【 နည်းပညာ 】 သတင်းအမှားတွေကို ဖယ်ထုတ်သွားမယ့် Facebook နဲ့ Instagram

【 နည်းပညာ 】 သတင်းအမှားတွေကို ဖယ်ထုတ်သွားမယ့် Facebook နဲ့ Instagram

Facebook ကုမ္ပဏီအနေနဲ့ ၎င်းရဲ့ လူမှုကွန်ယက်ပေါ်မှာ သတင်းအမှားတွေ ပြန့်ပွားနေမှုကို ထိန်းချုပ်သွားမယ်လို့ ဆိုလိုက်ပါတယ်။

အဓိက ကတော့ ဝူဟန် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားလာတဲ့အချိန်မှာ ဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ သတင်းအမှားတွေ ဆက်တိုက်ဆိုသလို လူမှုကွန်ယက်တွေပေါ်မှာ မြင်တွေ့လာရတာကြောင့် ဖြစ်ပါတယ်။

ဝူဟန် ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ သတင်းအမှားတွေကို Facebook တင်မက Instagram ပေါ်မှာပါ ထိန်းချုပ်သွားမှာ ဖြစ်ပါတယ်။လက်ရှိအချိန်မှာ ဗိုင်းရပ်စ် သတင်းအမှားတွေကြောင့် သုံးစွဲတွေကြားမှာ စိတ်အနှောက်အယှက်ဖြစ်တာတွေ ကြောက်ရွံ့ထိတ်လန့်မှုတွေ ဖြစ်ပေါ်လျက်ရှိပြီး၊ လူမှုကွန်ယက် သုံးစွဲသူတွေအနေနဲ့လည်း World Health Organization (WHO) နဲ့ မိမိတို့နိုင်ငံရဲ့ တရား၀င် ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေကိုသာ စောင့်ကြည့်ယုံကြည်သင့်တယ်လို့လည်း ဆိုပါတယ်။

Instagram ပေါ်မှာ Hashtags # အသုံးပြုပြီး ဗိုင်းရပ်စ်သတင်းအမှားတွေ ဖြန့်ဝေရင်တော့ သင့်အနေနဲ့ ချက်ချင်းပိတ်ပင်ခြင်း သို့မဟုတ် တားဆီးထားခြင်းခံရမယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ လူမှုကွန်ယက်တွေပေါ်မှာ ဝူဟန် ကိုရိုနာဗိုင်းရပ်စ်ရဲ့ သတင်းအမှားတွေ ဆက်တိုက်ဆိုသလို ပျံ့နှံ့လျက်ရှိပြီး Facebook အနေနဲ့ ထိန်းချုပ်ပေးသွားနိုင်မလား ဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Damien
( Zawgyi )
Facebook ကုမၸဏီအေနနဲ႔ ၎ရဲ႕ လူမႈကြန္ယက္ေပၚမွာ သတင္းအမွားေတြ ျပန႔္ပြားေနမႈကို ထိန္းခ်ဳပ္သြားမယ္လို႔ ဆိုလိုက္ပါတယ္။

အဓိက ကေတာ့ ဝူဟန္ ကို႐ိုနာဗိုင္းရပ္စ္ ျဖစ္ပြားလာတဲ့အခ်ိန္မွာ ဗိုင္းရပ္စ္နဲ႔ ပတ္သက္တဲ့ သတင္းအမွားေတြ ဆက္တိုက္ဆိုသလို လူမႈကြန္ယက္ေတြေပၚမွာ ျမင္ေတြ႕လာရတာေၾကာင့္ ျဖစ္ပါတယ္။

ဝူဟန္ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ပတ္သက္တဲ့ သတင္းအမွားေတြကို Facebook တင္မက Instagram ေပၚမွာပါ ထိန္းခ်ဳပ္သြားမွာ ျဖစ္ပါတယ္။လက္ရွိအခ်ိန္မွာ ဗိုင္းရပ္စ္ သတင္းအမွားေတြေၾကာင့္ သုံးစြဲေတြၾကားမွာ စိတ္အေႏွာက္အယွက္ျဖစ္တာေတြ ေၾကာက္႐ြံ႕ထိတ္လန႔္မႈေတြ ျဖစ္ေပၚလ်က္ရွိၿပီး၊ လူမႈကြန္ယက္ သုံးစြဲသူေတြအေနနဲ႔လည္း World Health Organization (WHO) နဲ႔ မိမိတို႔ႏိုင္ငံရဲ႕ တရား၀င္ က်န္းမာေရးဌာနက ထုတ္ျပန္တဲ့ သတင္းအခ်က္အလက္ေတြကိုသာ ေစာင့္ၾကည့္ယုံၾကည္သင့္တယ္လို႔လည္း ဆိုပါတယ္။

Instagram ေပၚမွာ Hashtags # အသုံးျပဳၿပီး ဗိုင္းရပ္စ္သတင္းအမွားေတြ ျဖန႔္ေဝရင္ေတာ့ သင့္အေနနဲ႔ ခ်က္ခ်င္းပိတ္ပင္ျခင္း သို႔မဟုတ္ တားဆီးထားျခင္းခံရမယ္လို႔ သိရပါတယ္။

လက္ရွိအခ်ိန္မွာ ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြရဲ႕ လူမႈကြန္ယက္ေတြေပၚမွာ ဝူဟန္ ကို႐ိုနာဗိုင္းရပ္စ္ရဲ႕ သတင္းအမွားေတြ ဆက္တိုက္ဆိုသလို ပ်ံ႕ႏွံ႔လ်က္ရွိၿပီး Facebook အေနနဲ႔ ထိန္းခ်ဳပ္ေပးသြားႏိုင္မလား ဆိုတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

Damien