【 နည်းပညာ 】 Xiaomi ချစ်သူတွေအတွက် Black Shark -2

【 နည်းပညာ 】 Xiaomi ချစ်သူတွေအတွက် Black Shark -2

Xiaomi Black Shark 2 ကတော့ နောက်တစ်လ နှစ်လအတွင်းမှာ ထွက်ပေါ်လာနိုင်ချေ ရှိပါတယ်။

အဆိုပါ Gaming ဖုန်းမှာ Liquid Cooling Technology အလွယ်တကူ ခေါ်ရမယ်ဆိုရင် Liquid Cool 3.0 နည်းပညာ ပါဝင်မယ်လို့လဲ သိရပါတယ်။

Weibo profile မှာ ၎င်းနည်းပညာ ပါဝင်မယ်လို့ အတည်ပြုခဲ့တာဖြစ်ပြီး၊ ခွဲထွက်အမှတ်တံဆိပ် Gaming ဖုန်းရဲ့ ပထမဆုံး promo video ကိုလည်း ဖော်ပြခဲ့ပါတယ်။

အခြားသော အတည်ပြုချက်များအရ Black Shark  2 ဟာ Snapdragon 855 chipset တပ်ဆင်ပြီး၊ အနည်းဆုံး 8GB RAM ပါဝင်ကာ၊ Xiaomi Mi 9 မှာ အသုံးပြုထားတဲ့ 27 W မြန်နှုန်းမြှင့် အားသွင်းစနစ်လဲ ပါဝင်လာမှာ ဖြစ်ပါတယ်။

Android Pie နဲ့ပဲ ပွဲထွက်လာမှာဖြစ်ပြီး gaming ဖုန်း ဖြစ်တာနဲ့အညီ Game Turbo ပါဝင်လာမှာ ဖြစ်တဲ့အပြင် အခြား CPU, GPU နဲ့ network တို့လို game ဆော့ရာမှာ ပိုမိုအဆင်ပြေချောမွေ့စေရန် စွမ်းဆောင်ရည်တိုးမြှင့်တဲ့ စနစ်တွေလဲ ပါဝင်လာမှာဖြစ်ပါတယ်။

အတည်မပြုနိုင်သေးတဲ့ သတင်းအရ 12GB version မှာတော့ ကြီးမားတဲ့ ဘောင်ပျောက်မျက်နှာပြင် တပ်ဆင်လာနိုင်တယ်လို့လဲ သိရပါတယ်။

Damien
Ref - gsmarena
မတ် - ၆

( Zawgyi )

Xiaomi Black Shark 2 ကေတာ့ ေနာက္တစ္လ ႏွစ္လအတြင္းမွာ ထြက္ေပၚလာႏိုင္ေခ် ရွိပါတယ္။

အဆိုပါ Gaming ဖုန္းမွာ Liquid Cooling Technology အလြယ္တကူ ေခၚရမယ္ဆိုရင္ Liquid Cool 3.0 နည္းပညာ ပါဝင္မယ္လို႔လဲ သိရပါတယ္။

Weibo profile မွာ ၎နည္းပညာ ပါဝင္မယ္လို႔ အတည္ျပဳခဲ့တာျဖစ္ၿပီး၊ ခြဲထြက္အမွတ္တံဆိပ္ Gaming ဖုန္းရဲ႕ ပထမဆုံး promo video ကိုလည္း ေဖာ္ျပခဲ့ပါတယ္။

အျခားေသာ အတည္ျပဳခ်က္မ်ားအရ Black Shark  2 ဟာ Snapdragon 855 chipset တပ္ဆင္ၿပီး၊ အနည္းဆုံး 8GB RAM ပါဝင္ကာ၊ Xiaomi Mi 9 မွာ အသုံးျပဳထားတဲ့ 27 W ျမန္ႏႈန္းျမႇင့္ အားသြင္းစနစ္လဲ ပါဝင္လာမွာ ျဖစ္ပါတယ္။

Android Pie နဲ႔ပဲ ပြဲထြက္လာမွာျဖစ္ၿပီး gaming ဖုန္း ျဖစ္တာနဲ႔အညီ Game Turbo ပါဝင္လာမွာ ျဖစ္တဲ့အျပင္ အျခား CPU, GPU နဲ႔ network တို႔လို game ေဆာ့ရာမွာ ပိုမိုအဆင္ေျပေခ်ာေမြ႕ေစရန္ စြမ္းေဆာင္ရည္တိုးျမႇင့္တဲ့ စနစ္ေတြလဲ ပါဝင္လာမွာျဖစ္ပါတယ္။

အတည္မျပဳႏိုင္ေသးတဲ့ သတင္းအရ 12GB version မွာေတာ့ ႀကီးမားတဲ့ ေဘာင္ေပ်ာက္မ်က္ႏွာျပင္ တပ္ဆင္လာႏိုင္တယ္လို႔လဲ သိရပါတယ္။

Damien
Ref - gsmarena
မတ္ - ၆