【 ဆောင်းပါး 】 "ပိုးမွှားမကင်းလွတ် ယနေ့သီတင်းကျွတ်"

【 ဆောင်းပါး 】 "ပိုးမွှားမကင်းလွတ် ယနေ့သီတင်းကျွတ်"

ကိုဗစ် ၁၉ ကူးစက်ကပ်ရောဂါကြောင့် ယခုနှစ်ထဲ ဘာသာရေးပွဲတော် အတော်များများဖျက်သိမ်းရ၊ မကျင်းပရတာ တစ်နှစ်ပတ်လုံးရှိတော့မည်။ဒီထဲမှာ အပျော်ကြိုက်သည့် မြန်မာလူမျိုးများသာမက တခြားသော ဘာသာဝင်များပါ ဆင်နွှဲကြသည့် သင်္ကြန်လိုပွဲတော်ကနေ သက်ဆိုင်ရာဘာသာရေးပွဲတွေအထိ ပါဝင်သည်။မိသားစုအလှူဒါနပြုတာတောင် ကူးစက်ကပ်ရောဂါဖိစီးမှုကများသဖြင့် ပြုလုပ်ခွင့်မပြုနိုင်သည်အထိ ဖြစ်ခဲ့ရသည်။ ၂၀၀၉ ဒီဇင်ဘာကနေ စခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယနေ့အချိန်ထိ သေဆုံးသူအရေအတွက်က ၁၁ သိန်းကျော်ကာ ကူးစက်ခံရသူ ၄၅ သန်းထိ ရောက်လာခဲ့ပြီဖြစ်တဲ့အတွက် နိုင်ငံတိုင်းအတွက် ဒီဘေးကို အလူးအလဲကာကွယ်ရမယ့်အခြေအနေကို ရောက်နေပါတယ်။ 

 
လူချင်းထိတွေ့ စုရုံးနေထိုင်ကြသည့် အာရှနိုင်ငံများတွင် ကိုဗစ် ၁၉ လို အသက်ရှူလမ်းကြောင်းကနေတစ်ဆင့် ကူးစက်တတ်သည့်ရောဂါမျိုးက သေမင်းတမန်ပင်။တစ်ကယ်ဆိုလျှင် ယခုအချိန်ကာလက ရာသီဥတုကလည်း ခြေခင်းလက်ခင်းသာသည့်အချိန်၊ ပွဲလမ်းသဘင်များ၊ ပျော်ပွဲရွှင်ပွဲများနှင့် စည်ကားနေရသည့်ကာလဖြစ်သည်။လောကုတ္တရာသာမက လောကီအရေးဖြစ်သည့် သားရေးသမီးရေးကိစ္စများကိုလည်း ဆောင် ရွက်ကြသည့်ကာလလည်းဖြစ်သည်။သို့သော် ကူးစက်ရောဂါကြောင့် လူတစ်ယောက်နှင့် တစ်ယောက် ထိတွေ့ဖို့ပင်ခက်ခဲ့သည့် ယခုအချိန်အခါတွင် သီတင်းကျွတ်၏ အဓိကပြယုင်္ဂဖြစ်သည့် ကြီးသူကို ငယ်သူက တစ်နှစ်တာပတ်လုံး ကျူးလွန်ပြစ်မှားခဲ့သည့် ကာယကံ၊ ၀စီကံ၊ မနောကံ စသည့် ကံသုံးပါးဖြင့် ကျူးလွန်ခဲ့သည်များအတွက် တောင်းပန်ကြသည့် ခွင့်လွှတ်ပေးကြသည့် ကန်တော့ခြင်းဆိုသည့် အစဉ်အလာပင် ကန်တော့ခံ သက်ကြီးရွယ်အိုများကို ကူးစက်ကပ်ရောဂါငြိတွယ်ကာ အသက်ဆုံးရှုံးစေနိုင်သည်အထိဖြစ်စေသဖြင့် ခေတ္တမေတ္တာရပ်ခံတားမြစ်ထားရသည့်အခြေအနေဖြစ်သည်။ 
 
အထင်ရှားဆုံးက တစ်နှစ်ပတ်လုံးထဲမှာ မိဘ၊ ဆရာသမားတွေအား ကာယကံ၊ ဝစီကံ၊ မနောကံတို့နဲ့ ပြစ်မှားကျူးလွန်မိခဲ့ရင် အပြစ်မှ လွတ်မြောက်စေရန် ဝန်ချကန်တော့တောင်းပန်ရတဲ့ ပွဲတော်ခါလည်းဖြစ်သည်။ 
 
