【 နိုင်ငံတကာ 】 ယူကရိန်းဒေသအတော်များများကို ရုရှားက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ဟု မော်စကို ဆို

【 နိုင်ငံတကာ 】 ယူကရိန်းဒေသအတော်များများကို ရုရှားက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ဟု မော်စကို ဆို

မော်စကို၊ သြဂုတ် - ၂၂

ယူကရိန်းစစ်တပ်နှင့် ဒေသဆိုင်ရာတာဝန်ရှိသူများက သြဂုတ် ၂၂ ရက်တွင် ရုရှားက ဒရုန်းနှင့် ဒုံးကျည်များ ဇာပိုရီဇာဟီယာ၊ ခရီးဗီးရီးနှင့် ကူပန့်စ်တို့ကို ပစ်လွှတ်ခဲ့ကြောင်း သတင်းဖော်ပြခဲ့ပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မော်စကိုနှင့် ဘရိုင်ယန်စ်ဒေသများတွင် မောင်းသူမဲ့လေယာဉ်များ၏ တိုက်ခိုက်မှုများကို ချေမှုန်းနိုင်ခဲ့ကာ မြို့တော်ရှိ လေဆိပ် ၃ ခုကို ယာယီပိတ်ထားခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။

ခရီးဗီးရီးတွင် ရုရှားက ညပိုင်း ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူတစ်ဦးထိခိုက်ဒဏ်ရာရကာ အဆောက်အအုံ ၂၀ ပျက်စီးခဲ့ကြောင်း နီပရိုပက်ပရိုဒေသ အုပ်ချုပ်ရေးမှူး ဆာဟီးလေဆက်ခ်က တယ်လီဂရမ်တွင် ပြောကြားခဲ့ပါတယ်။

ရုရှားက နိုင်ငံတောင်ပိုင်း ဇာပိုရီဇာဟီယာမြို့ကို ညဘက်တိုက်ခိုက်ခဲ့ရာမှာ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပေမယ့် အသေအပျောက်မရှိခဲ့ကြောင်း မြို့တော်ကောင်စီ အတွင်းရေးမှူး အနာတိုလီကူတပ်ဗ်က သြဂုတ် ၂၂ ရက် အစောပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

“ညတွင်းချင်းပဲ ရန်သူက ဇာပိုရီဇာဟီယာကို ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။ပေါက်ကွဲမှုအရှိန်ရဲ့ အကျိုးဆက်ကြောင့် အထပ်မြင့် အဆောက်အဦလေးလုံး ပျက်စီးခဲ့ပါတယ်” ဟု ကူတပ်ဗ်က တယ်လီဂရမ်တွင် ရေးသားခဲ့ပါတယ်။

ရုရှားတပ်ဖွဲ့များသည် ဇာပိုရီဇာဟီယာကို အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ပါတယ်။

ရုရှားတပ်များသည် အရှေ့ပိုင်း ခါကိဗ်ဒေသတွင် ကူပန့်စ်နှင့် ဗိုချမ့်ခ်တို့ကို ညတွင်းချင်း ပစ်ခတ်ခဲ့ကြောင်း ဒေသအုပ်ချုပ်ရေးမှူး အိုလက်ရှ် ရှေနီဟူဘော့ဗ်က က သြဂုတ် ၂၂ ရက်တွင် ပြောကြားခဲ့ပါတယ်။

“လူနေအဆောက်အအုံလေးလုံး ထိခိုက်ပြီး ပျက်စီးသွားတယ်” ဟု ရှေနီဟူဘော့ဗ်က တယ်လီဂရမ်တွင် ပြောခဲ့ပြီး အမျိုးသမီးတစ်ဦး အနည်းငယ်ဒဏ်ရာရခဲ့ကြောင်း ထည့်သွင်းပြောခဲ့ပါတယ်။

