သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့သည့် မြောက်ဒါကိုတာပြည်နယ်အတွက် သမ္မတထရမ့်က အရေးပေါ် အကူအညီပေးမည်

သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့သည့် မြောက်ဒါကိုတာပြည်နယ်အတွက် သမ္မတထရမ့်က အရေးပေါ် အကူအညီပေးမည်

အမေရိကန်ပြည်ထောင်စု၊ မြောက်ဒါကိုတာပြည်နယ်အုပ်ချုပ်ရေးမှူး ဒေါက်ဘာဂမ်က အောက်တိုဘာလအတွင်းဖြစ်ပွားခဲ့သည့် နှင်းမုန်တိုင်းကြောင့် ရေကြီးမှုများ ဖြစ်ပေါ်ပြီး ပြည်နယ်အတွင်း ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ခြင်းကို  အရေးပေါ် အခြေအနေတစ်ရပ်အဖြစ် ကြေညာပေးရန် တောင်းဆိုမှုကို သမ္မတဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၂၁ ရက်တွင် သဘောတူခွင့်ပြုလိုက်ပါတယ်။

ယခုကဲ့သို့ ခွင့်ပြုလိုက်ခြင်းကြောင့် မြောက်ဒါကိုတာရှိ နယ်မြေများနှင့် စီရင်စုများတွင် အခြေခံအဆောက်အဦ နှင့်လမ်းပျက်စီးမှုများကို ပြည်ထောင်စုအရေးပေါ်အခြေအနေစီမံခန့်ခွဲရေးအေဂျင်စီမှ ဘဏ္ဍာငွေများဖြင့် ပြုပြင်နိုင်မှာ ဖြစ်ပါတယ်။အခြေခံအဆောက်အဦ ပျက်စီးမှုတန်ဖိုး ဒေါ်လာ ၉ ဒသမ ၇ သန်းထိ ရှိခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ဘာဂမ်က ဒီဇင်ဘာလအတွင်း တင်ပြတောင်းခဲ့ပါ တယ်။

ဇန်နဝါရီ ၂၁ ရက်က ထုတ်ပြန်လိုက်သည့် ခွင့်ပြုချက်တွင် စီရင်စု ၁၆ခု၌ ပြုပြင်မှုများကို လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။“ပျက်စီးသွားတာတွေကို ပြင်ဆင်ဖို့နဲ့ နောင်နှစ်တွေမှာလည်း ရေကြီးတာတွေကို ကာကွယ်နိုငဖို့ အခုလို ခွင့်ပြုလိုက်တဲ့ သမ္မတထရမ့်နဲ့ ပြည်ထောင်စုအရေးပေါ်အခြေအနေစီမံခန့်ခွဲရေးအေဂျင်စီကို အများကြီး ကျေးဇူးတင်ပါတယ်” ဟု ဘာဂမ်က ပြောပါတယ်။ စိုက်ပျိုးရေးဝန်ကြီးဆွန်နီပါဒူးကလည်း ရေလွှမ်းမိုးမှု ဒဏ်ကြုံတွေ့ခဲ့ရသည့် စီရင်စု ၄၇ ခု ရှိ လယ်သမားများနှင့် မွေးမြူရေးသမား များအတွက် နိုဝင်ဘာလအ တွင်းက ထောက်ပံ့ငွေ ခွင့်ပြုခဲ့ပါတယ်။

Linko
Ref: Inforum
ဘစ်မာရက်၊ ဇန်နဝါရီ ၂၂

(  Zawgyi  )

 အေမရိကန္ျပည္ေထာင္စု၊ ေျမာက္ဒါကိုတာျပည္နယ္အုပ္ခ်ဳပ္ေရးမႉး ေဒါက္ဘာဂမ္က ေအာက္တိုဘာလအတြင္းျဖစ္ပြားခဲ့သည့္ ႏွင္းမုန္တိုင္းေၾကာင့္ ေရႀကီးမႈမ်ား ျဖစ္ေပၚၿပီး ျပည္နယ္အတြင္း ပ်က္စီးမႈမ်ား ျဖစ္ေပၚခဲ့ျခင္းကို  အေရးေပၚ အေျခအေနတစ္ရပ္အျဖစ္ ေၾကညာေပးရန္ ေတာင္းဆိုမႈကို သမၼတေဒၚနယ္ထရမ့္က ဇန္နဝါရီ ၂၁ ရက္တြင္ သေဘာတူခြင့္ျပဳလိုက္ပါတယ္။

ယခုကဲ့သို႔ ခြင့္ျပဳလိုက္ျခင္းေၾကာင့္ ေျမာက္ဒါကိုတာရွိ နယ္ေျမမ်ားႏွင့္ စီရင္စုမ်ားတြင္ အေျခခံအေဆာက္အဦ ႏွင့္လမ္းပ်က္စီးမႈမ်ားကို ျပည္ေထာင္စုအေရးေပၚအေျခအေနစီမံခန႔္ခြဲေရးေအဂ်င္စီမွ ဘ႑ာေငြမ်ားျဖင့္ ျပဳျပင္ႏိုင္မွာ ျဖစ္ပါတယ္။အေျခခံအေဆာက္အဦ ပ်က္စီးမႈတန္ဖိုး ေဒၚလာ ၉ ဒသမ ၇ သန္းထိ ရွိခဲ့ေၾကာင္း ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး ဘာဂမ္က ဒီဇင္ဘာလအတြင္း တင္ျပေတာင္းခဲ့ပါ တယ္။

ဇန္နဝါရီ ၂၁ ရက္က ထုတ္ျပန္လိုက္သည့္ ခြင့္ျပဳခ်က္တြင္ စီရင္စု ၁၆ခု၌ ျပဳျပင္မႈမ်ားကို လုပ္ေဆာင္သြားရမွာ ျဖစ္ပါတယ္။“ပ်က္စီးသြားတာေတြကို ျပင္ဆင္ဖို႔နဲ႔ ေနာင္ႏွစ္ေတြမွာလည္း ေရႀကီးတာေတြကို ကာကြယ္ႏိုငဖို႔ အခုလို ခြင့္ျပဳလိုက္တဲ့ သမၼတထရမ့္နဲ႔ ျပည္ေထာင္စုအေရးေပၚအေျခအေနစီမံခန႔္ခြဲေရးေအဂ်င္စီကို အမ်ားႀကီး ေက်းဇူးတင္ပါတယ္” ဟု ဘာဂမ္က ေျပာပါတယ္။ စိုက္ပ်ိဳးေရးဝန္ႀကီးဆြန္နီပါဒူးကလည္း ေရလႊမ္းမိုးမႈ ဒဏ္ႀကဳံေတြ႕ခဲ့ရသည့္ စီရင္စု ၄၇ ခု ရွိ လယ္သမားမ်ားႏွင့္ ေမြးျမဴေရးသမား မ်ားအတြက္ ႏိုဝင္ဘာလအ တြင္းက ေထာက္ပံ့ေငြ ခြင့္ျပဳခဲ့ပါတယ္။

Linko
Ref: Inforum
ဘစ္မာရက္၊ ဇန္နဝါရီ ၂၂