သီတင်းကျွတ်သည် မြန်မာပြက္ခဒိန်၏ ခုနှစ်လမြောက် သန်တူ (သီတင်းကျွတ်) လဖြစ်ပြီး ရက်မစုံသောလတစ်လဖြစ်သည်။
 
သီတင်းကျွတ်လတွင် မြန်မာရက် ၂၉ ရက်ရှိသည်။ကမ္ဘာသုံးလတွင်မူ စက်တင်ဘာလ-အောက်တိုဘာလတွင် ကျရောက်ပါသည်။ရှေးယခင်က ဒီလကို သန်တူလဟု ခေါ်ဝေါ်ကြသည်။သန်တူလအဓိပ္ပါယ်မှာ ဝဿာန မိုးဥတုရာသီကို သန်ဟူ၍ ရှေးသူဟောင်းတို့ ခေါ်ကြသည်ဟု လှေသင်းအတွင်းဝန်ရေး ဝေါဟာရလီနတ္ထ ဒီပနီကျမ်း၌ ဆိုသည်။အဆိုပါကျမ်း၌ သီတင်းကျွတ်လခေါ်ဆိုသည်မှာ ဝါဆိုလပြည့်နေ့မှ စ၍ ဝါတွင်းသုံးလ၊ ရက်ပေါင်း ၉ဝ၊ သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့ သီတင်းကျွတ်သောကြောင့် သီတင်းကျွတ်လဟူ၍ သာသနာကျမ်းအလို ခေါ်ဆိုကြောင်း သီတင်းကျွတ်လသည် မိုးဥတု၏ နောက်ပိုင်းချိန် လတစ်ခုဖြစ်လေသည်။ တခြားဖွင့်ဆိုချက်တွင် 'သန်' သည် 'စပါးပင်' ကို ရည်ညွှန်းကာ 'တူ' သည် 'ထူ' ဖြစ်ပြီး “စပါးပင်များ ထူထူထောင်ထောင် ပေါက်ရောက်လျက်ရှိပြီ” ဟု ဆိုလိုသည်။ယခုခေါ်ဝေါ်နေကြသည့် သီတင်းကျွတ်ဟူသည့် အခေါ်အဝေါ်မှာ “ရဟန်းသံဃာများ ဝါဆိုကြခြင်းမှ ပြီးဆုံးပြီ” ဟူသော အဓိပ္ပာယ်ဖြင့် ပြောင်းလဲခေါ်ဝေါ်လာကြခြင်းဖြစ်သည်။ဗေဒင်အခေါ်အားဖြင့်မူ သီတင်းကျွတ်လကို တူရာသီဟု ခေါ်သည်။
 
တူရာသီ၏အရုပ်သည် ချိန်ကိုင်စွဲသော ယောကျာ်းသဏ္ဌာန်ဖြစ်သည်။ထိုရာသီကား အဿဝဏီနက္ခတ်နှင့်ယှဉ်၍ လပြည့်သောကြောင့် အဿယုဇဟူ၍ ဆိုသည်။ကြာပန်းကို ရာသီပန်းဟူ၍ အသိအမှတ်ပြုကြ၏။ကျီးတာရာထွန်းပသည့် သီတင်းကျွတ်လရာသီတွင် နံနက် စက်နာရီ ၅ နာရီ ၅၅ မိနစ်ခန့်တွင် နေထွက်၍ ညနေ စက်နာရီ ၅ နာရီ ၃၇ မိနစ်ခန့်တွင် နေဝင်သည်။မြန်မာနာရီအားဖြင့် နေ့ညဉ့် နာရီ ၃ဝ စီ အညီအမျှရှိလေသည်။သီတင်းကျွတ်လတွင် မြတ်စွာဘုရားသခင် နတ်ပြည်မှ ဆင်းသက်ခဲ့ဖူးသည်ကို အကြောင်းပြု၍ မီးစောင်းတန်း၊ မီးမြင့်မိုရ်များထွန်းညှိကာ မီးပွဲသဘင်ကို ဆင်ယင်ကျင်းပကြလေ့ရှိကြသည်။
 
