【 အနုပညာ 】 Seungri စစ်မှုထမ်းသွားရင် မကာကွယ်ပေးနိုင်တော့ဘူးလို့ သတိပေးခဲ့ဖူးတဲ့ Bigbang အဖွဲ့ဝင်များ

【 အနုပညာ 】 Seungri စစ်မှုထမ်းသွားရင် မကာကွယ်ပေးနိုင်တော့ဘူးလို့ သတိပေးခဲ့ဖူးတဲ့ Bigbang အဖွဲ့ဝင်များ

ယခုတလော Seungri အမှုကိစ္စ ဟာအတော်လေးကို လူပြောများပြီး ပရိတ်သတ်ကို တုန်လှုပ်သွားစေခဲ့ပါတယ်။

Seungri ဟာလည်း အနုပညာလောကကနေ နှုတ်ထွက်ပေးခဲ့ရပါတယ်။Seungri အကြောင်းကိုလည်း Bigbang အဖွဲ့ဝင်တွေ အရင်ကတည်းက ရိပ်မိနေပြီး သတိပေးခဲ့ဖူးပါတယ်။

Bigbang အဖွဲ့ဝင်တွေ စစ်မှုထမ်းမသွားခင်မှာ အစီအစဉ်တစ်ခုကို အတူတူတက်ဖူးပါတယ်။အစီအစဉ်မှာ Taeyang က Seungri ကို “လာမဲ့နှစ်မှာ ငါတို့အားလုံး စစ်မှုထမ်းသွားမှာ မင်းကိုမကာကွယ်ပေးနိုင်ဘူးနော် မင်းသာတစ်ခုခုဖြစ်ရင် Bigbang တော့ သွားပြီနော်” လို့ သတိပေးခဲ့ဖူးပါတယ်။G Dragon ကလည်း Seungri ဟာ တေးဂီတ အနုပညာရှင်တစ်ယောက် ဖြစ်သော်လည်း အခြားနယ်ပယ်တွေမှာလည်း သူဝင်ရောက်လုပ်ကိုင်နေတဲ့အတွက် သူဟာ ဂီတအပေါ်ကို အားစိုက်မှုတွေ နည်းလာပါတယ်။မင်းမလိမ်နဲ့တော့ ထောင်ကျနိုင်တယ်နော်လို့ ပြောခဲ့ဖူးပါတယ်။T.O.P ကလည်း Seungri က အခု အခြားစီးပွားရေးလုပ်ငန်းတွေ ရှိနေလို့ အမြဲလိုလိုမအားဖြစ်နေတာ အဖွဲ့ဝင်တွေ ခက်ခက်ခဲခဲ တစ်ခါလောက်စုပြီး စားသောက်တာမှာတောင် အမြဲငွေအကြောင်းပဲပြောနေလို့ “Seungri ငါတို့ဘယ်တုန်းက ငွေအကြောင်းပဲ ဆွေးနွေးလို့ရတော့တာလဲ အနာဂတ်အစီအစဉ်ကိုလည်း ဆွေးနွေးလို့တယ်လေ” လို့ ပြောခဲ့ဖူးပါတယ်။

 

အခုတော့ အားလုံးစိတ်ပူသလို ဖြစ်နေပါပြီ။အဖွဲ့ဝင်တွေ စိတ်ပူပြီး ဖျောင်းဖျမှုကို နားထဲမဝင်တဲ့ Seungri ဟာ လက်ရှိအချိန်မှာ သူတောင်းပန်ဖို့ အသင့်ဆုံးလူတွေက သူ့ကို ညီအစ်ကိုအရင်းပမာချစ်တဲ့ အဖွဲ့ဝင်တွေနဲ့ ပရိတ်သတ်တွေပဲ ဖြစ်ပါတယ်။

TT
မတ် - ၁၆

( Zawgyi )

ယခုတေလာ Seungri အမႈကိစၥ ဟာအေတာ္ေလးကို လူေျပာမ်ားၿပီး ပရိတ္သတ္ကို တုန္လႈပ္သြားေစခဲ့ပါတယ္။

Seungri ဟာလည္း အႏုပညာေလာကကေန ႏႈတ္ထြက္ေပးခဲ့ရပါတယ္။Seungri အေၾကာင္းကိုလည္း Bigbang အဖြဲ႕ဝင္ေတြ အရင္ကတည္းက ရိပ္မိေနၿပီး သတိေပးခဲ့ဖူးပါတယ္။

Bigbang အဖြဲ႕ဝင္ေတြ စစ္မႈထမ္းမသြားခင္မွာ အစီအစဥ္တစ္ခုကို အတူတူတက္ဖူးပါတယ္။အစီအစဥ္မွာ Taeyang က Seungri ကို “လာမဲ့ႏွစ္မွာ ငါတို႔အားလုံး စစ္မႈထမ္းသြားမွာ မင္းကိုမကာကြယ္ေပးႏိုင္ဘူးေနာ္ မင္းသာတစ္ခုခုျဖစ္ရင္ Bigbang ေတာ့ သြားၿပီေနာ္” လို႔ သတိေပးခဲ့ဖူးပါတယ္။G Dragon ကလည္း Seungri ဟာ ေတးဂီတ အႏုပညာရွင္တစ္ေယာက္ ျဖစ္ေသာ္လည္း အျခားနယ္ပယ္ေတြမွာလည္း သူဝင္ေရာက္လုပ္ကိုင္ေနတဲ့အတြက္ သူဟာ ဂီတအေပၚကို အားစိုက္မႈေတြ နည္းလာပါတယ္။မင္းမလိမ္နဲ႔ေတာ့ ေထာင္က်ႏိုင္တယ္ေနာ္လို႔ ေျပာခဲ့ဖူးပါတယ္။T.O.P ကလည္း Seungri က အခု အျခားစီးပြားေရးလုပ္ငန္းေတြ ရွိေနလို႔ အၿမဲလိုလိုမအားျဖစ္ေနတာ အဖြဲ႕ဝင္ေတြ ခက္ခက္ခဲခဲ တစ္ခါေလာက္စုၿပီး စားေသာက္တာမွာေတာင္ အၿမဲေငြအေၾကာင္းပဲေျပာေနလို႔ “Seungri ငါတို႔ဘယ္တုန္းက ေငြအေၾကာင္းပဲ ေဆြးေႏြးလို႔ရေတာ့တာလဲ အနာဂတ္အစီအစဥ္ကိုလည္း ေဆြးေႏြးလို႔တယ္ေလ” လို႔ ေျပာခဲ့ဖူးပါတယ္။

အခုေတာ့ အားလုံးစိတ္ပူသလို ျဖစ္ေနပါၿပီ။အဖြဲ႕ဝင္ေတြ စိတ္ပူၿပီး ေဖ်ာင္းဖ်မႈကို နားထဲမဝင္တဲ့ Seungri ဟာ လက္ရွိအခ်ိန္မွာ သူေတာင္းပန္ဖို႔ အသင့္ဆုံးလူေတြက သူ႔ကို ညီအစ္ကိုအရင္းပမာခ်စ္တဲ့ အဖြဲ႕ဝင္ေတြနဲ႔ ပရိတ္သတ္ေတြပဲ ျဖစ္ပါတယ္။

TT
မတ္ - ၁၆