【 နိုင်ငံတကာ 】 အခြေခံအဆောက်အဦများထက် စက်မှုလုပ်ငန်းကို အာဖရိကနိုင်ငံများ ပိုလိုလားဟု တရုတ်ပြော

【 နိုင်ငံတကာ 】 အခြေခံအဆောက်အဦများထက် စက်မှုလုပ်ငန်းကို အာဖရိကနိုင်ငံများ ပိုလိုလားဟု တရုတ်ပြော

ဂျိုဟန်နက်စ်ဘာ့ဂ်၊ သြဂုတ် - ၂၂

အာဖရိကနိုင်ငံများသည် တရုတ်နိုင်ငံအား တိုက်ကြီးပေါ်တွင် အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းမှ ဒေသတွင်း စက်မှုလက်မှုလုပ်ငန်းဆီသို့ အာရုံပြောင်းစေလိုကြောင်း တောင်အာဖရိကမှာ ကျင်းပတဲ့ BRICS ထိပ်သီးအစည်းအဝေးရဲ့ ဘေးဆွယ်တွေ့ဆုံမှုမှာ တရုတ်ရဲ့ ထိပ်တန်း အာဖရိကသံတမန်က အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

“အာဖရိကပေါင်းစည်းမှုက ပြင်းထန်နေပြီး အာဖရိကနိုင်ငံအများအပြားက သူတို့ရဲ့အာရုံစိုက်မှုကို ထည့်သွင်းစဉ်းစားဖို့ တရုတ်ကိုတောင်းဆိုခဲ့ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာဖရိကရေးရာဌာန ညွှန်ကြားရေးမှူးချုပ် ဝူဖန်းက ပြောခဲ့ပါတယ်။

အထူးသဖြင့် ၂၀၂၁ ခုနှစ် အစတွင် စတင်ခဲ့သည့် အာဖရိကနိုင်ငံများအား အနာဂတ်တွင် အကောက်ခွန်မဲ့ကုန်သွယ်မှု ပြုလုပ်နိုင်စေရန် ရည်ရွယ်သော Africa Continental Free Trade Agreement (AfCFTA) ကို ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း ဝူမှ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် သြဂုတ် ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပသည့် BRICS အစုအဖွဲ့ဖြစ်သော ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကတို့၏ ထိပ်သီးဆွေးနွေးပွဲ ဘေးဆွယ်ဆွေးနွေးပွဲအဖြစ် ကြာသပတေးနေ့တွင် အာဖရိကခေါင်းဆောင်များနှင့်အတူ အာဖရိကစက်မှုထွန်းကားရေးဆိုင်ရာ အစီအစဉ်များမှတစ်ဆင့် ဆွေးနွေးမည်ဖြစ်ပါတယ်။

Boston တက္ကသိုလ် အချက်အလက်အရ ၂၀၀၀ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း နိုင်ငံပိုင်ဘဏ်အများစုဖြစ်သည့် တရုတ်ငွေချေးသူများသည် အာဖရိကနိုင်ငံများသို့ ဒေါ်လာ ၁၆၀ ဘီလီယံ ထုတ်ချေးရန် သဘောတူညီခဲ့ကြောင်း သိရပါတယ်။  

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အခြေခံအဆောက်အအုံများ ထောက်ပံ့ရန်အတွက် ၂၀၁၃ ခုနှစ်တွင် ရှီက “Belt and Road Initiative” ကို စတင်ခဲ့ပြီးနောက် ချေးငွေကတိကဝတ်များ မြင့်တက်လာခဲ့သော်လည်း ၂၀၁၆ ခုနှစ်တွင် ဒေါ်လာ ၂၈.၄ ဘီလီယံမှ ၂၀၂၀ ခုနှစ်တွင် ဒေါ်လာ ၁.၉  ဘီလီယံအထိ သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။

ဝူက အရေးပေါ်ဆွေးနွေးရမည့် “အရေးပေါ်ပြဿနာများ” ကို လာမည့် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်အထိ မစောင့်နိုင်ပြောခဲ့ပြီး တရုတ်နှင့် အာဖရိကဝန်ကြီးများ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲကို လာမည့်နှစ်တွင် ကျင်းပရန် စီစဉ်ထားပါတယ်။

၎င်းက အာဖရိကတွင် တရုတ်ကုမ္ပဏီများ အထူးသဖြင့် အသေးစားနှင့် အလတ်စား ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုများတိုးလာမည်ဟု ဆိုပါတယ်။

“ကမ္ဘာ့စီးပွားရေးနဲ့ တရုတ်စီးပွားရေးက ဘာပဲဖြစ်ဖြစ် အလယ်အလတ် (သို့) ရေရှည်လမ်းကြောင်းအဖြစ် (ဆိုလိုသည်မှာ) တရုတ်ကုမ္ပဏီများက  အာဖရိကသို့ စွန့်စားရန် ဆန္ဒရှိကြတယ်” လို့ ဝူက ဆက်ပြောခဲ့ပါတယ်။

Linko
Ref - Reuters