ရှေးယခင် ဘုရင်မင်းများလက်ထက်က သီတင်းကျွတ်လတွင် မင်းသား မင်းမြေး မှူးတော်မတ်တော်တို့၏ အဆင်တန်ဆာများကို အသစ်လဲလှယ်ပေးတော်မူခြင်း၊ လက်ဆောင်တော်များကို ကြည့်ရှုတိုင်းထွာစေခြင်း၊ ဆီမီးမြင့်မိုရ်ထွန်းခြင်း၊ ဘုရားစေတီများတွင် ဆီမီးပူဇော်ခြင်း၊ ဝါကျွတ်အကန်တော့ခံခြင်းတို့ကို ပြုကြသည်။သီတင်းကျွတ်မီးထွန်းပွဲတော်မှာ သီတင်းကျွတ်လ၏ ထင်ရှားသောပွဲတော်ဖြစ်သည်။အဘိဓမ္မာ အခါတော်နေ့လည်းဖြစ်သည်။သီတင်းကျွတ်လပြည့်နေ့သည်လည်း မြတ်စွာဘုရားသခင် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ကြွမြန်းဆင်းသက်တော်မူလာသည့်နေ့ဖြစ်သဖြင့် ထူးမြတ်သောနေ့အဖြစ် သတ်မှတ်ကာ မြတ်စွာဘုရား ဆင်းသက်ကြွမြန်းလာသည်ကိုရည်၍ ဘုရားရှင်အား ပူဇော်သည့်အနေဖြင့် ထိုနေ့တွင် မီးများထွန်းကာ မြင့်မိုရ်ပွဲဆင်ယင် ကျင်းပကြသည်။
 
ဘာသာရေးအရ သီတင်းကျွတ်လပြည့်နေ့မှာ ထူးခြားသည့် အထင်ကရနေ့ထူးနေ့မြတ်ဖြစ်သည်။မြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည်၌ မယ်တော်ဖြစ်ဘူးသော သန္တုဿီတနတ်သားကို အကြောင်းပြု၍ အဘိဓမ္မာ ခုနှစ်ကျမ်းကို ဟောတော်မူပြီး သီတင်းကျွတ်လပြည့်နေ့တွင် တာဝတိံသာ၌ ပဝါရဏာပြု၍ လူ့ပြည်သို့ ပတ္တမြားစောင်းတန်းဖြင့်ဆင်း၍ နတ်တို့က လက်ယာဘက်ရွှေစောင်းတန်း ဗြဟ္မာမင်းတို့က လက်ဝဲဘက်ငွေစောင်းတန်းဖြင့် ခြံရံသက်ဆင်းခဲ့သည်။ထိုနေ့ကို အဘိဓမ္မာနေ့ဟူ၍ သမုတ်ကာ အဘိဓမ္မာပူဇော်ပွဲ ကျင်းပကြသလို တာ၀တိံသာမှ နတ်ဗြဟ္မာမင်းတို့ ခြံရံလိုက်ပါလာ၍ သက်ဆင်းတော်မူလာသည့် မြတ်စွာဘုရား၏ တင့်တယ်သော အသရေတော်ကို ဖူးမြင်ကြရသည့် ၃၆ ယူဇနာအတွင်းရှိသော ပရိသတ်အားလုံး ဘုရားဆုကို တောင်းကြသဖြင့် ဘုရားဆုပန်နေ့ဟုလည်း ခေါ်ကြသည်။
 
သီတင်းကျွတ်လပြည့်နေ့ကို ပဝါရဏာ (အခါတော်နေ့) ဟုလည်း ခေါ်ကြသည်။ဝါဆိုလပြည့်ကျော် (၁) ရက်နေ့မှသည် သီတင်းကျွတ်လပြည့်နေ့အထိ ဝါဆို ဝါကပ်တော်မူကြသည့် သံဃာတော်များကြား တစ်ပါးနဲ့ တစ်ပါး ဝါတွင်းသုံးလကာလအတွင်း အပြန်အလှန်အပြစ်ကို ဖွင့်ဟဝန်ခံ ဖိတ်ကြားသည့်နေ့ (ပဝါရဏာ) အခါနေ့လည်း ဖြစ်သည်။ပဝါရဏကို သိမ်တစ်ခုအတွင်း၌ ကာယသာမဂ္ဂီ စိတ္တသာမဂ္ဂီ ဖြစ်တော်မူကြသော သံဃာတော်များ အတူတကွစုဝေးစေ၍ (အပြစ်ဆေးကျောသုတ်သင်ခြင်း) အမှု ဦးစွာပြုပြီး ပုဗ္ဗကရဏ၊ ပုဗ္ဗ ကိစ္စအဝဝကိုပြုရခြင်းဖြစ်ကာ လပြည့်နေ့အခါသမယ (သံဃဥပုသ်) ပြုကာ (ပဝါရဏာဉာတ်) ထားရှိပြီး ပဝရဏာပြုကြခြင်းဖြစ်သည်။ထို့နောက် ဝါဆိုတော်မူကြကုန်သော သံဃာတော်မြတ်တို့ လွတ်လွတ်ကျွတ်ကျွတ် သွားလာ သီတင်းသုံးနိုင်သည့် အခွင့်အရေးကိုရရှိကြလေသည်။ဝါတွင်းသုံးလ ဤနေ့အထိ ဝါဆိုကြသည့် သံဃာများသည် အလွန်မြတ်သော ကထိန်အလှူကို ခံယူထိုက်သော အခွင့်အရေးကို ရရှိကြလေသည်။သီတင်းကျွတ်လကား လောကီ လောကုတ္တရာ နှစ်ဖြာတွင် ကုသိုလ်ပြုကာ အကုသိုလ်ကို နှစ်စဉ် ဆေးကြောခွင့်ရသည့် အထင်ကရနေ့ဖြစ်သော်လည်း ယခုနှစ်တွင်မူ တစ်ကမ္ဘာလုံးကျရောက်နေသည့် ကျန်းမာရေးကပ်ဘေးကြောင့် လျှော့သင့်သည့်ကိုလျှော့၊ တားသင့်သည်ကိုတားကာ လူစုမှာ လူအများစုရုံးမှာကို တားမြစ်ခဲ့ရသည်လည်းရှိသည်။
 
