【 နည်းပညာ 】 မျက်နှာပြင်ပြည့် ဖုန်းတွေကို ထုတ်လုပ်ဖို့ ကြံရွယ်လာတဲ့ Samsung

【 နည်းပညာ 】 မျက်နှာပြင်ပြည့် ဖုန်းတွေကို ထုတ်လုပ်ဖို့ ကြံရွယ်လာတဲ့ Samsung

ပိုမိုသာလွန်တဲ့ မျက်နှာပြင်ပြည့် ဖုန်းတွေကို ထုတ်လုပ်ဖို့ ကြိုးပမ်းသွားမယ်လို့ Samsung Electronics မှ ကြာသပတေးနေ့က ပြောကြားလိုက်ပါတယ်။

Infinity-O လို့ အမည်ရတဲ့ မျက်နှာပြင်မှာ ကင်မရာမြှုပ်ထားတဲ့ ပုံစံကိုတော့ Galaxy S10 စမတ်ဖုန်းမှာ အသုံးပြုခဲ့တာဖြစ်ပြီး နောင်လာမယ့် စမတ်ဖုန်းတွေမှာတော့ မျက်နှာပြင်ပြည့် ပုံစံကို အသုံးပြုသွားမယ်လို့ တောင်ကိုရီးယား နည်းပညာဘီလူးကြီးက ဆိုပါတယ်။

"OLED (organic light-emitting diode) မျက်နှာပြင်ပေါ်မှာ အပေါက်ဖောက်ပြီး ကင်မရာမြှုပ်ထည့်ရတာဟာ နည်းပညာပိုင်းအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်တယ်" လို့လည်း Samsung's Mobile Communication R&D Group Display ရဲ့ Vice President ဖြစ်တဲ့ ရန်ရွမ်ဒပ် (Yang Byung-Duk) မှ ယုံဟတ် သတင်းအေဂျင်စီကို ပြောကြားခဲ့ပါတယ်။

"၁၀ နှစ်ပြည့် Galaxy မော်ဒယ်တွေအတွက် နည်းပညာပိုင်း ဆန်းသစ်ရတာလည်း ပင်ပန်းနေပြီ" လို့ ထပ်မံပြောကြားခဲ့ပါတယ်။

ဒါ့အပြင် "Galaxy S10 စမတ်ဖုန်းဟာ OLED မျက်နှာပြင်မှာ အပေါက်ပါတဲ့ တစ်ခုတည်းသော ဖုန်းဖြစ်ပါလိမ့်မယ်" လို့လည်း ရန် က ပြောကြားခဲ့ပါတယ်။

Samsung ရဲ့ တကယ်မူလရည်ရွယ်ချက်ကတော့ မျက်နှာပြင်အောက်ခြေမှာ အာရုံခံကိရိယာအားလုံးကို မြှုပ်ထည့်တဲ့ပုံစံကို တီထွင်ဆန်းသစ်ချင်တာလဲ ဖြစ်ပါတယ်။

Samsung Galaxy S10 ရဲ့ Infinity-O ဟာ  ရှေ့ဘက် ကင်မရာကို မျက်နှာပြင်တွင် အပေါက်ဖောက်ကာ ထည့်သွင်းထားတာဖြစ်ပြီး၊ ကမ္ဘာ့ပထမဆုံး Ultrasonic လက်ဗွေဖတ်စက်ကိုတော့ မျက်နှာပြင်အောက်ခြေမှာ မြှုပ်နှံထားတာပဲ ဖြစ်ပါတယ်။

ရန် ကတော့ နောင်လာမယ့် ၁ နှစ်၊ ၂ နှစ်အတွင်းမှာပဲ Samsung ရဲ့ ဆန်းသစ်တီထွင်လာမယ့် မျက်နှာပြင်ပြည့် စမတ်ဖုန်းတွေကို တွေ့မြင်ရပါလိမ့်မယ်လို့လည်း ပြောကြားခဲ့ပါတယ်။

