စားသောက်ဆိုင်များ၌ အမျိုးသားနှင့် အမျိုးသမီးများ သီးခြားအကန့်များဖြင့် ထိုင်ရသည့် ကန့်သတ်ချက်ကို ဆော်ဒီဖျက်သိမ်း

စားသောက်ဆိုင်များ၌ အမျိုးသားနှင့် အမျိုးသမီးများ သီးခြားအကန့်များဖြင့် ထိုင်ရသည့် ကန့်သတ်ချက်ကို ဆော်ဒီဖျက်သိမ်း

စားသောက်ဆိုင်များတွင် အမျိုးသားများနှင့် အမျိုးသမီးများ သီးခြားဝင်ပေါက်များမှ ဝင်ရခြင်းနှင့် အကန့်ခွဲကာ ထိုင်ရခြင်းများကို ကန့်သတ်ထား မှုများအား ဆော်ဒီအာရေဗျအစိုးရက ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ဆယ်စုနှစ်ပေါင်းများစွာ တည်ရှိခဲ့သည့် ရှေးရိုးစွဲ ကန့်သတ်ချက်များကို ဆော်ဒီအစိုးရက ယခုအမိန့်ထုတ်ပြန်ချက် ဖြင့် ဖျက်သိမ်းလိုက်ခြင်း ဖြစ်ပါတယ်။အများပြည်သူ သွားလာရာ အရပ်တွင် ကျား/မ ခွဲခြားမှုကို အဆုံးသတ်သည့် ယခုထုတ်ပြန်ချက်ကို မြို့ပြနှင့် ကျေးလက်ရေးရာ ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်ခြင်းပဲ ဖြစ်ပါတယ်။

ကမ်းရိုးတန်းမြို့တော် ဂျီဒက်ရှိ စားသောက်ဆိုင်များနှင့် ကဖေးများ၊ ရီယတ်ရှိ အဆင့်မြင့်ဟိုတယ်များတွင် ဆွေမျိုးမတော်သည့် အမျိုးသားနှင့် အမျိုးသမီးများကို လွတ်လပ်စွာ ထိုင်ခွင့် ပြုထားပြီးဖြစ်သလို အစိုးရ၏ ယခုထုတ်ပြန်ချက်သည် ယခင်က ဘာသာရေးအရ လိုအပ်ချက်တစ်ရပ်ဟု သတ်မှတ်သည့် ထုံးတမ်းစဉ်လာကို ပယ်ဖျက်လိုက်ခြင်းပဲ ဖြစ်ပါတယ်။သို့သော် ဆွေမျိုးမတော်သည့် အမျိုးသားများနှင် အမျိုးသမီးများကို အခြားအများပြည်သူ သွားလာသည့် နေရာတွင် ရောနှောနေထိုင်ခွင့်ကို ကန့်သတ်ထားဆဲ ဖြစ်ပါတယ်။

အစိုးရကျောင်းများနှင့် နိုင်ငံပိုင်တက္ကသိုလ်အများစုအပြင် မင်္ဂလာဆောင် အခမ်းအနားအများစုတွင်လည်း ကျား/မ သီးသန့် ခွဲခြားထားပါတယ်။ အနောက်နိုင်ငံများမှ လာရောက်သည့် Starbucks ကဲ့သို့ ကော်ဖီဆိုင်များနှင့် စားသောက်ဆိုင်များတွင် မိမိတို့ သဘောအလျောက် ထိုင်လိုသည့် အမျိုးသမီးများနှင့် အမျိုးသားဆွေမျိုးပါလာသည့် အမျိုးသမီးများအတွက် မိသားစု သီးသန့်နေရာများကို ထားရှိပြီး အမျိုးသားများအတွက် လူလွတ်များ နေရာကို သတ်မှတ်ပေးထားပါတယ်။

ဆိုင်အများစုတွင် အမျိုးသမီးများအတွက် သီးခြားဝင်ပေါက်များ ထားရှိသလို အမျိုးသမီးများက လူလွတ်အမျိုးသားများကို မမြင်နိုင်သည့် သီးခြားအကန့်နှင့် မိသားစုအခန်းများရှိပါတယ်။သီးသန့် ပိုင်းခြားထားခြင်း မရှိသည့် စားသောက်ဆိုင်ငယ်များတွင် အမျိုးသမီးများကို ဝင်ခွင့် ပြုမထားပေ။မကြာသေးမီနှစ်များက ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆလမ်က လူမှုဘဝပုံစံ ပြုပြင်ပြောင်းလဲမှု များ လုပ်ဆောင် ခဲ့သောကြောင့် အမျိုးသမီးများနှင့် အမျိုးသားများသည် ယခုအခါ ဂီတဖျော်ဖြေပွဲများနှင့် ရုပ်ရှင်ရုံများ တွင် အတူကြည့်နိုင်ပြီ ဖြစ်သည်။