ထိုအတောအတွင်း မော်စကိုမြို့ အနောက်တောင်ဘက် ကီလိုမီတာ ၄၀၀ ခန့်အကွာရှိ ဘရိုင်ယန်စ်ဒေသတွင် မောင်းသူမဲ့လေယာဉ်လေးစင်း ညတွင်းချင်း ပစ်ချခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၂၂ ရက်အစောပိုင်းတွင် ပြောကြားခဲ့ပါတယ်။

ရုရှားနိုင်ငံပိုင်သတင်းဌာန TASS က မော်စကိုလေဆိပ် ၃ ခုဖြစ်သည့် Vnukovo ၊ Domodedovo နှင့် Sheremetyevo တို့၏ လေကြောင်းခရီးစဉ်များကို ခေတ္တဆိုင်းငံ့ထားကြောင်း ဖော်ပြခဲ့ပြီး ဆိုင်းငံ့ခြင်းအတွက် အကြောင်းပြချက်မပေးခဲ့ပေ။

ယူကရိန်း မောင်းသူမဲ့လေယာဉ်တွေ တိုက်ခိုက်မှုကြောင့် မော်စကိုလေဆိပ်တွေမှာ လေကြောင်းပျံသန်းမှု အကြိမ်ပေါင်းများစွာ ဆိုင်းငံ့ထားရတဲ့ ဖြစ်စဉ်တွေ ဖြစ်ခဲ့ပါတယ်။

ပင်လယ်နက်ရှိ ရုရှားဓာတ်ငွေ့ထုတ်လုပ်ရေးစက်ရုံများအနီးတစ်ဝိုက်  ခုတ်မောင်းနေသော ယူကရိန်းကင်းထောက်သင်္ဘောတစ်စင်းကို ရုရှားစစ်လေယာဉ်တစ်စင်းက ဖျက်ဆီးခဲ့ကြောင်း ဝန်ကြီးဌာနက သြဂုတ် ၂၂ ရက်တွင် ပြောကြားခဲ့ပါတယ်။သို့သော် ထိုသတင်းကို အတည်မပြုနိုင်ခဲ့ပေ။

ယူကရိန်းနိုင်ငံ အရှေ့ဘက်နှင့် တောင်ဘက်တို့တွင် တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက် ဖြစ်ပွားနေပြီး လအတန်ကြာ ပြိုကျပျက်စီးခဲ့သည့် ဒွန်နက်ခ်အရှေ့ပိုင်း ဒေသရှိ ဘတ်ခ်မွတ် တွင် ရုရှား၏ တန်ပြန်တိုက်ခိုက်မှုကို ချေမှုန်းခဲ့ကြောင်း ယူကရိန်း စစ်ဦးစီးချုပ်က သတင်းပေးပို့ခဲ့ပါတယ်။ယူကရိန်းတပ်ဖွဲ့များသည် တောင်ပိုင်းရှိ မယ်လီတီပိုးဧရိယာတွင် ထိုးစစ်ဆင်မှုများကို ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း စစ်တပ်က သြဂုတ် ၂၂ ရက်တွင် ၎င်း၏ နေ့စဉ်အစီရင်ခံစာ၌ ပြောကြားခဲ့ပါတယ်။လွန်ခဲ့သည့် ၂၄ နာရီအတွင်း ယူကရိန်းတပ်ဖွဲ့များသည် ရှေ့တန်းတစ်လျှောက် အနီးကပ်တိုက်ပွဲပေါင်း ၃၀ ဆင်နွှဲခဲ့သည်ဟု ဆိုပါတယ်။

သြဂုတ် ၂၁ ရက်တွင် ဒုကာကွယ်ရေးဝန်ကြီး ဟန်နာမာလီယာက ဇာပိုရီဇာဟီယာဒေသတွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပြီး အောင်မြင်မှုအချို့ရနေကြောင်း ပြောခဲ့ပါတယ်။

Linko
Ref - Radio FreeEurope RadioLiberty