【 နည်းပညာ 】 ဖေ့စ်ဘုတ်က မြူးနစ် နည်းပညာတက္ကသိုလ်နှင့် ပါ့တနာဖွဲ့၍ ဉာဏ်ရည်တု အေအိုင်နယ်ပယ်၏ ကျင့်ဝတ်ဗေဒကို လေ့လာဆန်းစစ်မည်

【 နည်းပညာ 】 ဖေ့စ်ဘုတ်က မြူးနစ် နည်းပညာတက္ကသိုလ်နှင့် ပါ့တနာဖွဲ့၍ ဉာဏ်ရည်တု အေအိုင်နယ်ပယ်၏ ကျင့်ဝတ်ဗေဒကို လေ့လာဆန်းစစ်မည်

ဉာဏ်ရည်တု အေအိုင်က လူတွေကို တရားမျှတစွာ ဆက်ဆံပြီး၊ လူတွေရဲ့ လုံခြုံမှုကိုလည်း ကာကွယ်၊ လူတွေရဲ့ တစ်ကိုယ်ရေ လွတ်လပ်ခွင့်ကိုလည်း လေးစား၊ လူတွေအတွက်လည်း အလုပ် လုပ်ပေးစေမယ့် ကျင့်ဝတ်ပိုင်းကို လေ့လာဆန်းစစ်ဖို့နဲ့ ရွေးကောက်ပွဲရဲ့ စစ်မှန်ရိုးသားမှုကို ကာကွယ်ဖို့အတွက် လူမှုကွန်ရက်ကြီး ဖေ့စ်ဘုတ်ဟာ ဂျာမနီမှာ စွန့်ဦးနည်းဗျူဟာတစ်ရပ်ကို စတင်လုပ်ဆောင်နေပါတယ်။

ယူကေ အကြံပေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Cambridge Analytica က ရွေးကောက်ပွဲ မဲဆွယ်ကြော်ငြာဖို့အတွက် အမေရိကန်သုံးစွဲသူ သန်းပေါင်းများစွာရဲ့ အချက်အလက်တွေကို မမှန်မကန်ရယူခဲ့တယ်ဆိုတဲ့ သတင်းတွေရဲ့ ထိုးနှက်ခံလိုက်ရလို့ ကမ္ဘာ့အကြီးဆုံး လူမှုကွန်ရက်ကြီးအတွက် ၂၀၁၈ခုနှစ်ဟာ ခက်ခဲကြမ်းတမ်းတဲ့ နှစ်တစ်နှစ်ပဲ ဖြစ်ပါတယ်။

အမေရိကန် FTCကလည်း သုံးစွဲသူတွေရဲ့ တစ်ကိုယ်ရေ လွတ်လပ်ခွင့်ကို ကာကွယ်ရမယ်ဆိုတဲ့ သဘောတူညီချက်ကို ချိုးဖောက်တဲ့အတွက် ဖေ့စ်ဘုတ်ကို ဒဏ်ရိုက်ဖို့ ဆွေးနွေးနေကြပါတယ်။

 
“ကျနော်တို့ဟာ ၂၀၁၆ခုနှစ်တုန်းကလို၊ အရင်နှစ်တုန်းကလို ကုမ္ပဏီမဟုတ်တော့ပါဘူး”လို့ ဖေ့စ်ဘုတ်ရဲ့ စီအိုအို ရှရီ ဆန်းဘာ့က DLD Munich နည်းပညာ ကွန်ဖရင့်မှာ ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ဟာ ဒီနေ့မှာ ကုမ္ပဏီကို ဘယ်လိုထိန်းကျောင်း လည်ပတ်မလဲဆိုတာကို အခြေခံကျကျ ခြားနားတဲ့နည်းနဲ့ ချဉ်းကပ်နေပါတယ်”လို့လည်း ၎င်းက ပြောကြားခဲ့ပါတယ်။