အများပြည်သူ သွားလာရာနေရာတွင် ကျား/မ ခွဲခြားခြင်းကဲ့သို့ ရှေးရိုးစွဲ လူမှုဘဝနေထိုင်မှုပုံစံများအား တားမြစ် ရသည့် ဘာသာရေးရဲများ၏ လုပ်ပိုင်ခွင့်များကိုလည်း အိမ်ရှေ့မင်းသားက ကန့်သတ်လိုက်ပါတယ်။လွန်ခဲ့သည့် ၂ နှစ်မှစ၍ အမျိုးသမီးများအနေဖြင့် အားကစားရုံများတွင် မိသားစုကြည့်ရှုရန်နေရာ၌ ကြည့်နိုင်ခဲ့သလို မိန်းကလေးများကိုလည်း ကျောင်းများတွင် ကာယလေ့ကျင့်ခန်းနှင့် အားကစားများ ပြုလုပ်ခွင့် ပေးခဲ့ပါတယ်။

ယခုနှစ် ဩဂုတ်လမှစတင်၍ အမျိုးသားများနှင့် အမျိုးသမီးများကို နိုင်ငံကူးလက်မှတ် သီးခြားလျှောက်ခွင့် ပြုခဲ့ပြီး အမျိုးသမီးများ လွပ်လပ်စွာ ခရီးသွားလာခွင့်ကိုလည်း ခွင့်ပြုပေးလိုက်ပါတယ်။

Linko
Ref:ITV.com
ရီယာဒ်၊ဒီဇင်ဘာ ၉

(  Zawgyi  )

 စားေသာက္ဆိုင္မ်ားတြင္ အမ်ိဳးသားမ်ားႏွင့္ အမ်ိဳးသမီးမ်ား သီးျခားဝင္ေပါက္မ်ားမွ ဝင္ရျခင္းႏွင့္ အကန႔္ခြဲကာ ထိုင္ရျခင္းမ်ားကို ကန႔္သတ္ထား မႈမ်ားအား ေဆာ္ဒီအာေရဗ်အစိုးရက ႐ုပ္သိမ္းလိုက္ၿပီ ျဖစ္ပါတယ္။ဆယ္စုႏွစ္ေပါင္းမ်ားစြာ တည္ရွိခဲ့သည့္ ေရွး႐ိုးစြဲ ကန႔္သတ္ခ်က္မ်ားကို ေဆာ္ဒီအစိုးရက ယခုအမိန႔္ထုတ္ျပန္ခ်က္ ျဖင့္ ဖ်က္သိမ္းလိုက္ျခင္း ျဖစ္ပါတယ္။အမ်ားျပည္သူ သြားလာရာ အရပ္တြင္ က်ား/မ ခြဲျခားမႈကို အဆုံးသတ္သည့္ ယခုထုတ္ျပန္ခ်က္ကို ၿမိဳ႕ျပႏွင့္ ေက်းလက္ေရးရာ ဝန္ႀကီးဌာနက ထုတ္ျပန္ေၾကညာလိုက္ျခင္းပဲ ျဖစ္ပါတယ္။

ကမ္း႐ိုးတန္းၿမိဳ႕ေတာ္ ဂ်ီဒက္ရွိ စားေသာက္ဆိုင္မ်ားႏွင့္ ကေဖးမ်ား၊ ရီယတ္ရွိ အဆင့္ျမင့္ဟိုတယ္မ်ားတြင္ ေဆြမ်ိဳးမေတာ္သည့္ အမ်ိဳးသားႏွင့္ အမ်ိဳးသမီးမ်ားကို လြတ္လပ္စြာ ထိုင္ခြင့္ ျပဳထားၿပီးျဖစ္သလို အစိုးရ၏ ယခုထုတ္ျပန္ခ်က္သည္ ယခင္က ဘာသာေရးအရ လိုအပ္ခ်က္တစ္ရပ္ဟု သတ္မွတ္သည့္ ထုံးတမ္းစဥ္လာကို ပယ္ဖ်က္လိုက္ျခင္းပဲ ျဖစ္ပါတယ္။သို႔ေသာ္ ေဆြမ်ိဳးမေတာ္သည့္ အမ်ိဳးသားမ်ားႏွင္ အမ်ိဳးသမီးမ်ားကို အျခားအမ်ားျပည္သူ သြားလာသည့္ ေနရာတြင္ ေရာေႏွာေနထိုင္ခြင့္ကို ကန႔္သတ္ထားဆဲ ျဖစ္ပါတယ္။

