【 နည်းပညာ 】 iQoo Gaming ဖုန်းက gamers တွေ အကြိုက် ဖုန်းတစ်လုံး ဖြစ်လာမှာလား

【 နည်းပညာ 】 iQoo Gaming ဖုန်းက gamers တွေ အကြိုက် ဖုန်းတစ်လုံး ဖြစ်လာမှာလား

စမတ်ဖုန်းတွေ ထုတ်လုပ်ရာမှာ နာမည်ကြီးတဲ့ Vivo ရဲ့ ခွဲထွက်အမှတ်တံဆိပ် iQoo ဖုန်းကိုတော့ မိတ်ဆက်ခဲ့ပြီးပါပြီ။

ဂိမ်းဆော့ရန် အသားပေးထားတဲ့ ဖုန်းအဖြစ် မိတ်ဆက်မယ်လို့ သတင်းတွေ ပေါက်ကြားထားတဲ့အတိုင်းပဲ Gaming ဖုန်းတစ်လုံးအဖြစ် ပေါ်ထွက်လာခဲ့တာပါ။

အဆိုပါ ဖုန်းအသစ်ကို gamers တွေနဲ့ photographers တွေအတွက် ဦးတည်ထုတ်လုပ်ထားတယ်လို့ ဆိုပါတယ်။

Snapdragon ရဲ့ နောက်ဆုံးထွက် 855 SoC ကို တပ်ဆင်မောင်းနှင်ပေးထားပြီး၊ vapour cooling system လဲ ပါဝင်မှာပါ။ Camera သုံးလုံးကို နောက်ဘက်မှာပဲ တပ်ဆင်ထားပြီး အာရုံခံကိရိယာကတော့ Sony ရဲ့ IMX363 ပါ၊ အဆိုပါ အာရုံခံကိရိယာကို Google ရဲ့ Pixel 3 ဖုန်းမှာ အသုံးပြုထားတာည်း ဖြစ်ပါတယ်။ဒါ့အပြင် Vivo ရဲ့ မြန်နှုန်းမြှင့် အားသွင်းနည်းပညာ 44W Super Flash Charge ကိုလဲ ထည့်သွင်းပေးထားပြီး ၅၀ ရာခိုင်နှုန်းရောက်အောင် အားသွင်းဖို့အတွက် အချိန် ၁၅မိနစ်ပဲ လိုအပ်တယ်လို့ ဆိုထားပါတယ်။သိမ်းဆည်းနိုင်မှု အမြင့်ဆုံးပမာဏကတော့ 256GB ပါဝင်လာမှာပါ။

ဈေးနှုန်းတွေ အနေနဲ့ကတော့ ပါဝင်တဲ့ RAM ပမာဏနဲ့ သိမ်းဆည်းနိုင်မှု version အလိုက် ကွာခြားသွားမှာဖြစ်ပြီး၊ 6GB RAM/ 128GB ကို CNY 2998 (မြန်မာကျပ်ငွေ ၇သိန်းနီးပါးခန့်)၊ 8GB RAM/ 128GB ကို CNY 3298 (မြန်မာကျပ်ငွေ ၇သိန်းခွဲခန့်)၊ 8GB RAM/ 256GB ကို CNY 3598 (မြန်မာကျပ်ငွေ ၈သိန်းကျော်ခန့်) နဲ့ အမြင့်ဆုံး version ဖြစ်တဲ့ 12GB RAM/ 256GB ကတော့ CNY 4298 (မြန်မာကျပ်ငွေ ၉သိန်းခွဲကျော်ခန့်) ကျသင့်မှာ ဖြစ်ပါတယ်။

ဖုန်းကို အသုံးပြုရာမှာ perfomance ကို ချိန်ညှိပေးရန်အတွက် Turbo modes ၅ မျိုးလဲ ပါဝင်ပြီး AI Turbo, Centre Turbo, Net Turbo, Cooling Turbo နဲ့ Game Turbo တို့ကို သင့်အနေနဲ့ စိတ်ကြိုက်ပြောင်းလဲ အသုံးပြုနိုင်မှာပါ။