ဤအတွက် ဘက်ပေါင်းစုံမှ မြင်ကြရသည်လည်းရှိသည်။တစ်ဦးနှင့် တစ်ဦး အမြင်ကမတူ။ကျွန်တော်ကတော့ သက်ကြီးရွယ်အိုများ၊ ဆရာတော် သံဃာတော်များကို ကူးစက်ကပ်ဘေးမှ ကင်းလွတ်စေလိုသည့် တာဝန်ရှိ သူများ၏ အစီအမံကို သဘောကျသည်။နှစ်စဉ်နှစ်တိုင်း ကျင်းပလာပြီး၊ သွားလာနေထိုင်လာရပြီးမှ မလုပ်ရသဖြင့် မကျေနပ်ကြသည့် လူငယ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ စိတ်အခံကိုလည်း နားလည်သည်။သို့သော် သီတင်းကျွတ်၏ အနှစ်အဓိပ္ပါယ်ကား မိဘဆရာသမားကျေးဇူးကိုဆပ်ခြင်း၊ တစ်ဦးအပြစ်ကို တစ်ဦးက ခွင့်လွှတ်ကာ ဝန်ခံပြီး အပြန်အလှန်ခွင့်လွှတ်ခြင်းနှင့် အချုပ်အနှောင်မှ လွတ်မြောက်ခြင်းပင်ဖြစ်သည်။ 
 
ယခု ဗိုင်းရပ်စ်ကပ်ဘေးကို လက်တွဲကာကွယ်နေကြချိန်တွင် အပျော်အတွက် သက်ကြီးရွယ်အိုတွေကို၊ ဆရာတော် သံဃာတော်တွေကို ဘေးမဖြစ်စေလိုသည့်၊ ကပ်ဘေးကို ပိုမိုအခွင့်အရေးမပေးလိုသည့်အနေဖြင့် မိမိ မိသားစုနှင့် မိမိချစ်ခင်သူတို့အတွက် ပင်ကိုယ်အသိစိတ်ဖြင့် စောင့်ရှောက်သင့်သည့်ဟုထင်သည်။
 
သီတင်းကျွတ်ကား နှစ်တိုင်းရှိပေသည်။ဘုရားစေတီလည်း ကိုယ်မသေသေးသရွေ့ ဖူးလို့ရသည်။ဒီအတွက် ယခုအချိန်ကာလက အသက်ဘေးအတွက် ကပ်ဘေးကိုသတိပြုကာ မိဘတို့ အန္တရာယ်ကင်းအောင် နေထိုင်သွားလာသင့်သည့်အချိန်ပင် ဖြစ်ပါတော့သည်။
 
ဖြိုးဝေလှ
အောက်တိုဘာ - ၃၁
 
( Zawgyi )
 
