【 နည်းပညာ 】 ရွေးချယ်ဝယ်ယူစရာ တန်ဖိုးသင့် စမတ်ဖုန်းများ

【  နည်းပညာ 】 ရွေးချယ်ဝယ်ယူစရာ တန်ဖိုးသင့် စမတ်ဖုန်းများ

၂၀၁၉ ခုနှစ် အစပိုင်းမှာပဲ ပိုမိုဆန်းသစ်တဲ့ နည်းပညာတွေနဲ့ စမတ်ဖုန်းတွေကို အပြိုင်အဆိုင် မိတ်ဆက်လာခဲ့ကြတာကို မြင်တွေ့ခဲ့ကြပြီးပြီ ထင်ပါတယ်။

Samsung, Huawei တို့ကလည်း ၎င်းတို့ရဲ့ ကွေးညွတ်နိုင်တဲ့ စမတ်ဖုန်းတွေကို အပြိုင်အဆိုင် မိတ်ဆက်ခဲ့ကြသလို Xiaomi, Sony, Vivo တို့ကလည်း ထုတ်ကုန်အသစ်တွေကို မိတ်ဆက်ခဲ့ကြပါတယ်။

နည်းပညာ ဆန်းသစ်တဲ့ ထုတ်ကုန်အသစ်တွေ ဖြစ်တာနဲ့အညီ ဈေးနှုန်းတွေလည်း ကြီးမြင့်နေဦးမှာပါ။အကယ်၍ သင်တို့ဟာ ဈေးနှုန်းကြီးမြင့်နေလို့ မဝယ်ယူချင်သေးဘူး တန်ဖိုးသင့်တဲ့ စမတ်ဖုန်းပဲ အသုံးပြုချင်တယ်ဆိုရင်တော့ လက်ရှိ မြန်မာနိုင်ငံ ဈေးကွက်ထဲမှာ ဈေးနှုန်းသင့်တင့်ပြီး အသုံးပြုလို့ အဆင်ပြေတဲ့ စမတ်ဖုန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Xiaomi Mi 8 Lite ဟာ တန်ဖိုးသင့် စမတ်ဖုန်းထဲမှာ သုံးရကျိုးနပ်ပြီး နည်းပညာလဲမြင့်ပါတယ်။ version တွေ အနေနဲ့ 4/64GB, 4/128GB, 6/64GB နဲ့ 6/128GB ဆိုပြီး ထွက်ရှိထားကာ ဈေးနှုန်းကတော့ ၂သိန်း ၇သောင်းဝန်းကျင်ကနေ ၃သိန်းခွဲဝန်းကျင်ထိ ကျသင့်ပါမယ်။

၂။ Xiaomi Mi Play ဈေးနှုန်းသင့်တင့်တဲ့ စမတ်ဖုန်းတစ်လုံးဖြစ်ပြီး ဈေးကွက်ထဲမှာ 4/64GB, 6/64GB နဲ့ 6/128GB ဆိုပြီး သုံးမျိုးတွေ့ရပါတယ်။ဈေးနှုန်းအနေနဲ့ ၂သိန်း ၃သောင်းကနေ ၃သိန်းဝန်းကျင် ရှိပါတယ်။

၃။ နောက်တစ်ခုကတော့ Realme brand ပါ ပြည်တွင်းမှာ လူကြိုက်များတဲ့ ဖုန်းအမျိုးအစားလဲ ဖြစ်ပါတယ်။ Realme C1, Realme U1, Realme 2 pro ဆိုပြီး သုံးမျိုးထွက်ရှိထားကာ ၁သိန်း ၆သောင်းဝန်းကျင်ကနေ ၄သိန်းဝန်းကျင်ထိ ကျသင့်မှာပါ။

၄။ Redmi Note 7 48MP ကင်မရာနဲ့ တန်ဖိုးသင့် စမတ်ဖုန်းလောကကို ကိုင်လှုပ်ခဲ့တာပါ။လက်ရှိမှာ ဈေးကွက်မှာ ပြတ်လပ်တဲ့အထိ ဝယ်ယူသူတွေ အကြိုက်တွေ့နေတဲ့ စမတ်ဖုန်းပါ၊ 3/32GB, 4/64GB, 6/64GB version သုံးမျိုးထွက်ရှိထားပြီး ဈေးနှုန်း ၂သိန်း ၇သောင်းကနေ ၃သိန်းခွဲဝန်းကျင် ရှိပါမယ်။

အခြားသော brand တွေထဲက ဆိုရင် Oppo နဲ့ Vivo မှာလည်း ၂သိန်းကနေ ၃သိန်းခွဲဝန်းကျင် ဈေးနှုန်းတွေနဲ့ ရွေးချယ်နိုင်စရာတွေ ရှိပါသေးတယ်။

အခုဖော်ပြပေးလိုက်တာကတော့ မြန်မာနိုင်ငံ ဈေးကွက်တွင်း လူကြိုက်များနေတဲ့ တန်ဖိုးသင့် စမတ်ဖုန်းတွေပဲဖြစ်ပြီး၊ သင်တို့ဆိုရင်ရော ဘယ်အမျိုးအစားကို ရွေးချယ်ဝယ်ယူကြမလဲ........။

Damien 

(  Zawgyi  )

