【 နိုင်ငံတကာ 】 ယူကရိန်းက ခရုဇ်ဒုံးကျည်ဖြင့်တိုက်ခိုက်မှုကြောင့် ကရိုင်းမီးယားသင်္ဘောကျင်းမီးလောင်ကာ ၂၄ ဦးဒဏ်ရာရ

【 နိုင်ငံတကာ 】 ယူကရိန်းက ခရုဇ်ဒုံးကျည်ဖြင့်တိုက်ခိုက်မှုကြောင့် ကရိုင်းမီးယားသင်္ဘောကျင်းမီးလောင်ကာ ၂၄ ဦးဒဏ်ရာရ

ကိယက်ဗ်၊ စက်တင်ဘာ - ၁၃

ယူကရိန်းတပ်ဖွဲ့များက  ရုရှားသိမ်းပိုက်ထားသော ခရိုင်းမီးယားရှိ Sevastopol သင်္ဘောကျင်းကို ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ခရုဇ်ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ရာ ကြီးကြီးမားမား မီးလောင်ကျွမ်းခဲ့ပြီး ၂၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရုရှားအာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၄ ခုနှစ်တွင် ရုရှားက ယူကရိန်းထံမှ သိမ်းပိုက်ခဲ့သော ခရိုင်းမီးယားကျွန်းဆွယ်သည် ၁၈ လကြာ စစ်ပွဲတွင် မကြာခဏပစ်မှတ်ဖြစ်နေသော်လည်း သင်္ဘောကျင်းကို ယခုတိုက်ခိုက်မှုသည် မကြာသေးမီရက်သတ္တပတ်များအတွင်း တိုက်ခိုက်မှုတွင် အကြီးမားဆုံးဖြစ်ခဲ့ဟန်တူပါတယ်။

ယူကရိန်းက သင်္ဘောကျင်းကို ခရုဇ်ဒုံးကျည် ၁၀ စင်း၊ ပင်လယ်နက်ရှိ ရုရှားရေတပ်သင်္ဘောတွေဆီကို ဒရုန်း ၃ စင်း ပစ်လွှတ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဒုံးကျည်ခုနစ်စင်း ပစ်ချနိုင်ခဲ့ပြီး ပင်လယ်ပြင်မှ ဒရုန်းများအားလုံး ပျက်စီးသွားသော်လည်း အချို့သော ဒုံးကျည်များသည် သင်္ဘောကျင်းတွင် ပြုပြင်နေသည့် သင်္ဘောနှစ်စင်းကို ထိမှန်သဖြင့် မီးလောင်ပျက်စီးခဲ့ကြောင်း ၎င်းကဆိုပါတယ်။

ခရိုင်းမီးယား (သို့မဟုတ်) ရုရှားဒေသများကို တိုက်ခိုက်ခြင်းအတွက် ကိယက်ဗ်ဘက်မှ ၎င်းတို့လက်ချက်အဖြစ် ဝန်ခံလေ့မရှိသလို ယခုဖြစ်ရပ်အပေါ် ယူကရိန်းအရာရှိများထံမှ ချက်ချင်းမှတ်ချက်ပေးခြင်း မရှိခဲ့ပေ။

Sevastopol သင်္ဘောကျင်းသည် ပင်လယ်နက်ရှိ ၎င်း၏ရေတပ်အုပ်စုရှိ သင်္ဘောများကို ပြုပြင်နေသော နေရာဖြစ်သောကြောင့် ယင်းနေရာသည် ရုရှားအတွက် ဗျူဟာမြောက်အရေးကြီးသော နေရာဖြစ်ပါတယ်။

Linko
Ref - Euronews