လူမှုကွန်ရက်ကြီးဖေ့စ်ဘုတ်က လွတ်လပ်တဲ့ အေအိုင် ကျင့်ဝတ်သုတေသနစင်တာကို ဖန်တီးထူထောင်ဖို့အတွက် မြူးနစ်နည်းပညာတက္ကသိုလ် (TUM) နဲ့ ပါ့တနာဖွဲ့လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။အေအိုင်ကျင့်ဝတ် အင်စတီကျုကို ဖေ့စ်ဘုတ်က ၅နှစ်ကာလမှ ကနဦးမတည်ငွေ ဒေါ်လာ ၇.၅သန်း ထောက်ပံ့သွားမှာဖြစ်ပြီး နည်းပညာသစ်ရဲ့ ကျင့်ဝတ်သုတေသနနယ်ပယ်ကို မြှင့်တင်သွားမှာဖြစ်သလို၊ အေအိုင် အသံုံးပြုမှုနဲ့ပတ်သက်တဲ့ အခြေခံကျတဲ့ပြဿနာတွေနဲ့ ဂယက်ရိုက်သက်ရောက်မှုတွေကို လေ့လာစူးစမ်းသွားမှာပဲ ဖြစ်ပါတယ်။

အေအိုင်နည်းပညာဟာ လူ့အဖွဲ့အစည်းကို တိုးတိုးပြီး သက်ရောက်လာတာနဲ့အမျှ ဒီနည်းပညာတိုးတက်မှုတွေကို မောင်းနှင်နေသူတွေအနေနဲ့ တာဝန်သိဖို့လည်း လိုအပ်လာပါတယ်။

 

အေအိုင်က လူတွေကို တရားမျှတစွာဆက်ဆံ၊ လူတွေရဲ့ လုံခြုံမှုကို ကာကွယ်ပေး၊ လူတွေရဲ့ တကိုယ်ရေလွတ်လပ်ခွင့်ကို လေးစားပြီး လူတွေအတွက် အလုပ်လုပ်ပေးရမှာဖြစ်တယ်လို့ ဆိုပါတယ်။

AI Tech
Ref : CDRinfo
ဇန်နဝါရီ - ၂၁

( Zawgyi )

ဉာဏ္ရည္တု ေအအိုင္က လူေတြကို တရားမွ်တစြာ ဆက္ဆံၿပီး၊ လူေတြရဲ႕ လုံၿခဳံမႈကိုလည္း ကာကြယ္၊ လူေတြရဲ႕ တစ္ကိုယ္ေရ လြတ္လပ္ခြင့္ကိုလည္း ေလးစား၊ လူေတြအတြက္လည္း အလုပ္ လုပ္ေပးေစမယ့္ က်င့္ဝတ္ပိုင္းကို ေလ့လာဆန္းစစ္ဖို႔နဲ႔ ေ႐ြးေကာက္ပြဲရဲ႕ စစ္မွန္႐ိုးသားမႈကို ကာကြယ္ဖို႔အတြက္ လူမႈကြန္ရက္ႀကီး ေဖ့စ္ဘုတ္ဟာ ဂ်ာမနီမွာ စြန႔္ဦးနည္းဗ်ဴဟာတစ္ရပ္ကို စတင္လုပ္ေဆာင္ေနပါတယ္။

ယူေက အႀကံေပးကုမၸဏီတစ္ခုျဖစ္တဲ့ Cambridge Analytica က ေ႐ြးေကာက္ပြဲ မဲဆြယ္ေၾကာ္ျငာဖို႔အတြက္ အေမရိကန္သုံးစြဲသူ သန္းေပါင္းမ်ားစြာရဲ႕ အခ်က္အလက္ေတြကို မမွန္မကန္ရယူခဲ့တယ္ဆိုတဲ့ သတင္းေတြရဲ႕ ထိုးႏွက္ခံလိုက္ရလို႔ ကမာၻ႔အႀကီးဆုံး လူမႈကြန္ရက္ႀကီးအတြက္ ၂၀၁၈ခုႏွစ္ဟာ ခက္ခဲၾကမ္းတမ္းတဲ့ ႏွစ္တစ္ႏွစ္ပဲ ျဖစ္ပါတယ္။