၂၀၁၉ ခုႏွစ္ အစပိုင္းမွာပဲ ပိုမိုဆန္းသစ္တဲ့ နည္းပညာေတြနဲ႔ စမတ္ဖုန္းေတြကို အၿပိဳင္အဆိုင္ မိတ္ဆက္လာခဲ့ၾကတာကို ျမင္ေတြ႕ခဲ့ၾကၿပီးၿပီ ထင္ပါတယ္။

Samsung, Huawei တို႔ကလည္း ၎တို႔ရဲ႕ ေကြးၫြတ္ႏိုင္တဲ့ စမတ္ဖုန္းေတြကို အၿပိဳင္အဆိုင္ မိတ္ဆက္ခဲ့ၾကသလို Xiaomi, Sony, Vivo တို႔ကလည္း ထုတ္ကုန္အသစ္ေတြကို မိတ္ဆက္ခဲ့ၾကပါတယ္။

နည္းပညာ ဆန္းသစ္တဲ့ ထုတ္ကုန္အသစ္ေတြ ျဖစ္တာနဲ႔အညီ ေစ်းႏႈန္းေတြလည္း ႀကီးျမင့္ေနဦးမွာပါ။အကယ္၍ သင္တို႔ဟာ ေစ်းႏႈန္းႀကီးျမင့္ေနလို႔ မဝယ္ယူခ်င္ေသးဘူး တန္ဖိုးသင့္တဲ့ စမတ္ဖုန္းပဲ အသံုးျပဳခ်င္တယ္ဆိုရင္ေတာ့ လက္႐ွိ ျမန္မာႏိုင္ငံ ေစ်းကြက္ထဲမွာ ေစ်းႏႈန္းသင့္တင့္ၿပီး အသံုးျပဳလို႔ အဆင္ေျပတဲ့ စမတ္ဖုန္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ Xiaomi Mi 8 Lite ဟာ တန္ဖိုးသင့္ စမတ္ဖုန္းထဲမွာ သံုးရက်ိဳးနပ္ၿပီး နည္းပညာလဲျမင့္ပါတယ္။ version ေတြ အေနနဲ႔ 4/64GB, 4/128GB, 6/64GB နဲ႔ 6/128GB ဆိုၿပီး ထြက္႐ွိထားကာ ေစ်းႏႈန္းကေတာ့ ၂သိန္း ၇ေသာင္းဝန္းက်င္ကေန ၃သိန္းခြဲဝန္းက်င္ထိ က်သင့္ပါမယ္။

၂။ Xiaomi Mi Play ေစ်းႏႈန္းသင့္တင့္တဲ့ စမတ္ဖုန္းတစ္လံုးျဖစ္ၿပီး ေစ်းကြက္ထဲမွာ 4/64GB, 6/64GB နဲ႔ 6/128GB ဆိုၿပီး သံုးမ်ိဳးေတြ႕ရပါတယ္။ေစ်းႏႈန္းအေနနဲ႔ ၂သိန္း ၃ေသာင္းကေန ၃သိန္းဝန္းက်င္ ႐ွိပါတယ္။

၃။ ေနာက္တစ္ခုကေတာ့ Realme brand ပါ ျပည္တြင္းမွာ လူႀကိဳက္မ်ားတဲ့ ဖုန္းအမ်ိဳးအစားလဲ ျဖစ္ပါတယ္။ Realme C1, Realme U1, Realme 2 pro ဆိုၿပီး သံုးမ်ိဳးထြက္႐ွိထားကာ ၁သိန္း ၆ေသာင္းဝန္းက်င္ကေန ၄သိန္းဝန္းက်င္ထိ က်သင့္မွာပါ။

၄။ Redmi Note 7 48MP ကင္မရာနဲ႔ တန္ဖိုးသင့္ စမတ္ဖုန္းေလာကကို ကိုင္လႈပ္ခဲ့တာပါ။လက္႐ွိမွာ ေစ်းကြက္မွာ ျပတ္လပ္တဲ့အထိ ဝယ္ယူသူေတြ အႀကိဳက္ေတြ႕ေနတဲ့ စမတ္ဖုန္းပါ၊ 3/32GB, 4/64GB, 6/64GB version သံုးမ်ိဳးထြက္႐ွိထားၿပီး ေစ်းႏႈန္း ၂သိန္း ၇ေသာင္းကေန ၃သိန္းခြဲဝန္းက်င္ ႐ွိပါမယ္။

အျခားေသာ brand ေတြထဲက ဆိုရင္ Oppo နဲ႔ Vivo မွာလည္း ၂သိန္းကေန ၃သိန္းခြဲဝန္းက်င္ ေစ်းႏႈန္းေတြနဲ႔ ေရြးခ်ယ္ႏိုင္စရာေတြ ႐ွိပါေသးတယ္။

အခုေဖာ္ျပေပးလိုက္တာကေတာ့ ျမန္မာႏိုင္ငံ ေစ်းကြက္တြင္း လူႀကိဳက္မ်ားေနတဲ့ တန္ဖိုးသင့္ စမတ္ဖုန္းေတြပဲျဖစ္ၿပီး၊ သင္တို႔ဆိုရင္ေရာ ဘယ္အမ်ိဳးအစားကို ေရြးခ်ယ္ဝယ္ယူၾကမလဲ........။

Damien