【 နည်းပညာ 】 Xiaomi က ကမ္ဘာ့စမတ်လက်ပတ်ဈေးကွက်ကို လွှမ်းမိုးလိုက်ပြီလား

【 နည်းပညာ 】 Xiaomi က ကမ္ဘာ့စမတ်လက်ပတ်ဈေးကွက်ကို လွှမ်းမိုးလိုက်ပြီလား

တရုတ်နည်းပညာကုမ္ပဏီကြီး Xiaomi ကတော့ အချိန်တိုအတွင်းမှာပဲ အလျင်အမြန်တိုးတက်လာခဲ့ပါပြီ။

Xiaomi ဟာ ဈေးနှုန်းသက်သာပြီး စွမ်းရည်မြင့်တဲ့ စမတ်ဖုန်းတွေနဲ့ နာမည်ရလာခဲ့တာဖြစ်ပြီး၊ ယခုတော့ အခြားသော နည်းပညာဈေးကွက်တစ်ခုမှာလည်း အောင်မြင်မှုရလာခဲ့ပြီ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ရက်သတ္တပတ်အထိတော့ IDC ရဲ့ ထုတ်ပြန်ချက်အရ Apple ကုမ္ပဏီမှ ၀တ်ဆင်လို့ရတဲ့ စမတ်လက်ပတ်ဈေးကွက်ကို လွှမ်းမိုးထားခဲ့တာ ဖြစ်ပါတယ်။ယခုရက်ပိုင်း ထုတ်ပြန်ချက်တွေအရတော့ Xiaomi မှ ၂၇ ရာခိုင်နှုန်း ဈေးကွက်ရှယ်ယာရရှိခဲ့ပြီး ပထမနေရာမှာ ဦးဆောင်နိုင်ခဲ့ပါတယ်။ Apple ကတော့ ဈေးကွက်ရှယ်ယာ ၁၅ ရာခိုင်နှုန်းနဲ့ ဒုတိယ၊ တတိယမှာတော့ Huawei မှ ၁၃ ရာခိုင်နှုန်းနဲ့ အသီးသီးရပ်တည်နေတာ ဖြစ်ပါတယ်။ယခုထုတ်ပြန်ချက်တွေဟာ စမတ်နာရီတွေ၊ ကျန်းမာရေးလက်ပတ်တွေ၊ အားကစားထောက်လှမ်းတဲ့ လက်ပတ်တွေရဲ့ ရောင်းအားအပေါ်မှာ အ‌ခြေခံပြီး တွက်ချက်ထားတာလည်း ဖြစ်ပါတယ်။နာမည်ကြီး စမတ်လက်ပတ်တွေ ထုတ်လုပ်တဲ့ Fitbit ကတော့ စတုတ္ထနေရာမှာ တည်ရှိနေပြီး၊ ကိုရီးယားနည်းပညာဘီလူးကြီး Samsung ကတော့ အဆင့် ၅ နေရာမှာသာ ရပ်တည်နိုင်ခဲ့တာ မြင်တွေ့ရပါတယ်။

Xiaomi ရဲ့ အားသာချက်ကတော့ ၎င်းထုတ်လုပ်တဲ့ စမတ်လက်ပတ်တွေ၊ စမတ်နာရီတွေဟာ ဈေးနှုန်းချိုသာပြီး ဒီဇိုင်းဆန်းပြားကာ စွမ်းဆောင်ရည်မြင့်မားတာကြောင့် တတိယနိုင်ငံတွေမှာ လူကြိုက်များပြီး စံချိန်တင်ရောင်းချခဲ့ရတာကြောင့် ဖြစ်ပါတယ်။

ယခုနောက်ဆုံး မိတ်ဆက်ပေးထားတာကတော့ Xiaomi Mi Watch စမတ်နာရီဖြစ်ပြီး၊ ဈေးနှုန်းသက်သာတာကြောင့် အလွန်တရာ လူကြိုက်များပြီး ရောင်းချနေရတာကိုလည်း မြင်တွေ့ရပါတယ်။

