【 နိုင်ငံတကာ 】ဖမ်းဆီးခံအမေရိကန်နိုင်ငံသားနှစ်ဦးကို ပြန်ခေါ်ရန် ရုရှားသို့ အမေရိကန် ကမ်းလှမ်း

【 နိုင်ငံတကာ 】ဖမ်းဆီးခံအမေရိကန်နိုင်ငံသားနှစ်ဦးကို ပြန်ခေါ်ရန် ရုရှားသို့ အမေရိကန် ကမ်းလှမ်း  

ဘိုင်ဒင်အစိုးရသည် ရုရှားမှ အမေရိကန် အကျဉ်းသားနှစ်ဦးကို အိမ်ပြန်ခေါ်ဆောင်ရန် ကြီးမားသော ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။
မော်စကိုအနေဖြင့် အမေရိကန်တွင် ပြစ်ဒဏ်ချမှတ်ခံထားရသော ရုရှားလက်နက်ရောင်း ဝယ်ဖောက်ကား သူ ဗစ်တာဗောက် (Viktor Bout )အတွက် အမေရိကန်ဘတ်စကက်ဘောအကျော်အမော် ဘရစ်တနီဂရီနာ (Brittney Griner) နှင့် အလဲအလှယ် လုပ်ရန် စိတ်ဝင်စားနေကြောင်း သတင်းများက ဖော်ပြခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ လာမယ့်အပတ်မှာ ဒီကိစ္စကို ဆွေးနွေးမယ်လို့ ပြောပါတယ်။ ဘလက်ကန်နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗက်ဗေရော့မှာ ယူကရိန်းစစ်ပွဲစတင်ကတည်းက စကားမပြောခဲ့ကြပေ။
နိုင်ငံခြားရေးဌာန၌ သတင်းထောက်များနှင့် စကားပြောရာတွင် မစ္စတာဘလင်ကန် က အဆိုပြုထားသော လဲလှယ်မှုအသေးစိတ်ကို မဖော်ပြနိုင်ဟု ပြောကြားခဲ့ပါတယ်။
CNN ၏အဆိုအရအမေရိကန်သည် မစ္စ ဂရီနာ နှင့်အမေရိကန်အကျဉ်းသား ပေါလ်ဝီလန် (Paul Whelan )အတွက် ဘေက်နှင့် လဲလှယ်ရန်မျှော်လင့်ထားတယ်ဆိုပါတယ်။
Linko
 
Ref:BBC

ဝါရှင်တန်၊ ဇူလိုင် ၂၈