ကိုဗစ္ ၁၉ ကူးစက္ကပ္ေရာဂါေၾကာင့္ ယခုႏွစ္ထဲ ဘာသာေရးပြဲေတာ္ အေတာ္မ်ားမ်ားဖ်က္သိမ္းရ၊ မက်င္းပရတာ တစ္ႏွစ္ပတ္လုံးရွိေတာ့မည္။ဒီထဲမွာ အေပ်ာ္ႀကိဳက္သည့္ ျမန္မာလူမ်ိဳးမ်ားသာမက တျခားေသာ ဘာသာဝင္မ်ားပါ ဆင္ႏႊဲၾကသည့္ ၾသကၤန္လိုပြဲေတာ္ကေန သက္ဆိုင္ရာဘာသာေရးပြဲေတြအထိ ပါဝင္သည္။မိသားစုအလႉဒါနျပဳတာေတာင္ ကူးစက္ကပ္ေရာဂါဖိစီးမႈကမ်ားသျဖင့္ ျပဳလုပ္ခြင့္မျပဳႏိုင္သည္အထိ ျဖစ္ခဲ့ရသည္။ ၂၀၀၉ ဒီဇင္ဘာကေန စခဲ့သည့္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ယေန႔အခ်ိန္ထိ ေသဆုံးသူအေရအတြက္က ၁၁ သိန္းေက်ာ္ကာ ကူးစက္ခံရသူ ၄၅ သန္းထိ ေရာက္လာခဲ့ၿပီျဖစ္တဲ့အတြက္ ႏိုင္ငံတိုင္းအတြက္ ဒီေဘးကို အလူးအလဲကာကြယ္ရမယ့္အေျခအေနကို ေရာက္ေနပါတယ္။ 
 
လူခ်င္းထိေတြ႕ စု႐ုံးေနထိုင္ၾကသည့္ အာရွႏိုင္ငံမ်ားတြင္ ကိုဗစ္ ၁၉ လို အသက္ရႉလမ္းေၾကာင္းကေနတစ္ဆင့္ ကူးစက္တတ္သည့္ေရာဂါမ်ိဳးက ေသမင္းတမန္ပင္။တစ္ကယ္ဆိုလွ်င္ ယခုအခ်ိန္ကာလက ရာသီဥတုကလည္း ေျခခင္းလက္ခင္းသာသည့္အခ်ိန္၊ ပြဲလမ္းသဘင္မ်ား၊ ေပ်ာ္ပြဲ႐ႊင္ပြဲမ်ားႏွင့္ စည္ကားေနရသည့္ကာလျဖစ္သည္။ေလာကုတၱရာသာမက ေလာကီအေရးျဖစ္သည့္ သားေရးသမီးေရးကိစၥမ်ားကိုလည္း ေဆာင္ ႐ြက္ၾကသည့္ကာလလည္းျဖစ္သည္။သို႔ေသာ္ ကူးစက္ေရာဂါေၾကာင့္ လူတစ္ေယာက္ႏွင့္ တစ္ေယာက္ ထိေတြ႕ဖို႔ပင္ခက္ခဲ့သည့္ ယခုအခ်ိန္အခါတြင္ သီတင္းကြၽတ္၏ အဓိကျပယုဂၤျဖစ္သည့္ ႀကီးသူကို ငယ္သူက တစ္ႏွစ္တာပတ္လုံး က်ဴးလြန္ျပစ္မွားခဲ့သည့္ ကာယကံ၊ ဝစီကံ၊ မေနာကံ စသည့္ ကံသုံးပါးျဖင့္ က်ဴးလြန္ခဲ့သည္မ်ားအတြက္ ေတာင္းပန္ၾကသည့္ ခြင့္လႊတ္ေပးၾကသည့္ ကန္ေတာ့ျခင္းဆိုသည့္ အစဥ္အလာပင္ ကန္ေတာ့ခံ သက္ႀကီး႐ြယ္အိုမ်ားကို ကူးစက္ကပ္ေရာဂါၿငိတြယ္ကာ အသက္ဆုံးရႈံးေစႏိုင္သည္အထိျဖစ္ေစသျဖင့္ ေခတၱေမတၱာရပ္ခံတားျမစ္ထားရသည့္အေျခအေနျဖစ္သည္။ 
 
အထင္ရွားဆုံးက တစ္ႏွစ္ပတ္လုံးထဲမွာ မိဘ၊ ဆရာသမားေတြအား ကာယကံ၊ ဝစီကံ၊ မေနာကံတို႔နဲ႔ ျပစ္မွားက်ဴးလြန္မိခဲ့ရင္ အျပစ္မွ လြတ္ေျမာက္ေစရန္ ဝန္ခ်ကန္ေတာ့ေတာင္းပန္ရတဲ့ ပြဲေတာ္ခါလည္းျဖစ္သည္။ 
 
သီတင္းကြၽတ္သည္ ျမန္မာျပကၡဒိန္၏ ခုႏွစ္လေျမာက္ သန္တူ (သီတင္းကြၽတ္) လျဖစ္ၿပီး ရက္မစုံေသာလတစ္လျဖစ္သည္။
 
