Harry Potter: Wizards Unite လာမည့်နွေရာသီတွင် မိတ်ဆက်တော့မည်

  Harry Potter: Wizards Unite လာမည့်နွေရာသီတွင် မိတ်ဆက်တော့မည်

ကမ္ဘာကျော် Harry Potter ရုပ်ရှင်ဇာတ်ကားတွေကို သင့်တို့အနေနဲ့ စွဲစွဲလန်းလန်း ကြည့်ခဲ့ဖူးကြမှာပါ။

အခုတော့ Warner Bros. နဲ့ Niantic တို့ ပူပေါင်းပြီး သင်တို့အတွက် Harry Potter: Wizards Unite လို့ အမည်ရတဲ့ mobile video game ကို နွေရာသီမှာ မိတ်ဆက်ပေးတော့မယ်လို့ အတည်ပြုလိုက်ပါတယ်။အဆိုပါ ဂိမ်းရဲ့ မိတ်ဆက်ဗီဒီယိုကိုလဲ နိုဝင်ဘာ ၂၀၁၈ ကတည်းက Warner Bros. Game နဲ့ Niantic တို့က ထုတ်ဖော်ပြသခဲ့ပြီးပါပြီ။

အဆိုပါ ဂိမ်းဟာ AR နည်းပညာ ပါဝင်လာမှာဖြစ်ပြီး Niantic ရဲ့ နာမည်ကြီးဂိမ်းဖြစ်တဲ့ Pokémon Go မှာ အသုံးပြုထားတဲ့ နည်းပညာလည်း ဖြစ်ပါတယ်။

Warner Bros: Entertainment CEO ကယ်ဗင် ဆူဂျီဟာရာ (Kevin Tsujihara) က "Niantic မှ အဆိုပါ ဂိမ်းကို နွေရာသီမှာ ထုတ်ပေးတော့မှာပါ" လို့ အတည်ပြုပြောကြားပါတယ်။ဒါ့အပြင် "5G မြန်နှုန်းမြှင့် ကွန်ယက် အသုံးပြုတဲ့ မိုဘိုင်းတွေကသာ အဆိုပါ ဂိမ်းကို ပိုမိုကောင်းမွန်စွာ ဆော့ကစားနိုင်မယ်" လို့လည်း ပြောကြားခဲ့ပါတယ်။

ဆူဂျီဟာရာ မှ မိုဘိုင်းဂိမ်း ထွက်ရှိလာမယ့် ရက်အတိအကျကိုတော့ ထုတ်ပြောပြောကြားခြင်း မရှိပဲ နွေရာသီ အားလပ်ရက်တွင်း ဖြစ်မယ်လို့သာ ဆိုခဲ့ပါတယ်။

Niantic မှ ထုတ်လုပ်ခဲ့တဲ့ Pokémon Go ဂိမ်းကတော့ တစ်ကမ္ဘာလုံးကို ကိုင်လှုပ်နိုင်ခဲ့ပြီး မြန်မာနိုင်ငံမှာလဲ ရေပန်းစား လူကြိုက်များခဲ့ပါတယ်။ယခုထပ်မံ ထွက်ရှိလာမယ့် Harry Potter: Wizards Unite ဂိမ်းမှာလဲ ဘယ်လို ရင်ခုန်စိတ်လှုပ်ရှားစရာတွေ ယူဆောင်လာဦးမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

Damien
Ref - gadgets.ndtv
 

(  Zawgyi  )

ကမာၻေက်ာ္ Harry Potter ႐ုပ္ရွင္ဇာတ္ကားေတြကို သင့္တို႔အေနနဲ႔ စြဲစြဲလန္းလန္း ၾကည့္ခဲ့ဖူးၾကမွာပါ။

အခုေတာ့ Warner Bros. နဲ႔ Niantic တို႔ ပူေပါင္းၿပီး သင္တို႔အတြက္ Harry Potter: Wizards Unite လို႔ အမည္ရတဲ့ mobile video game ကို ေႏြရာသီမွာ မိတ္ဆက္ေပးေတာ့မယ္လို႔ အတည္ျပဳလိုက္ပါတယ္။အဆိုပါ ဂိမ္းရဲ႕ မိတ္ဆက္ဗီဒီယိုကိုလဲ ႏိုဝင္ဘာ ၂၀၁၈ ကတည္းက Warner Bros. Game နဲ႔ Niantic တို႔က ထုတ္ေဖာ္ျပသခဲ့ၿပီးပါၿပီ။

အဆိုပါ ဂိမ္းဟာ AR နည္းပညာ ပါဝင္လာမွာျဖစ္ၿပီး Niantic ရဲ႕ နာမည္ႀကီးဂိမ္းျဖစ္တဲ့ Pokémon Go မွာ အသုံးျပဳထားတဲ့ နည္းပညာလည္း ျဖစ္ပါတယ္။

Warner Bros: Entertainment CEO ကယ္ဗင္ ဆူဂ်ီဟာရာ (Kevin Tsujihara) က "Niantic မွ အဆိုပါ ဂိမ္းကို ေႏြရာသီမွာ ထုတ္ေပးေတာ့မွာပါ" လို႔ အတည္ျပဳေျပာၾကားပါတယ္။ဒါ့အျပင္ "5G ျမန္ႏႈန္းျမႇင့္ ကြန္ယက္ အသုံးျပဳတဲ့ မိုဘိုင္းေတြကသာ အဆိုပါ ဂိမ္းကို ပိုမိုေကာင္းမြန္စြာ ေဆာ့ကစားႏိုင္မယ္" လို႔လည္း ေျပာၾကားခဲ့ပါတယ္။

ဆူဂ်ီဟာရာ မွ မိုဘိုင္းဂိမ္း ထြက္ရွိလာမယ့္ ရက္အတိအက်ကိုေတာ့ ထုတ္ေျပာေျပာၾကားျခင္း မရွိပဲ ေႏြရာသီ အားလပ္ရက္တြင္း ျဖစ္မယ္လို႔သာ ဆိုခဲ့ပါတယ္။

Niantic မွ ထုတ္လုပ္ခဲ့တဲ့ Pokémon Go ဂိမ္းကေတာ့ တစ္ကမာၻလုံးကို ကိုင္လႈပ္ႏိုင္ခဲ့ၿပီး ျမန္မာႏိုင္ငံမွာလဲ ေရပန္းစား လူႀကိဳက္မ်ားခဲ့ပါတယ္။ယခုထပ္မံ ထြက္ရွိလာမယ့္ Harry Potter: Wizards Unite ဂိမ္းမွာလဲ ဘယ္လို ရင္ခုန္စိတ္လႈပ္ရွားစရာေတြ ယူေဆာင္လာဦးမလဲဆိုတာ ဆက္လက္ေစာင့္ၾကည့္ရဦးမွာပါ။

Damien
Ref - gadgets.ndtv