Damien
Ref - gadget.ndtv

( Zawgyi )

ပိုမိုသာလြန္တဲ့ မ်က္ႏွာျပင္ျပည့္ ဖုန္းေတြကို ထုတ္လုပ္ဖို႔ ႀကိဳးပမ္းသြားမယ္လို႔ Samsung Electronics မွ ၾကာသပေတးေန႔က ေျပာၾကားလိုက္ပါတယ္။

Infinity-O လို႔ အမည္ရတဲ့ မ်က္ႏွာျပင္မွာ ကင္မရာျမႇဳပ္ထားတဲ့ ပုံစံကိုေတာ့ Galaxy S10 စမတ္ဖုန္းမွာ အသုံးျပဳခဲ့တာျဖစ္ၿပီး ေနာင္လာမယ့္ စမတ္ဖုန္းေတြမွာေတာ့ မ်က္ႏွာျပင္ျပည့္ ပုံစံကို အသုံးျပဳသြားမယ္လို႔ ေတာင္ကိုရီးယား နည္းပညာဘီလူးႀကီးက ဆိုပါတယ္။

"OLED (organic light-emitting diode) မ်က္ႏွာျပင္ေပၚမွာ အေပါက္ေဖာက္ၿပီး ကင္မရာျမႇဳပ္ထည့္ရတာဟာ နည္းပညာပိုင္းအတြက္ စိန္ေခၚမႈတစ္ရပ္ ျဖစ္တယ္" လို႔လည္း Samsung's Mobile Communication R&D Group Display ရဲ႕ Vice President ျဖစ္တဲ့ ရန္႐ြမ္ဒပ္ (Yang Byung-Duk) မွ ယုံဟတ္ သတင္းေအဂ်င္စီကို ေျပာၾကားခဲ့ပါတယ္။

"၁၀ ႏွစ္ျပည့္ Galaxy ေမာ္ဒယ္ေတြအတြက္ နည္းပညာပိုင္း ဆန္းသစ္ရတာလည္း ပင္ပန္းေနၿပီ" လို႔ ထပ္မံေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ "Galaxy S10 စမတ္ဖုန္းဟာ OLED မ်က္ႏွာျပင္မွာ အေပါက္ပါတဲ့ တစ္ခုတည္းေသာ ဖုန္းျဖစ္ပါလိမ့္မယ္" လို႔လည္း ရန္ က ေျပာၾကားခဲ့ပါတယ္။

Samsung ရဲ႕ တကယ္မူလရည္႐ြယ္ခ်က္ကေတာ့ မ်က္ႏွာျပင္ေအာက္ေျခမွာ အာ႐ုံခံကိရိယာအားလုံးကို ျမႇဳပ္ထည့္တဲ့ပုံစံကို တီထြင္ဆန္းသစ္ခ်င္တာလဲ ျဖစ္ပါတယ္။

Samsung Galaxy S10 ရဲ႕ Infinity-O ဟာ  ေရွ႕ဘက္ ကင္မရာကို မ်က္ႏွာျပင္တြင္ အေပါက္ေဖာက္ကာ ထည့္သြင္းထားတာျဖစ္ၿပီး၊ ကမာၻ႔ပထမဆုံး Ultrasonic လက္ေဗြဖတ္စက္ကိုေတာ့ မ်က္ႏွာျပင္ေအာက္ေျခမွာ ျမႇဳပ္ႏွံထားတာပဲ ျဖစ္ပါတယ္။

ရန္ ကေတာ့ ေနာင္လာမယ့္ ၁ ႏွစ္၊ ၂ ႏွစ္အတြင္းမွာပဲ Samsung ရဲ႕ ဆန္းသစ္တီထြင္လာမယ့္ မ်က္ႏွာျပင္ျပည့္ စမတ္ဖုန္းေတြကို ေတြ႕ျမင္ရပါလိမ့္မယ္လို႔လည္း ေျပာၾကားခဲ့ပါတယ္။

Damien
Ref - gadget.ndtv