သီတင္းကြၽတ္လတြင္ ျမန္မာရက္ ၂၉ ရက္ရွိသည္။ကမာၻသုံးလတြင္မူ စက္တင္ဘာလ-ေအာက္တိုဘာလတြင္ က်ေရာက္ပါသည္။ေရွးယခင္က ဒီလကို သန္တူလဟု ေခၚေဝၚၾကသည္။သန္တူလအဓိပၸါယ္မွာ ဝႆာန မိုးဥတုရာသီကို သန္ဟူ၍ ေရွးသူေဟာင္းတို႔ ေခၚၾကသည္ဟု ေလွသင္းအတြင္းဝန္ေရး ေဝါဟာရလီနတၳ ဒီပနီက်မ္း၌ ဆိုသည္။အဆိုပါက်မ္း၌ သီတင္းကြၽတ္လေခၚဆိုသည္မွာ ဝါဆိုလျပည့္ေန႔မွ စ၍ ဝါတြင္းသုံးလ၊ ရက္ေပါင္း ၉ဝ၊ သီတင္းကြၽတ္လျပည့္ေက်ာ္ တစ္ရက္ေန႔ သီတင္းကြၽတ္ေသာေၾကာင့္ သီတင္းကြၽတ္လဟူ၍ သာသနာက်မ္းအလို ေခၚဆိုေၾကာင္း သီတင္းကြၽတ္လသည္ မိုးဥတု၏ ေနာက္ပိုင္းခ်ိန္ လတစ္ခုျဖစ္ေလသည္။ တျခားဖြင့္ဆိုခ်က္တြင္ 'သန္' သည္ 'စပါးပင္' ကို ရည္ၫႊန္းကာ 'တူ' သည္ 'ထူ' ျဖစ္ၿပီး “စပါးပင္မ်ား ထူထူေထာင္ေထာင္ ေပါက္ေရာက္လ်က္ရွိၿပီ” ဟု ဆိုလိုသည္။ယခုေခၚေဝၚေနၾကသည့္ သီတင္းကြၽတ္ဟူသည့္ အေခၚအေဝၚမွာ “ရဟန္းသံဃာမ်ား ဝါဆိုၾကျခင္းမွ ၿပီးဆုံးၿပီ” ဟူေသာ အဓိပၸာယ္ျဖင့္ ေျပာင္းလဲေခၚေဝၚလာၾကျခင္းျဖစ္သည္။ေဗဒင္အေခၚအားျဖင့္မူ သီတင္းကြၽတ္လကို တူရာသီဟု ေခၚသည္။
 
တူရာသီ၏အ႐ုပ္သည္ ခ်ိန္ကိုင္စြဲေသာ ေယာက်ာ္းသဏၭာန္ျဖစ္သည္။ထိုရာသီကား အႆဝဏီနကၡတ္ႏွင့္ယွဥ္၍ လျပည့္ေသာေၾကာင့္ အႆယုဇဟူ၍ ဆိုသည္။ၾကာပန္းကို ရာသီပန္းဟူ၍ အသိအမွတ္ျပဳၾက၏။က်ီးတာရာထြန္းပသည့္ သီတင္းကြၽတ္လရာသီတြင္ နံနက္ စက္နာရီ ၅ နာရီ ၅၅ မိနစ္ခန႔္တြင္ ေနထြက္၍ ညေန စက္နာရီ ၅ နာရီ ၃၇ မိနစ္ခန႔္တြင္ ေနဝင္သည္။ျမန္မာနာရီအားျဖင့္ ေန႔ညဥ့္ နာရီ ၃ဝ စီ အညီအမွ်ရွိေလသည္။သီတင္းကြၽတ္လတြင္ ျမတ္စြာဘုရားသခင္ နတ္ျပည္မွ ဆင္းသက္ခဲ့ဖူးသည္ကို အေၾကာင္းျပဳ၍ မီးေစာင္းတန္း၊ မီးျမင့္မိုရ္မ်ားထြန္းညႇိကာ မီးပြဲသဘင္ကို ဆင္ယင္က်င္းပၾကေလ့ရွိၾကသည္။
 
