင်က ပြောကြားခဲ့ပြီး ယင်းပြောဆိုချက်များကို Kyiv မှ ငြင်းဆိုခဲ့မှုများရှိခဲ့ပါတယ်။

ရုရှားတပ်များမှာ ယူကရိန်းသို့ ကျူးကျော်ရာတွင် အမေရိကန်က ထောက်ပံ့ပေးသည့် HIMARS ဒုံးကျည်စနစ်ရရှိပြီးကတည်းက အထိနာကာ ထိုးစစ်မှာ အရှိန်နှေးသွားခဲ့သည်။

အမေရိကန်နှင့် ယူကရိန်းတာဝန်ရှိသူများက HIMARS ဒုံးကျည်စနစ်ကြောင့် တိကျသေချာသည့် ရုရှားပစ်မှတ်များကို ထိရောက်စွာချေမှုန်းနိုင်ခဲ့ကြောင်း ယခင်အပတ်က ပြောကြားခဲ့ပါတယ်။

Linko

Ref:Reuters

မော်စကို၊ ဇူလိုင် ၂၈