ဂျပန်ဧကရာဇ်သစ် နာရူဟီတို နန်းတက်ပွဲအခမ်းအနား ကျင်းပ

ဂျပန်ဧကရာဇ်သစ် နာရူဟီတို နန်းတက်ပွဲအခမ်းအနား ကျင်းပ

ဒီကနေ့ အောက်တိုဘာ ၂၂ ရက်နေ့ ဂျပန်နိုင်ငံမှာ ဧကရာဇ် နာရူဟီတို ရဲ့ နန်းတက်ပွဲအခမ်းအနား ကျင်းပနေတယ်လို့ သိရပါတယ်။

အခုဆိုရင် နာရူဟီတိုဟာ ဂျပန်နိုင်ငံရဲ့ ၁၂၆ ယောက်မြောက် ဧကရာဇ်ဘုရင် ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

နန်းတက်ပွဲကျင်းပစဉ် ဧကရာဇ် နာရူဟီတို က သူ့အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ အုပ်ချုပ်မှာဖြစ်ပြီး၊ တိုင်းပြည်ရဲ့ ပြယုဂ်ဖြစ်တာနဲ့အညီ ပြည်သူလူထု စည်းလုံးညီညွတ်ရေး မိမိတာဝန်ဝတ္တရားတွေကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမယ်လို့ တိုင်တည်ခဲ့ပါတယ်။

မိမိတို့ ဂျပန်နိုင်ငံအနေနဲ့လည်း နိုင်ငံတကာနဲ့ ချစ်ကြည်ရင်းနှီးမှုနဲ့ ငြိမ်းချမ်းရေးမှာ ရှေ့ဆက်ပါဝင် ဆောင်ရွက်မှာဖြစ်သလို၊ ပြည်သူ့အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက်သွားမယ်လို့လည်း ဧကရာဇ် နာရူဟီတို က ပြောကြားခဲ့ပါတယ်။

အသက် ၅၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နာရူဟီတိုဟာ ခမည်းတော် အကီဟီတို အသက်အရွယ်ကြောင့် ထီးနန်းစွန့်ခဲ့ပြီးနောက်ပိုင်း ပြီးခဲ့တဲ့မေလ ၁ ရက်နေ့ကတည်းက ဆက်ခံသူဖြစ်လာခဲ့တာပါ။ဒီကနေ့မှာတော့ ဂျပန်ရှေးရိုးရာအစဉ်အလာနဲ့အညီ တရားဝင်နန်းတက်ပွဲ ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ရှေးရိုးအစဉ်အလာအတိုင်း ကျင်းပတဲ့ နန်းတက်ပွဲမှာ ဂျပန်ဧကရာဇ် နာရူဟီတို ကို အမြင့်ပေ ၆.၅ မီတာရှိတဲ့ ဂန္ဓမာရာဇပလ္လင်ထက်မှာ လိမ္မော်ရောင်နန်းတက်ဝတ်စုံနဲ့ ခန့်ညားထည်ဝါစွာ တွေ့မြင်ခဲ့ရပါတယ်။သူ့နဘေးက သီးခြားပလ္လင်ထက်မှာတော့ မိဖုရား မာဆာကို ကို တွေ့မြင်ရပါတယ်။
မိဖုရား မာဆာကိုဟာ အလွှာ ၁၂ လွှာပါရှိတဲ့ ရိုးရာနန်းတက်ဝတ်စုံ ဝတ်ဆင်ထားတယ်လို့လည်း ဗဟုသုတဖြစ်ဖွယ် သိရပါတယ်။

ဒီပွဲကို ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ ကျော်က ခေါင်းဆောင်တွေနဲ့ သံတမန်တွေ တက်ရောက်ပြီး၊ အဲဒီထဲ ဂျာမနီသမ္မတ၊ ဗြိတိန် ချားလ်စ်မင်းသားနဲ့ အီးယူ နိုင်ငံခြားရေးရာ အကြီးအကဲတို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

နန်းတက်ပွဲ ကြွရောက်ချီးမြှင့်တဲ့ ပြည်ပနိုင်ငံတွေက ဘုရင့်မျိုးနွယ်တွေကို ဧကရာဇ် နာရူဟီတို ကိုယ်တိုင် တည်ခင်းဧည့်ခံမှာ ဖြစ်သလို၊ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ကလည်း ညစာတည်ခင်းဧည့်ခံမယ်လို့ သိရပါတယ်။

ရည်မွန်
တိုကျို၊ အောက်တိုဘာ - ၂၂
Ref : BBC

( Zawgyi )

ဒီကေန႔ ေအာက္တိုဘာ ၂၂ ရက္ေန႔ ဂ်ပန္ႏိုင္ငံမွာ ဧကရာဇ္ နာ႐ူဟီတို ရဲ႕ နန္းတက္ပြဲအခမ္းအနား က်င္းပေနတယ္လို႔ သိရပါတယ္။