အစိုးရေက်ာင္းမ်ားႏွင့္ ႏိုင္ငံပိုင္တကၠသိုလ္အမ်ားစုအျပင္ မဂၤလာေဆာင္ အခမ္းအနားအမ်ားစုတြင္လည္း က်ား/မ သီးသန႔္ ခြဲျခားထားပါတယ္။ အေနာက္ႏိုင္ငံမ်ားမွ လာေရာက္သည့္ Starbucks ကဲ့သို႔ ေကာ္ဖီဆိုင္မ်ားႏွင့္ စားေသာက္ဆိုင္မ်ားတြင္ မိမိတို႔ သေဘာအေလ်ာက္ ထိုင္လိုသည့္ အမ်ိဳးသမီးမ်ားႏွင့္ အမ်ိဳးသားေဆြမ်ိဳးပါလာသည့္ အမ်ိဳးသမီးမ်ားအတြက္ မိသားစု သီးသန႔္ေနရာမ်ားကို ထားရွိၿပီး အမ်ိဳးသားမ်ားအတြက္ လူလြတ္မ်ား ေနရာကို သတ္မွတ္ေပးထားပါတယ္။

ဆိုင္အမ်ားစုတြင္ အမ်ိဳးသမီးမ်ားအတြက္ သီးျခားဝင္ေပါက္မ်ား ထားရွိသလို အမ်ိဳးသမီးမ်ားက လူလြတ္အမ်ိဳးသားမ်ားကို မျမင္ႏိုင္သည့္ သီးျခားအကန႔္ႏွင့္ မိသားစုအခန္းမ်ားရွိပါတယ္။သီးသန႔္ ပိုင္းျခားထားျခင္း မရွိသည့္ စားေသာက္ဆိုင္ငယ္မ်ားတြင္ အမ်ိဳးသမီးမ်ားကို ဝင္ခြင့္ ျပဳမထားေပ။မၾကာေသးမီႏွစ္မ်ားက ေဆာ္ဒီအိမ္ေရွ႕မင္းသား မိုဟာမက္ဘင္ဆလမ္က လူမႈဘဝပုံစံ ျပဳျပင္ေျပာင္းလဲမႈ မ်ား လုပ္ေဆာင္ ခဲ့ေသာေၾကာင့္ အမ်ိဳးသမီးမ်ားႏွင့္ အမ်ိဳးသားမ်ားသည္ ယခုအခါ ဂီတေဖ်ာ္ေျဖပြဲမ်ားႏွင့္ ႐ုပ္ရွင္႐ုံမ်ား တြင္ အတူၾကည့္ႏိုင္ၿပီ ျဖစ္သည္။

အမ်ားျပည္သူ သြားလာရာေနရာတြင္ က်ား/မ ခြဲျခားျခင္းကဲ့သို႔ ေရွး႐ိုးစြဲ လူမႈဘဝေနထိုင္မႈပုံစံမ်ားအား တားျမစ္ ရသည့္ ဘာသာေရးရဲမ်ား၏ လုပ္ပိုင္ခြင့္မ်ားကိုလည္း အိမ္ေရွ႕မင္းသားက ကန႔္သတ္လိုက္ပါတယ္။လြန္ခဲ့သည့္ ၂ ႏွစ္မွစ၍ အမ်ိဳးသမီးမ်ားအေနျဖင့္ အားကစား႐ုံမ်ားတြင္ မိသားစုၾကည့္ရႈရန္ေနရာ၌ ၾကည့္ႏိုင္ခဲ့သလို မိန္းကေလးမ်ားကိုလည္း ေက်ာင္းမ်ားတြင္ ကာယေလ့က်င့္ခန္းႏွင့္ အားကစားမ်ား ျပဳလုပ္ခြင့္ ေပးခဲ့ပါတယ္။

ယခုႏွစ္ ဩဂုတ္လမွစတင္၍ အမ်ိဳးသားမ်ားႏွင့္ အမ်ိဳးသမီးမ်ားကို ႏိုင္ငံကူးလက္မွတ္ သီးျခားေလွ်ာက္ခြင့္ ျပဳခဲ့ၿပီး အမ်ိဳးသမီးမ်ား လြပ္လပ္စြာ ခရီးသြားလာခြင့္ကိုလည္း ခြင့္ျပဳေပးလိုက္ပါတယ္။

Linko
Ref:ITV.com
ရီယာဒ္၊ဒီဇင္ဘာ ၉