Android 9.0 Pie ကို Funtouch OS 9 နဲ့ တွဲဖက်အသုံးပြုထားပြီး၊ မျက်နှာပြင်အရွယ်အစားကတော့ 6.41-inch ကို full-HD+ (1080x2340 pixels) AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး၊ မျက်နှာပြင် ဒီဇိုင်းကတော့ ရေစက်ပုံစံ notch နဲ့ ဖြစ်ပါတယ်။

 

Gaming ဖုန်း ဖြစ်တာနဲ့အညီ ဘေးဘက်မှာ ခလုတ်တစ်ခုပါဝင်ပြီး အခြားသော game အသုံးအဆောင် ခလုတ်တွေ တပ်ဆင်စရာမလိုတော့ပါဘူး၊ vapour cooling system ကတော့ ဖုန်းရဲ့ အပူချိန်ကို လျှော့ချပေးမှာဖြစ်ကာ ဂိမ်းဆော့ရင်း ပူလာပြီး ရပ်သွားတာမျိုး မဖြစ်ဘူးလို့ ဆိုထားပါတယ်။

iQoo Gaming ဖုန်းကို တရုတ်မှ အွန်လိုင်းစတိုးတွေကနေ March 6 ရက်နေ့မှာ ပထမဆုံး flash sale ကို ရောင်းချပေးမှာဖြစ်ပြီး၊ မြန်မာနိုင်ငံသို့ ဝင်ရောက်လာခဲ့ရင်လည်း gamers တွေအတွက် ရွေးချယ်စရာ Gaming ဖုန်းတစ်လုံး ဖြစ်ပါတယ်။

Damien
Ref - gadget.ndtv

( Zawgyi )

စမတ္ဖုန္းေတြ ထုတ္လုပ္ရာမွာ နာမည္ႀကီးတဲ့ Vivo ရဲ႕ ခြဲထြက္အမွတ္တံဆိပ္ iQoo ဖုန္းကိုေတာ့ မိတ္ဆက္ခဲ့ၿပီးပါၿပီ။

ဂိမ္းေဆာ့ရန္ အသားေပးထားတဲ့ ဖုန္းအျဖစ္ မိတ္ဆက္မယ္လို႔ သတင္းေတြ ေပါက္ၾကားထားတဲ့အတိုင္းပဲ Gaming ဖုန္းတစ္လုံးအျဖစ္ ေပၚထြက္လာခဲ့တာပါ။

အဆိုပါ ဖုန္းအသစ္ကို gamers ေတြနဲ႔ photographers ေတြအတြက္ ဦးတည္ထုတ္လုပ္ထားတယ္လို႔ ဆိုပါတယ္။

Snapdragon ရဲ႕ ေနာက္ဆုံးထြက္ 855 SoC ကို တပ္ဆင္ေမာင္းႏွင္ေပးထားၿပီး၊ vapour cooling system လဲ ပါဝင္မွာပါ။ Camera သုံးလုံးကို ေနာက္ဘက္မွာပဲ တပ္ဆင္ထားၿပီး အာ႐ုံခံကိရိယာကေတာ့ Sony ရဲ႕ IMX363 ပါ၊ အဆိုပါ အာ႐ုံခံကိရိယာကို Google ရဲ႕ Pixel 3 ဖုန္းမွာ အသုံးျပဳထားတာည္း ျဖစ္ပါတယ္။ဒါ့အျပင္ Vivo ရဲ႕ ျမန္ႏႈန္းျမႇင့္ အားသြင္းနည္းပညာ 44W Super Flash Charge ကိုလဲ ထည့္သြင္းေပးထားၿပီး ၅၀ ရာခိုင္ႏႈန္းေရာက္ေအာင္ အားသြင္းဖို႔အတြက္ အခ်ိန္ ၁၅မိနစ္ပဲ လိုအပ္တယ္လို႔ ဆိုထားပါတယ္။သိမ္းဆည္းႏိုင္မႈ အျမင့္ဆုံးပမာဏကေတာ့ 256GB ပါဝင္လာမွာပါ။

