၂၂ ဦးသေဆုံးခဲ့ရသည့် ဒါကာကဖေးဆိုင်တိုက်ခိုက်မှု အစ္စလာမ်စစ်သွေးကြွ ၇ ဦးကိုသေဒဏ်ချ

၂၂ ဦးသေဆုံးခဲ့ရသည့် ဒါကာကဖေးဆိုင်တိုက်ခိုက်မှု အစ္စလာမ်စစ်သွေးကြွ ၇ ဦးကိုသေဒဏ်ချ

နိုင်ငံခြားသားအများစုပါဝင်သည့် ၂၀၁၆ ခုနှစ် ဒါကာကဖေးဆိုင်တိုက်ခိုက်မှုတွင်ပါဝင်ခဲ့သည့် အစ္စလာမ်အစွန်းရောက်တိုက်ခိုက်ရေးသမား ၅၇ ဦးကို  ဘင်္ဂလားဒေ့ရှ်တရားရုံးက သေဒဏ်ချမှတ်ခဲ့ပါတယ်။

အဆိုပါတိုက်ခိုက်သတ်ဖြတ်မှုမှာ ဒါကာမြို့ လမ်းမဘေးရှိ Holey Artisan ကော်ဖီဆိုင်ကို အမျိုးသားငါးဦးက စီးနင်းဓားစာခံလုပ်ကာ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါတိုက်ခိုက်မှုအတွက် လူ ၈ ဦးကို တိုက်ခိုက်သူများအားလက်နက်ထောက်ပံ့မှုအတွက် ရုံးတင်စစ်ဆေးခဲ့ရာမှာ တစ်ဦးကို မခိုင်လုံတဲ့ အတွက် ပြန်လွှတ်ခဲ့ပါတယ်။

လူ၂၂ ဦးသေဆုံးခဲ့သည့် ကဖေးဆိုင် တိုက်ခိုက်မှုမှာ ၁၂ နာရီကြာမြင့်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်သမိုင်းတစ်လျှောက် အသေအပျောက် အများဆုံး အကြမ်းဖက် တိုက်ခိုက်ခံရမှုဖြစ်ပါတယ်။ သေဆုံးသူ ဓားစာခံအများစုမှာ ဂျပန်နိုင်ငံသားများနှင့် အီတလီနိုင်ငံသားတွေလို့ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုအတွက် အိုင်အက်စ်အုပ်စုက ၎င်းတို့လက်ချက်ဟု ဝန်ခံခဲ့ပေမယ့် ဘင်္ဂလားဒေ့ရှ့် အာဏာပိုင်များက ထိုအချက်ကိုငြင်းဆိုကာ ဒေသတွင်းရှိ စစ်သွေးကြွလက်နက်ကိုင်တွေမှာသာ တာဝန်ရှိတယ်လို့ ပြောခဲ့ပါတယ်။

အဆိုပါတိုက်ခိုက်ခံရမှုအပြီးမှာတော့ ဘင်္ဂလားဒေ့ရှ့်အာဏာပိုင်များက စစ်သွေးကြလက်နက်ကိုင်များဖြင့် မတည်မငြိမ်ဖြစ်နေသည့် ဒေသများ တွင် စစ်တပ်ဖြင့် ပြင်းပြင်းထန်ထန် နှိမ်နှင်းခဲ့ပါတယ်။

ယခုပြစ်ဒဏ်ချမှုအတွက် အစိုးရရှေ့နေက သတင်းမီဒီယာတွေကိုပြောခဲ့ရာမှာတော့ “ သူတို့ကို တရားရုံးက အမြင့်ဆုံးပြစ်ဒဏ်ချခဲ့တယ်” လို့ ပြောခဲ့ပါတယ်။

Linko
Ref:BBC
ဒါကာ၊နိုဝင်ဘာ ၂၇

(  Zawgyi  )

 ႏိုင္ငံျခားသားအမ်ားစုပါဝင္သည့္ ၂၀၁၆ ခုႏွစ္ ဒါကာကေဖးဆိုင္တိုက္ခိုက္မႈတြင္ပါဝင္ခဲ့သည့္ အစၥလာမ္အစြန္းေရာက္တိုက္ခိုက္ေရးသမား ၅၇ ဦးကို  ဘဂၤလားေဒ့ရွ္တရား႐ုံးက ေသဒဏ္ခ်မွတ္ခဲ့ပါတယ္။

အဆိုပါတိုက္ခိုက္သတ္ျဖတ္မႈမွာ ဒါကာၿမိဳ႕ လမ္းမေဘးရွိ Holey Artisan ေကာ္ဖီဆိုင္ကို အမ်ိဳးသားငါးဦးက စီးနင္းဓားစာခံလုပ္ကာ တိုက္ခိုက္ ခဲ့ျခင္းျဖစ္ပါတယ္။အဆိုပါတိုက္ခိုက္မႈအတြက္ လူ ၈ ဦးကို တိုက္ခိုက္သူမ်ားအားလက္နက္ေထာက္ပံ့မႈအတြက္ ႐ုံးတင္စစ္ေဆးခဲ့ရာမွာ တစ္ဦးကို မခိုင္လုံတဲ့ အတြက္ ျပန္လႊတ္ခဲ့ပါတယ္။

လူ၂၂ ဦးေသဆုံးခဲ့သည့္ ကေဖးဆိုင္ တိုက္ခိုက္မႈမွာ ၁၂ နာရီၾကာျမင့္ခဲ့ၿပီး ဘဂၤလားေဒ့ရွ္သမိုင္းတစ္ေလွ်ာက္ အေသအေပ်ာက္ အမ်ားဆုံး အၾကမ္းဖက္ တိုက္ခိုက္ခံရမႈျဖစ္ပါတယ္။ ေသဆုံးသူ ဓားစာခံအမ်ားစုမွာ ဂ်ပန္ႏိုင္ငံသားမ်ားႏွင့္ အီတလီႏိုင္ငံသားေတြလို႔ဆိုပါတယ္။

အဆိုပါတိုက္ခိုက္မႈအတြက္ အိုင္အက္စ္အုပ္စုက ၎တို႔လက္ခ်က္ဟု ဝန္ခံခဲ့ေပမယ့္ ဘဂၤလားေဒ့ရွ႕္ အာဏာပိုင္မ်ားက ထိုအခ်က္ကိုျငင္းဆိုကာ ေဒသတြင္းရွိ စစ္ေသြးႂကြလက္နက္ကိုင္ေတြမွာသာ တာဝန္ရွိတယ္လို႔ ေျပာခဲ့ပါတယ္။

အဆိုပါတိုက္ခိုက္ခံရမႈအၿပီးမွာေတာ့ ဘဂၤလားေဒ့ရွ႕္အာဏာပိုင္မ်ားက စစ္ေသြးၾကလက္နက္ကိုင္မ်ားျဖင့္ မတည္မၿငိမ္ျဖစ္ေနသည့္ ေဒသမ်ား တြင္ စစ္တပ္ျဖင့္ ျပင္းျပင္းထန္ထန္ ႏွိမ္ႏွင္းခဲ့ပါတယ္။

ယခုျပစ္ဒဏ္ခ်မႈအတြက္ အစိုးရေရွ႕ေနက သတင္းမီဒီယာေတြကိုေျပာခဲ့ရာမွာေတာ့ “ သူတို႔ကို တရား႐ုံးက အျမင့္ဆုံးျပစ္ဒဏ္ခ်ခဲ့တယ္” လို႔ ေျပာခဲ့ပါတယ္။

Linko
Ref:BBC
ဒါကာ၊ႏိုဝင္ဘာ ၂၇