【 နိုင်ငံတကာ 】 ရုရှား၊ တရုတ်တို့ တက်ရောက်သည့် BRICS ထိပ်သီးအစည်းအဝေး စတင်

【 နိုင်ငံတကာ 】 ရုရှား၊ တရုတ်တို့ တက်ရောက်သည့် BRICS ထိပ်သီးအစည်းအဝေး စတင်

ဂျိုဟန်နစ္စဘတ်ဂျ်၊ သြဂုတ် - ၂၂

ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကတို့ ပါဝင်သော အရေးကြီးသော ထိပ်သီးဆွေးနွေးပွဲကို တောင်အာဖရိကတွင် ယနေ့ (အင်္ဂါနေ့)မှာ  စတင်ခဲ့ပါတယ်။

အစည်းအဝေးတက်မည့် BRICS အဖွဲ့ဝင်များသည် ကမ္ဘာ့ စီးပွားရေး၏ လေးပုံတစ်ပုံရှိကာ ကမ္ဘာ့ကုန်သွယ်မှု၏ ငါးပုံတစ်ပုံကို ပိုင်ဆိုင်ကြပြီး ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်းကျော် နေထိုင်ကြသည်ဟု တနင်္ဂနွေနေ့က တောင်အာဖရိကသမ္မတ စီရီးလ် ရမ်ဖိုဆာက ပြောခဲ့ပါတယ်။

BRICS သည် စီးပွားရေးပါဝါအရ ကမ္ဘာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပြီး ၎င်းကို အနောက်နိုင်ငံများကို ဟန်ချက်ညီစေသည့် နည်းလမ်းအဖြစ် အချို့နိုင်ငံများက ပိုမိုမြင်လာကြပါတယ်။

ယူကရိန်းကို ရုရှားကျူးကျော်ဝင်ရောက်လာပြီးနောက် ရုရှားနှင့် တရုတ်နှင့် အနောက်နိုင်ငံများကြား တင်းမာမှုများ အရှိန်အဟုန်ဖြင့် ကမ္ဘာတစ်ဝှမ်း အပြောင်းအလဲများကြောင့် ယခုအစည်းအဝေးမှာ အရေးကြီးလာပါတယ်။

အင်္ဂါနေ့တွင် စတင်သည့် ထိပ်သီးအစည်းအဝေးကို ကြာသပတေးနေ့အထိ ဆက်လက်ကျင်းပရန် မျှော်လင့်ထားပြီး နိုင်ငံ့ခေါင်းဆောင် ၄၀ ခန့် တက်ရောက်မည်ဟု သတင်းများက ဆိုပါတယ်။

Arab News က “BRICS နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ၂၀၀၆ ခုနှစ် စက်တင်ဘာလ ကုလသမဂ္ဂအထွေထွေညီလာခံ ဘေးဆွယ်အဖြစ် စတင်ကျင်းပခဲ့ကြောင်း ဆိုပါတယ်။ယခုအဖွဲ့သို့ တောင်အာဖရိက မဝင်ခင်က ဒီအဖွဲ့အစည်းကို BRICS လို့ လူသိများပါတယ်” လို့ ဖော်ပြခဲ့ပါတယ်။

တောင်အာဖရိကနိုင်ငံကလည်း BRICS အဖွဲ့ဝင်အဖြစ် တိုးချဲ့မှုကို ထောက်ခံပြီး အဆိုပါအဖွဲ့သို့  နိုင်ငံပေါင်း ၂၃ နိုင်ငံက ပါဝင်ရန် လျှောက်ထားခဲ့ကြောင်း တရုတ်နိုင်ငံက ပြောကြားခဲ့ပါတယ်။

၎င်းတို့တွင် အီရန်၊ အယ်လ်ဂျီးရီးယား၊ ကျူးဘား၊ အီဂျစ်၊ ဗင်နီဇွဲလား၊ ဗီယက်နမ်၊ ထိုင်းနှင့် အခြားနိုင်ငံများ ပါဝင်ပါတယ်။၎င်းတို့တွင် ဘာရိန်းနှင့် ယူအေအီးကဲ့သို့သော ပင်လယ်ကွေ့နိုင်ငံများစွာလည်း ပါဝင်ပါတယ်။ပါလက်စတိုင်း အာဏာပိုင်တွေကလည်း လျှောက်ထားခဲ့ပါတယ်။    

ထို့ကြောင့် BRICS ချဲ့ထွင်မှုသည် အနောက်နှင့် နီးစပ်သော နိုင်ငံများသာမက ကမ္ဘာ့အစီအစဉ်သစ်တစ်ရပ်ကို အကောင်အထည်ဖော်ရန် အနောက်အုပ်စုကို ဆန့်ကျင်သည့် ဤအုပ်စုကို အသုံးပြုလိုသည့် အီရန်ကဲ့သို့သော နိုင်ငံအများအပြားလည်း ပါဝင်မည်ဖြစ်ပါတယ်။

တရုတ်နိုင်ငံသည် နိုင်ငံတကာသံခင်းတမန်ခင်းတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါတယ်။ထို့ကြောင့် BRICS သည် အနောက်နိုင်ငံများကို စိန်ခေါ်နိုင်သည့် ဖိုရမ်တစ်ခုအဖြစ် ရှုမြင်လာနေကြပါတယ်။

Linko
Ref - The Jerusalem Post