ေဈးႏႈန္းေတြ အေနနဲ႔ကေတာ့ ပါဝင္တဲ့ RAM ပမာဏနဲ႔ သိမ္းဆည္းႏိုင္မႈ version အလိုက္ ကြာျခားသြားမွာျဖစ္ၿပီး၊ 6GB RAM/ 128GB ကို CNY 2998 (ျမန္မာက်ပ္ေငြ ၇သိန္းနီးပါးခန႔္)၊ 8GB RAM/ 128GB ကို CNY 3298 (ျမန္မာက်ပ္ေငြ ၇သိန္းခြဲခန႔္)၊ 8GB RAM/ 256GB ကို CNY 3598 (ျမန္မာက်ပ္ေငြ ၈သိန္းေက်ာ္ခန႔္) နဲ႔ အျမင့္ဆုံး version ျဖစ္တဲ့ 12GB RAM/ 256GB ကေတာ့ CNY 4298 (ျမန္မာက်ပ္ေငြ ၉သိန္းခြဲေက်ာ္ခန႔္) က်သင့္မွာ ျဖစ္ပါတယ္။

ဖုန္းကို အသုံးျပဳရာမွာ perfomance ကို ခ်ိန္ညႇိေပးရန္အတြက္ Turbo modes ၅ မ်ိဳးလဲ ပါဝင္ၿပီး AI Turbo, Centre Turbo, Net Turbo, Cooling Turbo နဲ႔ Game Turbo တို႔ကို သင့္အေနနဲ႔ စိတ္ႀကိဳက္ေျပာင္းလဲ အသုံးျပဳႏိုင္မွာပါ။

Android 9.0 Pie ကို Funtouch OS 9 နဲ႔ တြဲဖက္အသုံးျပဳထားၿပီး၊ မ်က္ႏွာျပင္အ႐ြယ္အစားကေတာ့ 6.41-inch ကို full-HD+ (1080x2340 pixels) AMOLED မ်က္ႏွာျပင္ တပ္ဆင္ထားၿပီး၊ မ်က္ႏွာျပင္ ဒီဇိုင္းကေတာ့ ေရစက္ပုံစံ notch နဲ႔ ျဖစ္ပါတယ္။

Gaming ဖုန္း ျဖစ္တာနဲ႔အညီ ေဘးဘက္မွာ ခလုတ္တစ္ခုပါဝင္ၿပီး အျခားေသာ game အသုံးအေဆာင္ ခလုတ္ေတြ တပ္ဆင္စရာမလိုေတာ့ပါဘူး၊ vapour cooling system ကေတာ့ ဖုန္းရဲ႕ အပူခ်ိန္ကို ေလွ်ာ့ခ်ေပးမွာျဖစ္ကာ ဂိမ္းေဆာ့ရင္း ပူလာၿပီး ရပ္သြားတာမ်ိဳး မျဖစ္ဘူးလို႔ ဆိုထားပါတယ္။

iQoo Gaming ဖုန္းကို တ႐ုတ္မွ အြန္လိုင္းစတိုးေတြကေန March 6 ရက္ေန႔မွာ ပထမဆုံး flash sale ကို ေရာင္းခ်ေပးမွာျဖစ္ၿပီး၊ ျမန္မာႏိုင္ငံသို႔ ဝင္ေရာက္လာခဲ့ရင္လည္း gamers ေတြအတြက္ ေ႐ြးခ်ယ္စရာ Gaming ဖုန္းတစ္လုံး ျဖစ္ပါတယ္။

Damien
Ref - gadget.ndtv