Damien

( Zawgyi )

တ႐ုတ္နည္းပညာကုမၸဏီႀကီး Xiaomi ကေတာ့ အခ်ိန္တိုအတြင္းမွာပဲ အလ်င္အျမန္တိုးတက္လာခဲ့ပါၿပီ။

Xiaomi ဟာ ေဈးႏႈန္းသက္သာၿပီး စြမ္းရည္ျမင့္တဲ့ စမတ္ဖုန္းေတြနဲ႔ နာမည္ရလာခဲ့တာျဖစ္ၿပီး၊ ယခုေတာ့ အျခားေသာ နည္းပညာေဈးကြက္တစ္ခုမွာလည္း ေအာင္ျမင္မႈရလာခဲ့ၿပီ ျဖစ္ပါတယ္။

လြန္ခဲ့တဲ့ ရက္သတၱပတ္အထိေတာ့ IDC ရဲ႕ ထုတ္ျပန္ခ်က္အရ Apple ကုမၸဏီမွ ၀တ္ဆင္လို႔ရတဲ့ စမတ္လက္ပတ္ေဈးကြက္ကို လႊမ္းမိုးထားခဲ့တာ ျဖစ္ပါတယ္။ယခုရက္ပိုင္း ထုတ္ျပန္ခ်က္ေတြအရေတာ့ Xiaomi မွ ၂၇ ရာခိုင္ႏႈန္း ေဈးကြက္ရွယ္ယာရရွိခဲ့ၿပီး ပထမေနရာမွာ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ Apple ကေတာ့ ေဈးကြက္ရွယ္ယာ ၁၅ ရာခိုင္ႏႈန္းနဲ႔ ဒုတိယ၊ တတိယမွာေတာ့ Huawei မွ ၁၃ ရာခိုင္ႏႈန္းနဲ႔ အသီးသီးရပ္တည္ေနတာ ျဖစ္ပါတယ္။ယခုထုတ္ျပန္ခ်က္ေတြဟာ စမတ္နာရီေတြ၊ က်န္းမာေရးလက္ပတ္ေတြ၊ အားကစားေထာက္လွမ္းတဲ့ လက္ပတ္ေတြရဲ႕ ေရာင္းအားအေပၚမွာ အ‌ေျခခံၿပီး တြက္ခ်က္ထားတာလည္း ျဖစ္ပါတယ္။နာမည္ႀကီး စမတ္လက္ပတ္ေတြ ထုတ္လုပ္တဲ့ Fitbit ကေတာ့ စတုတၳေနရာမွာ တည္ရွိေနၿပီး၊ ကိုရီးယားနည္းပညာဘီလူးႀကီး Samsung ကေတာ့ အဆင့္ ၅ ေနရာမွာသာ ရပ္တည္ႏိုင္ခဲ့တာ ျမင္ေတြ႕ရပါတယ္။

Xiaomi ရဲ႕ အားသာခ်က္ကေတာ့ ၎ထုတ္လုပ္တဲ့ စမတ္လက္ပတ္ေတြ၊ စမတ္နာရီေတြဟာ ေဈးႏႈန္းခ်ိဳသာၿပီး ဒီဇိုင္းဆန္းျပားကာ စြမ္းေဆာင္ရည္ျမင့္မားတာေၾကာင့္ တတိယႏိုင္ငံေတြမွာ လူႀကိဳက္မ်ားၿပီး စံခ်ိန္တင္ေရာင္းခ်ခဲ့ရတာေၾကာင့္ ျဖစ္ပါတယ္။

ယခုေနာက္ဆုံး မိတ္ဆက္ေပးထားတာကေတာ့ Xiaomi Mi Watch စမတ္နာရီျဖစ္ၿပီး၊ ေဈးႏႈန္းသက္သာတာေၾကာင့္ အလြန္တရာ လူႀကိဳက္မ်ားၿပီး ေရာင္းခ်ေနရတာကိုလည္း ျမင္ေတြ႕ရပါတယ္။

Damien