ဝူဟန်ဗိုင်းရပ်စ် တရုတ်နိုင်ငံတွင် ကူးစက်ခံရသူ ၄၅၀၀ ရှိပြီး နိုင်ငံပြင်ပတွင် ၄၅ ဦးကူးစက်ခံရဟု တရုတ်အာဏာပိုင်များအတည်ပြု

ဝူဟန်ဗိုင်းရပ်စ် တရုတ်နိုင်ငံတွင် ကူးစက်ခံရသူ ၄၅၀၀ ရှိပြီး နိုင်ငံပြင်ပတွင် ၄၅ ဦးကူးစက်ခံရဟု တရုတ်အာဏာပိုင်များအတည်ပြု

ဝူဟန်မြို့တွင် စတင်ခဲ့သည့် ကော်ရိုနာဗိုင်းရပ်စ်အသစ်ကြောင့် တရုတ်နိုင်ငံတစ်ဝန်း ကူးစက်ခံရသူ ၄၅၀၀ ကျော်ရှိပြီး ၁၀၆ ဦး သေဆုံးခဲ့တယ်လို့ တရုတ်အာဏာပိုင်တွေက ယနေ့ အတည်ပြုခဲ့ပါတယ်။ ရောဂါကူး စက်ခံရသူအများစုမှာ နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှာဖြစ်ပြီး ရောဂါစတင်ရာဒီဇင်ဘာလမှာ ကူးစက်ခံရသူ တွေဖြစ်တယ်ဆိုပါတယ်။

တရုတ်နိုင်ငံပြင်ပမှ ကူးစက်ခံရသူ ၄၅ ဦးစလုံးနီးပါးမှာ မကြာခင်က ဝူဟန်မှလာရောက်သည့် တရုတ်ခရီး သွားများ၊ ဝူဟန်မြို့သို့ သွားရောက်လည်ပတ်ခဲ့သူများနှင့် ပတ်သက်ဆက်နွယ်နေတယ်လို့ ဆိုပါတယ်။

ဘေကျင်းစံတော်ချိန် အင်္ဂါနေ့နံနက်နှောင်း ပိုင်းအထိ အတည်ပြုထားတဲ့ အသေးစိတ်သတင်းအချက် အလက်များ--

- တရုတ် ပြည်မကြီး တွင်  ရောဂါကူးစက်ခံရသူ ၄၅၁၅ ဦးရှိပြီး တနင်္လာညလယ်ထိ ၂၄ နာရီအတွင်း နောက်ထပ် ရောဂါကူးစက်ခံရသူ ၁၇၇၁ ဦးရှိ။ထိုထဲတွင် ဟောင်ကောင်မှ ၈ ဦး၊မကာအိုမှ ၅ ဦးပါဝင်။

-တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေပြည်နယ်တွင် သေဆုံးသူ ၁၀၆ ဦးရှိပြီးနောက်ဆုံးတစ်ဦးမှာ ဘေကျင်းမှ ပထမဆုံး ကော်ရိုနာဗိုင်းရပ်စ် ဖြင့် သေဆုံးသူဖြစ်ပါတယ်။

- အမေရိကန်ပြည်ထောင်စုတွင်  ၅ ဦးကူးစက်ခံရ၊ ကယ်လီဖိုးနီးယားတောင်ပိုင်းတွင် ၂ ဦး၊ ဝါရှင်တန် ၊ချီကာဂိုနှင့် အရီဇိုးနားတွင် ၁ ဦး စီ။

- ထိုင်း - ၈ ဦး၊
- သြစတြေးလျ - ၅ ဦး၊
- စင်ကာပူ ၅ ဦး၊
- တောင်ကိုရီးယား ၄ ဦး၊
- ဂျပန် - ၄ ဦး၊
- မလေးရှား ၄ ဦး၊
- ပြင်သစ် - ၃ ဦး၊
- ထိုင်ဝမ် ၃ ဦး၊
- ဗီယက်နမ် - ၂ ဦး၊
- ကနေဒါ - ၂ ဦး၊
- နီပေါ - ၁ ဦး၊
- ကမ္ဘောဒီးယား - ၁ ဦး၊
- သီရိလင်္ကာ- ၁ ဦး၊
-ဂျာမနီ -၁ ဦး၊