အခုဆိုရင္ နာ႐ူဟီတိုဟာ ဂ်ပန္ႏိုင္ငံရဲ႕ ၁၂၆ ေယာက္ေျမာက္ ဧကရာဇ္ဘုရင္ ျဖစ္လာခဲ့ၿပီ ျဖစ္ပါတယ္။

နန္းတက္ပြဲက်င္းပစဥ္ ဧကရာဇ္ နာ႐ူဟီတို က သူ႔အေနနဲ႔ ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔အညီ အုပ္ခ်ဳပ္မွာျဖစ္ၿပီး၊ တိုင္းျပည္ရဲ႕ ျပယုဂ္ျဖစ္တာနဲ႔အညီ ျပည္သူလူထု စည္းလုံးညီၫြတ္ေရး မိမိတာဝန္ဝတၱရားေတြကို ျဖည့္ဆည္းေဆာင္႐ြက္ေပးသြားမယ္လို႔ တိုင္တည္ခဲ့ပါတယ္။

မိမိတို႔ ဂ်ပန္ႏိုင္ငံအေနနဲ႔လည္း ႏိုင္ငံတကာနဲ႔ ခ်စ္ၾကည္ရင္းႏွီးမႈနဲ႔ ၿငိမ္းခ်မ္းေရးမွာ ေရွ႕ဆက္ပါဝင္ ေဆာင္႐ြက္မွာျဖစ္သလို၊ ျပည္သူ႔အက်ိဳးစီးပြား ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ပါဝင္ေဆာင္႐ြက္သြားမယ္လို႔လည္း ဧကရာဇ္ နာ႐ူဟီတို က ေျပာၾကားခဲ့ပါတယ္။

အသက္ ၅၉ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ နာ႐ူဟီတိုဟာ ခမည္းေတာ္ အကီဟီတို အသက္အ႐ြယ္ေၾကာင့္ ထီးနန္းစြန႔္ခဲ့ၿပီးေနာက္ပိုင္း ၿပီးခဲ့တဲ့ေမလ ၁ ရက္ေန႔ကတည္းက ဆက္ခံသူျဖစ္လာခဲ့တာပါ။ဒီကေန႔မွာေတာ့ ဂ်ပန္ေရွး႐ိုးရာအစဥ္အလာနဲ႔အညီ တရားဝင္နန္းတက္ပြဲ က်င္းပခဲ့တာပဲ ျဖစ္ပါတယ္။ေရွး႐ိုးအစဥ္အလာအတိုင္း က်င္းပတဲ့ နန္းတက္ပြဲမွာ ဂ်ပန္ဧကရာဇ္ နာ႐ူဟီတို ကို အျမင့္ေပ ၆.၅ မီတာရွိတဲ့ ဂႏၶမာရာဇပလႅင္ထက္မွာ လိေမၼာ္ေရာင္နန္းတက္ဝတ္စုံနဲ႔ ခန႔္ညားထည္ဝါစြာ ေတြ႕ျမင္ခဲ့ရပါတယ္။သူ႔နေဘးက သီးျခားပလႅင္ထက္မွာေတာ့ မိဖုရား မာဆာကို ကို ေတြ႕ျမင္ရပါတယ္။
မိဖုရား မာဆာကိုဟာ အလႊာ ၁၂ လႊာပါရွိတဲ့ ႐ိုးရာနန္းတက္ဝတ္စုံ ဝတ္ဆင္ထားတယ္လို႔လည္း ဗဟုသုတျဖစ္ဖြယ္ သိရပါတယ္။

ဒီပြဲကို ကမာၻ႔ႏိုင္ငံေပါင္း ၁၈၀ ေက်ာ္က ေခါင္းေဆာင္ေတြနဲ႔ သံတမန္ေတြ တက္ေရာက္ၿပီး၊ အဲဒီထဲ ဂ်ာမနီသမၼတ၊ ၿဗိတိန္ ခ်ားလ္စ္မင္းသားနဲ႔ အီးယူ ႏိုင္ငံျခားေရးရာ အႀကီးအကဲတို႔လည္း ပါဝင္တယ္လို႔ သိရပါတယ္။

နန္းတက္ပြဲ ႂကြေရာက္ခ်ီးျမႇင့္တဲ့ ျပည္ပႏိုင္ငံေတြက ဘုရင့္မ်ိဳးႏြယ္ေတြကို ဧကရာဇ္ နာ႐ူဟီတို ကိုယ္တိုင္ တည္ခင္းဧည့္ခံမွာ ျဖစ္သလို၊ ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘး ကလည္း ညစာတည္ခင္းဧည့္ခံမယ္လို႔ သိရပါတယ္။

ရည္မြန္
တိုက်ိဳ၊ ေအာက္တိုဘာ - ၂၂
Ref : BBC