【 နိုင်ငံတကာ 】အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေး အချက် ၄ ချက် တရုတ်နိုင်ငံခြားရေးဝန်ကြီး အဆိုပြု

【 နိုင်ငံတကာ 】အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေး အချက် ၄ ချက် တရုတ်နိုင်ငံခြားရေးဝန်ကြီး အဆိုပြု

တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် နိုင်ငံတော်ကောင်စီဝင် ဝမ်ယိက အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေးအတွက် ကြာသပတေးနေ့က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်တွင် ကျင်းပသည့် ASEAN အပေါင်း ၃ အစည်းအဝေးတွင် အဆိုပြုလိုက်ပါတယ်။

လွန်ခဲ့သော ၂၅ နှစ်အတွင်း အရှေ့တောင်အာရှနိင်ငံများအသင်း (ASEAN) ဆယ်နိုင်ငံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားတို့ ဆက်ဆံရေးသည် ပိုမိုနက်ရှိုင်းလာပြီး အရေးပါသော ရလဒ်များ ရလာကြောင်း ဝမ်က ပြောပါတယ်။

ထိုနိုင်ငံများသည် အရှေ့အာရှ လူမှုအသိုက်အဝန်း တည်ထောင်ရေးပန်းတိုင်ကို ထူထောင်ပြီး တိုးတက်မှုရှိပြီး ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှု မူဘောင်သည် ကမ္ဘာ့အကျယ်ပြန့်ဆုံး  လွတ်လပ်သော ကုန်သွယ်မှု နယ်ပယ်ကို ဒေသဆိုင်ရာကျယ်ပြန့်သော စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) ဖြင့် ထူထောင်လိုက်ပြီး အရှေ့အာရှ စက်မှုနှင့် ကုန်စည်ဖြန့်ချိရေးကွင်းဆက်နှင့် အကျိုးစီးပွားများကို မြှင့်တင်ကြောင်း ပြောခဲ့ပါတယ်။

ထိုနောက် ဝမ်က အဆိုပြုချက် ၄ ခုတင်ပြခဲ့ပါတယ်။

ပထမအချက်မှာ အရှေ့တောင်အာရှ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံတင်ပြချက်ဖြစ်ပါတယ်။ ဝမ်က ASEAN အပေါင်း ၃ ပူးပေါင်းဆောင်ရွက်ရေး နောက်ထပ်  ၅ နှစ်ကာလအတွက် လမ်းညွှန်များချမှတ်ရန်နှင့် အနာဂတ်ပိုမိုပူးပေါင်းဆောင်ရွက်ရေးကို ထောက်ခံကြောင်း သူက ပြောပါတယ်။

ဒုတိယအချက်မှာ ဒေသတွင်း စီးပွားရေး ပေါင်းစည်းရေးဖြစ်ပါတယ်။ တရုတ်သည် ထိုဒေသတွင်းစာချုပ် အကောင်အထည်ဖေါ်ရာတွင် အဖွဲ့ဝင်များ စွမ်းရည် မြှင့်တင်ရေးအတွက် ASEAN-တရုတ် ပူးပေါင်ဆောင်ရွက်ရေး ရန်ပုံငွေမှ RCEP ပူးပေါင်းဆောင်ရွက်မှုအတွက် အထူးအလှူငွေများ ထူထောင်ရန် စိတ်အားထက်သန်ကြောင်း သူက ပြောခဲ့ပါတယ်။

တတိယအချက်မှာ အကျပ်အတည်း ဖြေရှင်းရေး စွမ်းရည်မြှင့်တင်ရေးဖြစ်ပါတယ်။ တရုတ်သည် ASEAN အပေါင်း ၃ အရေးပေါ်ဆေးဝါးသိုလှောင်ရေးဌာန ထူထောင်ရန်နှင့် သဘာဝဘေးအန္တရာယ် ဝန်ကြီးအဆင့် ယန္တရား ထူထောင်ရေးနှင့် ရရှိနိုင်သောဆေးဝါးစာရင်းကို အမြန်ဆုံးပေးမည်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

စတုတ္ထအချက်မှာ ဒေသတွင်းပြောင်းလဲရေးနှင့် တိုးတက်မှုဖြစ်ပါတယ်။ ဝမ်က ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံ၊ အီးကေားမာ့စ်နှင့် စမတ်စီးတီးများထူထောင်ရေးအတွက် ပိုမို ပူးပေါင်းဆောင်ရွက်ရေးကို အဆိုပြုပြီး စိမ်းလန်းသော တိုးတက်မှုအတွက် ကာဗွန်ပူးပေါင်းဆောင်ရွက်မှုနှင့်ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ပူးပေါင်း ဆောင်ရွက်မှုကို အဆိုပြုခဲ့ပါတယ်။

Linko

Ref:CMG