ေရွးယခင္ ဘုရင္မင္းမ်ားလက္ထက္က သီတင္းကြၽတ္လတြင္ မင္းသား မင္းေျမး မႉးေတာ္မတ္ေတာ္တို႔၏ အဆင္တန္ဆာမ်ားကို အသစ္လဲလွယ္ေပးေတာ္မူျခင္း၊ လက္ေဆာင္ေတာ္မ်ားကို ၾကည့္ရႈတိုင္းထြာေစျခင္း၊ ဆီမီးျမင့္မိုရ္ထြန္းျခင္း၊ ဘုရားေစတီမ်ားတြင္ ဆီမီးပူေဇာ္ျခင္း၊ ဝါကြၽတ္အကန္ေတာ့ခံျခင္းတို႔ကို ျပဳၾကသည္။သီတင္းကြၽတ္မီးထြန္းပြဲေတာ္မွာ သီတင္းကြၽတ္လ၏ ထင္ရွားေသာပြဲေတာ္ျဖစ္သည္။အဘိဓမၼာ အခါေတာ္ေန႔လည္းျဖစ္သည္။သီတင္းကြၽတ္လျပည့္ေန႔သည္လည္း ျမတ္စြာဘုရားသခင္ တာဝတႎသာနတ္ျပည္မွ သကၤႆနဂိုရ္ျပည္သို႔ ႂကြျမန္းဆင္းသက္ေတာ္မူလာသည့္ေန႔ျဖစ္သျဖင့္ ထူးျမတ္ေသာေန႔အျဖစ္ သတ္မွတ္ကာ ျမတ္စြာဘုရား ဆင္းသက္ႂကြျမန္းလာသည္ကိုရည္၍ ဘုရားရွင္အား ပူေဇာ္သည့္အေနျဖင့္ ထိုေန႔တြင္ မီးမ်ားထြန္းကာ ျမင့္မိုရ္ပြဲဆင္ယင္ က်င္းပၾကသည္။
 
ဘာသာေရးအရ သီတင္းကြၽတ္လျပည့္ေန႔မွာ ထူးျခားသည့္ အထင္ကရေန႔ထူးေန႔ျမတ္ျဖစ္သည္။ျမတ္စြာဘုရားသည္ တာဝတႎသာနတ္ျပည္၌ မယ္ေတာ္ျဖစ္ဘူးေသာ သႏၲဳႆီတနတ္သားကို အေၾကာင္းျပဳ၍ အဘိဓမၼာ ခုႏွစ္က်မ္းကို ေဟာေတာ္မူၿပီး သီတင္းကြၽတ္လျပည့္ေန႔တြင္ တာဝတႎသာ၌ ပဝါရဏာျပဳ၍ လူ႔ျပည္သို႔ ပတၱျမားေစာင္းတန္းျဖင့္ဆင္း၍ နတ္တို႔က လက္ယာဘက္ေ႐ႊေစာင္းတန္း ျဗဟၼာမင္းတို႔က လက္ဝဲဘက္ေငြေစာင္းတန္းျဖင့္ ၿခံရံသက္ဆင္းခဲ့သည္။ထိုေန႔ကို အဘိဓမၼာေန႔ဟူ၍ သမုတ္ကာ အဘိဓမၼာပူေဇာ္ပြဲ က်င္းပၾကသလို တာဝတႎသာမွ နတ္ျဗဟၼာမင္းတို႔ ၿခံရံလိုက္ပါလာ၍ သက္ဆင္းေတာ္မူလာသည့္ ျမတ္စြာဘုရား၏ တင့္တယ္ေသာ အသေရေတာ္ကို ဖူးျမင္ၾကရသည့္ ၃၆ ယူဇနာအတြင္းရွိေသာ ပရိသတ္အားလုံး ဘုရားဆုကို ေတာင္းၾကသျဖင့္ ဘုရားဆုပန္ေန႔ဟုလည္း ေခၚၾကသည္။
 
သီတင္းကြၽတ္လျပည့္ေန႔ကို ပဝါရဏာ (အခါေတာ္ေန႔) ဟုလည္း ေခၚၾကသည္။ဝါဆိုလျပည့္ေက်ာ္ (၁) ရက္ေန႔မွသည္ သီတင္းကြၽတ္လျပည့္ေန႔အထိ ဝါဆို ဝါကပ္ေတာ္မူၾကသည့္ သံဃာေတာ္မ်ားၾကား တစ္ပါးနဲ႔ တစ္ပါး ဝါတြင္းသုံးလကာလအတြင္း အျပန္အလွန္အျပစ္ကို ဖြင့္ဟဝန္ခံ ဖိတ္ၾကားသည့္ေန႔ (ပဝါရဏာ) အခါေန႔လည္း ျဖစ္သည္။ပဝါရဏကို သိမ္တစ္ခုအတြင္း၌ ကာယသာမဂၢီ စိတၱသာမဂၢီ ျဖစ္ေတာ္မူၾကေသာ သံဃာေတာ္မ်ား အတူတကြစုေဝးေစ၍ (အျပစ္ေဆးေက်ာသုတ္သင္ျခင္း) အမႈ ဦးစြာျပဳၿပီး ပုဗၺကရဏ၊ ပုဗၺ ကိစၥအဝဝကိုျပဳရျခင္းျဖစ္ကာ လျပည့္ေန႔အခါသမယ (သံဃဥပုသ္) ျပဳကာ (ပဝါရဏာဉာတ္) ထားရွိၿပီး ပဝရဏာျပဳၾကျခင္းျဖစ္သည္။ထို႔ေနာက္ ဝါဆိုေတာ္မူၾကကုန္ေသာ သံဃာေတာ္ျမတ္တို႔ လြတ္လြတ္ကြၽတ္ကြၽတ္ သြားလာ သီတင္းသုံးႏိုင္သည့္ အခြင့္အေရးကိုရရွိၾကေလသည္။ဝါတြင္းသုံးလ ဤေန႔အထိ ဝါဆိုၾကသည့္ သံဃာမ်ားသည္ အလြန္ျမတ္ေသာ ကထိန္အလႉကို ခံယူထိုက္ေသာ အခြင့္အေရးကို ရရွိၾကေလသည္။သီတင္းကြၽတ္လကား ေလာကီ ေလာကုတၱရာ ႏွစ္ျဖာတြင္ ကုသိုလ္ျပဳကာ အကုသိုလ္ကို ႏွစ္စဥ္ ေဆးေၾကာခြင့္ရသည့္ အထင္ကရေန႔ျဖစ္ေသာ္လည္း ယခုႏွစ္တြင္မူ တစ္ကမာၻလုံးက်ေရာက္ေနသည့္ က်န္းမာေရးကပ္ေဘးေၾကာင့္ ေလွ်ာ့သင့္သည့္ကိုေလွ်ာ့၊ တားသင့္သည္ကိုတားကာ လူစုမွာ လူအမ်ားစု႐ုံးမွာကို တားျမစ္ခဲ့ရသည္လည္းရွိသည္။
 