အေမရိကန္ FTCကလည္း သုံးစြဲသူေတြရဲ႕ တစ္ကိုယ္ေရ လြတ္လပ္ခြင့္ကို ကာကြယ္ရမယ္ဆိုတဲ့ သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္တဲ့အတြက္ ေဖ့စ္ဘုတ္ကို ဒဏ္႐ိုက္ဖို႔ ေဆြးေႏြးေနၾကပါတယ္။

 
“က်ေနာ္တို႔ဟာ ၂၀၁၆ခုႏွစ္တုန္းကလို၊ အရင္ႏွစ္တုန္းကလို ကုမၸဏီမဟုတ္ေတာ့ပါဘူး”လို႔ ေဖ့စ္ဘုတ္ရဲ႕ စီအိုအို ရွရီ ဆန္းဘာ့က DLD Munich နည္းပညာ ကြန္ဖရင့္မွာ ေျပာၾကားခဲ့ပါတယ္။

“က်ေနာ္တို႔ဟာ ဒီေန႔မွာ ကုမၸဏီကို ဘယ္လိုထိန္းေက်ာင္း လည္ပတ္မလဲဆိုတာကို အေျခခံက်က် ျခားနားတဲ့နည္းနဲ႔ ခ်ဥ္းကပ္ေနပါတယ္”လို႔လည္း ၎က ေျပာၾကားခဲ့ပါတယ္။

လူမႈကြန္ရက္ႀကီးေဖ့စ္ဘုတ္က လြတ္လပ္တဲ့ ေအအိုင္ က်င့္ဝတ္သုေတသနစင္တာကို ဖန္တီးထူေထာင္ဖို႔အတြက္ ျမဴးနစ္နည္းပညာတကၠသိုလ္ (TUM) နဲ႔ ပါ့တနာဖြဲ႕လိုက္ၿပီျဖစ္ေၾကာင္း ေၾကညာခဲ့ပါတယ္။ေအအိုင္က်င့္ဝတ္ အင္စတီက်ဳကို ေဖ့စ္ဘုတ္က ၅ႏွစ္ကာလမွ ကနဦးမတည္ေငြ ေဒၚလာ ၇.၅သန္း ေထာက္ပံ့သြားမွာျဖစ္ၿပီး နည္းပညာသစ္ရဲ႕ က်င့္ဝတ္သုေတသနနယ္ပယ္ကို ျမႇင့္တင္သြားမွာျဖစ္သလို၊ ေအအိုင္ အသံုံးျပဳမႈနဲ႔ပတ္သက္တဲ့ အေျခခံက်တဲ့ျပႆနာေတြနဲ႔ ဂယက္႐ိုက္သက္ေရာက္မႈေတြကို ေလ့လာစူးစမ္းသြားမွာပဲ ျဖစ္ပါတယ္။

ေအအိုင္နည္းပညာဟာ လူ႔အဖြဲ႕အစည္းကို တိုးတိုးၿပီး သက္ေရာက္လာတာနဲ႔အမွ် ဒီနည္းပညာတိုးတက္မႈေတြကို ေမာင္းႏွင္ေနသူေတြအေနနဲ႔ တာဝန္သိဖို႔လည္း လိုအပ္လာပါတယ္။

ေအအိုင္က လူေတြကို တရားမွ်တစြာဆက္ဆံ၊ လူေတြရဲ႕ လုံၿခဳံမႈကို ကာကြယ္ေပး၊ လူေတြရဲ႕ တကိုယ္ေရလြတ္လပ္ခြင့္ကို ေလးစားၿပီး လူေတြအတြက္ အလုပ္လုပ္ေပးရမွာျဖစ္တယ္လို႔ ဆိုပါတယ္။

AI Tech
Ref : CDRinfo
ဇန္နဝါရီ - ၂၁