【 နည်းပညာ 】 တရုတ်အနောက်တောင်ပိုင်းတွင် သစ်ခွမျိုးစိတ်သစ်ကို ရှာဖွေတွေ့ရှိ

【 နည်းပညာ 】 တရုတ်အနောက်တောင်ပိုင်းတွင် သစ်ခွမျိုးစိတ်သစ်ကို ရှာဖွေတွေ့ရှိ

ပေကျင်း၊ မတ် - ၁

သစ်ခွမျိုးစိတ်သစ်တစ်ခုကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့တယ်လို့ CMG သတင်းဌာန ဖော်ပြချက်အရ သိရပါတယ်။

နိုင်ငံအနောက်တောင်ပိုင်း၊ ယူနန်ပြည်နယ်ရှိ Tongbiguan ပြည်နယ်အဆင့် သဘာဝဘေးမဲ့တောတွင် သစ်ခွမျိုးစိတ်သစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့တာပါ။

Fujian စိုက်ပျိုးရေးနဲ့ သစ်တောတက္ကသိုလ်မှ သုတေသီအဖွဲ့ဟာ သစ်ခွမျိုးစိတ်သစ်ကို တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ Phytotaxa အမည်ရ ရုက္ခဗေဒဆိုင်ရာ သိပ္ပံဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။သုတေသီတွေဟာ သစ်ခွမျိုးစိတ်သစ်ရဲ့ ရုပ်ပုံသဏ္ဍာန်နဲ့ မော်လီကျူး ဖွဲ့စည်းပုံတွေကို စနစ်တကျ သုတေသနပြုလုပ်ပြီးနောက် အဆိုပါမျိုးစိတ်ဟာ Orchidaceae မျိုးရင်းရှိ Calanthe သစ်ခွမျိုးစိတ်သစ်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြပြီး၊ ၎င်းသစ်ခွမျိုးစိတ်သစ်ကို Calanthe yingjiangensis လို့ အမည်ပေးခဲ့ပါတယ်။

ယခု တရုတ်သုတေသီတွေ ရှာဖွေတွေ့ရှိတဲ့ သစ်ခွမျိုးစိတ်သစ်ဟာ ပုံသဏ္ဍာန်ဆန်းပြားတာကို မြင်တွေ့ရပြီး၊ ခရမ်းရောင်ဖြစ်ကာ အဝါရောင်အစက်အပြောက်များလည်း ပါဝင်ပါတယ်။

လက်ရှိမှာတော့ အဆိုပါသစ်ခွမျိုးစိတ်သစ် Calanthe yingjiangensis ဟာ ယူနန်ပြည်နယ်၊ Yingjiang ကောင်တီရှိ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၆၀၀ မှ ၁၈၀၀ မီတာတွင်သာ ပေါက်ရောက်တာကို တွေ့ရှိရပြီး၊ ၎င်းရဲ့ သစ်ခွပန်းပွင့် အချိန်ကာလဟာ ဇူလိုင်လမှ သြဂုတ်လအထိဖြစ်တယ်လို့ တရုတ်သုတေသီတွေက ဆိုပါတယ်။

Damien
Ref - CMG