【 နည်းပညာ 】 ကွေးညွတ်စမတ်ဖုန်း ပုံစံသစ်ကို မိတ်ဆက်လိုက်တဲ့ Visionox

【 နည်းပညာ 】 ကွေးညွတ်စမတ်ဖုန်း ပုံစံသစ်ကို မိတ်ဆက်လိုက်တဲ့ Visionox

စမတ်ဖုန်းတွေနဲ့ LED TV တွေအတွက် မျက်နှာပြင်တွေ ထုတ်လုပ်တဲ့ ကုမ္ပဏီများရဲ့ ပထမဆုံး World Conference ပြပွဲကို တရုတ်နိုင်ငံမှာ ကျင်းပခဲ့ပါတယ်။

အဆိုပါ ပြပွဲမှာ Xiaomi Mi Mix Alpha နဲ့ Mi Note 10 တို့ကို မျက်နှာပြင်ပိုင်း ထောက်ပံ့ပေးခဲ့ရာမှ နာမည်ရလာခဲ့တဲ့ တရုတ်ကုမ္ပဏီ Visionox ကုမ္ပဏီမှ ၎င်းရဲ့ ကွေးညွတ်စမတ်ဖုန်းနဲ့ ကွေးညွတ်မျက်နှာပြင် ပုံစံသစ်တွေကို မိတ်ဆက်ပြသခဲ့ပါတယ်။

Visionox မိတ်ဆက်ပြသခဲ့တဲ့ ကွေးညွတ်စမတ်ဖုန်းပုံစံဟာ Motorola Razr 2019 နဲ့ အလွန်တရာမှ တူညီတာကို မြင်တွေ့ရပါတယ်။စမတ်ဖုန်းရဲ့ အပေါ်ဘက်ကနေ အောက်ဘက်ကို အတွင်းဘက် ကွေးညွတ်သွားတဲ့ ပုံစံဖြစ်ပြီး၊ AMOLED မျက်နှာပြင် အရွယ်အစားကတော့ ၆.၄၇ လက်မ ဖြစ်ပါတယ်။ Visionox ရဲ့ ကွေးညွတ်စမတ်ဖုန်း ပုံစံဟာ ပိုမိုလက်တွေ့ကျလာတာကို မြင်တွေ့ရပါတယ်။ဒါ့အပြင် Visionox မှ ၎င်းရဲ့ ကွေးညွတ်စမတ်ဖုန်းအနေနဲ့ ကွေးညွတ်ရာမှာ ၎င်းရဲ့ စမတ်ဖုန်းအလယ်တည့်တည့်မှာ အက်ကွဲခြင်းတွေ၊ အစင်းကြောင်းထင်တဲ့ ပြစ်ချက်တွေ မဖြစ်စေရဘူးလို့ ကတိပေးထားပါတယ်။အဆိုပါထုတ်ကုန်ဟာ လက်ရှိအချိန်မှာတော့ နောက်ဆုံးအဆင့် ထုတ်လုပ်မှုအပိုင်းကို ရောက်ရှိနေပြီလို့ သိရပါတယ်။

နောက်ထပ်မိတ်ဆက်ခဲ့တဲ့ နည်းပညာကတော့ ကွေးညွတ်လည်ပတ်နိုင်တဲ့ OLED မျက်နှာပြင် ဖြစ်ပါတယ်။အဆိုပါ လည်ပတ်နိုင်တဲ့ OLED မျက်နှာပြင်ကိုတော့ နောက်ပိုင်းထွက်ရှိလာမယ့် LED TV တွေမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။

Damien

( Zawgyi )

စမတ္ဖုန္းေတြနဲ႔ LED TV ေတြအတြက္ မ်က္ႏွာျပင္ေတြ ထုတ္လုပ္တဲ့ ကုမၸဏီမ်ားရဲ႕ ပထမဆုံး World Conference ျပပြဲကို တ႐ုတ္ႏိုင္ငံမွာ က်င္းပခဲ့ပါတယ္။

အဆိုပါ ျပပြဲမွာ Xiaomi Mi Mix Alpha နဲ႔ Mi Note 10 တို႔ကို မ်က္ႏွာျပင္ပိုင္း ေထာက္ပံ့ေပးခဲ့ရာမွ နာမည္ရလာခဲ့တဲ့ တ႐ုတ္ကုမၸဏီ Visionox ကုမၸဏီမွ ၎ရဲ႕ ေကြးၫြတ္စမတ္ဖုန္းနဲ႔ ေကြးၫြတ္မ်က္ႏွာျပင္ ပုံစံသစ္ေတြကို မိတ္ဆက္ျပသခဲ့ပါတယ္။

Visionox မိတ္ဆက္ျပသခဲ့တဲ့ ေကြးၫြတ္စမတ္ဖုန္းပုံစံဟာ Motorola Razr 2019 နဲ႔ အလြန္တရာမွ တူညီတာကို ျမင္ေတြ႕ရပါတယ္။စမတ္ဖုန္းရဲ႕ အေပၚဘက္ကေန ေအာက္ဘက္ကို အတြင္းဘက္ ေကြးၫြတ္သြားတဲ့ ပုံစံျဖစ္ၿပီး၊ AMOLED မ်က္ႏွာျပင္ အ႐ြယ္အစားကေတာ့ ၆.၄၇ လက္မ ျဖစ္ပါတယ္။ Visionox ရဲ႕ ေကြးၫြတ္စမတ္ဖုန္း ပုံစံဟာ ပိုမိုလက္ေတြ႕က်လာတာကို ျမင္ေတြ႕ရပါတယ္။ဒါ့အျပင္ Visionox မွ ၎ရဲ႕ ေကြးၫြတ္စမတ္ဖုန္းအေနနဲ႔ ေကြးၫြတ္ရာမွာ ၎ရဲ႕ စမတ္ဖုန္းအလယ္တည့္တည့္မွာ အက္ကြဲျခင္းေတြ၊ အစင္းေၾကာင္းထင္တဲ့ ျပစ္ခ်က္ေတြ မျဖစ္ေစရဘူးလို႔ ကတိေပးထားပါတယ္။အဆိုပါထုတ္ကုန္ဟာ လက္ရွိအခ်ိန္မွာေတာ့ ေနာက္ဆုံးအဆင့္ ထုတ္လုပ္မႈအပိုင္းကို ေရာက္ရွိေနၿပီလို႔ သိရပါတယ္။

ေနာက္ထပ္မိတ္ဆက္ခဲ့တဲ့ နည္းပညာကေတာ့ ေကြးၫြတ္လည္ပတ္ႏိုင္တဲ့ OLED မ်က္ႏွာျပင္ ျဖစ္ပါတယ္။အဆိုပါ လည္ပတ္ႏိုင္တဲ့ OLED မ်က္ႏွာျပင္ကိုေတာ့ ေနာက္ပိုင္းထြက္ရွိလာမယ့္ LED TV ေတြမွာ အသုံးျပဳသြားမွာ ျဖစ္ပါတယ္။

Damien