ဤအတြက္ ဘက္ေပါင္းစုံမွ ျမင္ၾကရသည္လည္းရွိသည္။တစ္ဦးႏွင့္ တစ္ဦး အျမင္ကမတူ။ကြၽန္ေတာ္ကေတာ့ သက္ႀကီး႐ြယ္အိုမ်ား၊ ဆရာေတာ္ သံဃာေတာ္မ်ားကို ကူးစက္ကပ္ေဘးမွ ကင္းလြတ္ေစလိုသည့္ တာဝန္ရွိ သူမ်ား၏ အစီအမံကို သေဘာက်သည္။ႏွစ္စဥ္ႏွစ္တိုင္း က်င္းပလာၿပီး၊ သြားလာေနထိုင္လာရၿပီးမွ မလုပ္ရသျဖင့္ မေက်နပ္ၾကသည့္ လူငယ္မ်ားႏွင့္ စီးပြားေရးလုပ္ငန္းရွင္မ်ား၏ စိတ္အခံကိုလည္း နားလည္သည္။သို႔ေသာ္ သီတင္းကြၽတ္၏ အႏွစ္အဓိပၸါယ္ကား မိဘဆရာသမားေက်းဇူးကိုဆပ္ျခင္း၊ တစ္ဦးအျပစ္ကို တစ္ဦးက ခြင့္လႊတ္ကာ ဝန္ခံၿပီး အျပန္အလွန္ခြင့္လႊတ္ျခင္းႏွင့္ အခ်ဳပ္အေႏွာင္မွ လြတ္ေျမာက္ျခင္းပင္ျဖစ္သည္။ 
 
ယခု ဗိုင္းရပ္စ္ကပ္ေဘးကို လက္တြဲကာကြယ္ေနၾကခ်ိန္တြင္ အေပ်ာ္အတြက္ သက္ႀကီး႐ြယ္အိုေတြကို၊ ဆရာေတာ္ သံဃာေတာ္ေတြကို ေဘးမျဖစ္ေစလိုသည့္၊ ကပ္ေဘးကို ပိုမိုအခြင့္အေရးမေပးလိုသည့္အေနျဖင့္ မိမိ မိသားစုႏွင့္ မိမိခ်စ္ခင္သူတို႔အတြက္ ပင္ကိုယ္အသိစိတ္ျဖင့္ ေစာင့္ေရွာက္သင့္သည့္ဟုထင္သည္။
 
သီတင္းကြၽတ္ကား ႏွစ္တိုင္းရွိေပသည္။ဘုရားေစတီလည္း ကိုယ္မေသေသးသေ႐ြ႕ ဖူးလို႔ရသည္။ဒီအတြက္ ယခုအခ်ိန္ကာလက အသက္ေဘးအတြက္ ကပ္ေဘးကိုသတိျပဳကာ မိဘတို႔ အႏၲရာယ္ကင္းေအာင္ ေနထိုင္သြားလာသင့္သည့္အခ်ိန္ပင္ ျဖစ္ပါေတာ့သည္။
 
ၿဖိဳးေဝလွ
ေအာက္တိုဘာ - ၃၁