Linko
Ref:AP
ဘေကျင်း၊ ဇန်နဝါရီ ၂၈ 

(  Zawgyi  )

 ဝူဟန္ၿမိဳ႕တြင္ စတင္ခဲ့သည့္ ေကာ္႐ိုနာဗိုင္းရပ္စ္အသစ္ေၾကာင့္ တ႐ုတ္ႏိုင္ငံတစ္ဝန္း ကူးစက္ခံရသူ ၄၅၀၀ ေက်ာ္ရွိၿပီး ၁၀၆ ဦး ေသဆုံးခဲ့တယ္လို႔ တ႐ုတ္အာဏာပိုင္ေတြက ယေန႔ အတည္ျပဳခဲ့ပါတယ္။ ေရာဂါကူး စက္ခံရသူအမ်ားစုမွာ ႏိုင္ငံအလယ္ပိုင္း ဝူဟန္ၿမိဳ႕မွာျဖစ္ၿပီး ေရာဂါစတင္ရာဒီဇင္ဘာလမွာ ကူးစက္ခံရသူ ေတြျဖစ္တယ္ဆိုပါတယ္။

တ႐ုတ္ႏိုင္ငံျပင္ပမွ ကူးစက္ခံရသူ ၄၅ ဦးစလုံးနီးပါးမွာ မၾကာခင္က ဝူဟန္မွလာေရာက္သည့္ တ႐ုတ္ခရီး သြားမ်ား၊ ဝူဟန္ၿမိဳ႕သို႔ သြားေရာက္လည္ပတ္ခဲ့သူမ်ားႏွင့္ ပတ္သက္ဆက္ႏြယ္ေနတယ္လို႔ ဆိုပါတယ္။

ေဘက်င္းစံေတာ္ခ်ိန္ အဂၤါေန႔နံနက္ေႏွာင္း ပိုင္းအထိ အတည္ျပဳထားတဲ့ အေသးစိတ္သတင္းအခ်က္ အလက္မ်ား--

- တ႐ုတ္ ျပည္မႀကီး တြင္  ေရာဂါကူးစက္ခံရသူ ၄၅၁၅ ဦးရွိၿပီး တနလၤာညလယ္ထိ ၂၄ နာရီအတြင္း ေနာက္ထပ္ ေရာဂါကူးစက္ခံရသူ ၁၇၇၁ ဦးရွိ။ထိုထဲတြင္ ေဟာင္ေကာင္မွ ၈ ဦး၊မကာအိုမွ ၅ ဦးပါဝင္။

-တ႐ုတ္ႏိုင္ငံအလယ္ပိုင္း ဟူေဘျပည္နယ္တြင္ ေသဆုံးသူ ၁၀၆ ဦးရွိၿပီးေနာက္ဆုံးတစ္ဦးမွာ ေဘက်င္းမွ ပထမဆုံး ေကာ္႐ိုနာဗိုင္းရပ္စ္ ျဖင့္ ေသဆုံးသူျဖစ္ပါတယ္။

- အေမရိကန္ျပည္ေထာင္စုတြင္  ၅ ဦးကူးစက္ခံရ၊ ကယ္လီဖိုးနီးယားေတာင္ပိုင္းတြင္ ၂ ဦး၊ ဝါရွင္တန္ ၊ခ်ီကာဂိုႏွင့္ အရီဇိုးနားတြင္ ၁ ဦး စီ။

- ထိုင္း - ၈ ဦး၊
- ၾသစေၾတးလ် - ၅ ဦး၊
- စင္ကာပူ ၅ ဦး၊
- ေတာင္ကိုရီးယား ၄ ဦး၊
- ဂ်ပန္ - ၄ ဦး၊
- မေလးရွား ၄ ဦး၊
- ျပင္သစ္ - ၃ ဦး၊
- ထိုင္ဝမ္ ၃ ဦး၊
- ဗီယက္နမ္ - ၂ ဦး၊
- ကေနဒါ - ၂ ဦး၊
- နီေပါ - ၁ ဦး၊
- ကေမာၻဒီးယား - ၁ ဦး၊
- သီရိလကၤာ- ၁ ဦး၊
-ဂ်ာမနီ -၁ ဦး၊

Linko
Ref:AP
ေဘက်င္း၊ ဇန္နဝါရီ ၂၈