【 နည်းပညာ 】 စကြဝဠာထဲက ပထမဆုံး ကြယ်အချို့ကို James Webb တယ်လီစကုပ် ရှာဖွေတွေ့ရှိခဲ့ဖွယ်ရှိနေ

【 နည်းပညာ 】 စကြဝဠာထဲက ပထမဆုံး ကြယ်အချို့ကို James Webb တယ်လီစကုပ် ရှာဖွေတွေ့ရှိခဲ့ဖွယ်ရှိနေ

ဝါရှင်တန်၊ မတ် - ၁၁

James Webb တယ်လီစကုပ်ရဲ့ စကြဝဠာအတွင်း လေ့လာရှာဖွေတွေ့ရှိမှုတွေကြောင့် ကြယ်တွေရဲ့ ပထမဆုံးမျိုးဆက်အတွက် အထောက်အထားအချို့ ပေါ်ထွက်လာပြီဖြစ်ပါတယ်။

စကြဝဠာအတွင်း ပထမဆုံးပေါ်ပေါက်ခဲ့တယ်လို့ ယူဆရတဲ့ ကြယ်အချို့ဟာ အလွန်ဝေးကွာတဲ့ ဂလက်ဆီတွေထဲ တည်ရှိနေတယ်လို့ ယူဆရပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က Hubble အာကာသ တယ်လီစကုပ်ဟာ GN-z11 လို့ အမည်သတ်မှတ်ထားတဲ့ ဂလက်ဆီကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။၎င်းဂလက်ဆီကို အဝေးကွာဆုံး နဂါးငွေ့တန်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။ James Webb တယ်လီစကုပ်ကို လွှတ်တင်ပြီးချိန်မှာတော့ အလွန်ဝေးကွာတဲ့ GN-z11 ဂလက်ဆီကို အဓိကပစ်မှတ်ထား လေ့လာမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ထိုသို့လေ့လာမှုတွေ ပြုလုပ်ခဲ့ရာမှာ အဆိုပါ GN-z11 ဂလက်ဆီထဲ ပထမဆုံး ပေါ်ပေါက်ခဲ့တယ်လို့ ယူဆရတဲ့ ကြယ်အချို့ကို ရှာဖွေတွေ့ရှိခဲ့ဖွယ်ရှိတယ်လို့ ယူဆခဲ့ကြပါတယ်။

သိပ္ပံပညာရှင်တွေဟာ ကြယ်တွေရဲ့ သက်တမ်းကို ၎င်းမှာပါဝင်တဲ့ ဒြပ်ပေါင်းတွေ၊ ဒြပ်စင်တွေပမာဏနဲ့ တွက်ချက်လေ့ရှိပြီး၊ GN-z11 ဂလက်ဆီ အစွန်းအနီးမှာ အိုင်းယွန်း ဟီလီယမ်အစုအဝေးတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ထိုနေရာကို သိပ္ပံပညာရှင်တွေ စကြာဝဠာအတွင်း ပထမဆုံးပေါ်ပေါက်ခဲ့တဲ့ ကြယ်အချို့ တည်ရှိနေတာဖြစ်နိုင်တယ်လို့ ယူဆခဲ့ကြပါတယ်။

သိပ္ပံပညာရှင်တွေအနေနဲ့ စကြာဝဠာအတွင်း ပထမဆုံးပေါ်ပေါက်ခဲ့တယ်လို့ ယူဆရတဲ့ ကြယ်အချို့ကို မျက်မြင်တွေ့ရှိခဲ့ခြင်း မရှိသေးပေမယ့်လည်း ၎င်းကြယ်တွေဟာ အလွန်တောက်ပပြီး၊ အရွယ်အစားလည်း ကြီးမားနိုင်တယ်လို့ ယူဆထားပါတယ်။

တစ်ချိန်တည်းမှာပဲ GN-z11 ဂလက်ဆီရဲ့ အလယ်ဗဟိုမှာ အလွန်ကြီးမားတဲ့ တွင်းနက်ကြီးရဲ့ အထောက်အထားတွေကိုလည်း တွေ့ရှိခဲ့ပါသေးတယ်။

Damien
Ref - livescience