【 နည်းပညာ 】 ကလေးငယ်များအတွက် Xiaomi စမတ်နာရီ

【 နည်းပညာ 】 ကလေးငယ်များအတွက် Xiaomi စမတ်နာရီ

နို၀င်ဘာလ အစောပိုင်းတုန်းက Xiaomi မှ Mi Watch စမတ်နာရီကို မိတ်ဆက်ခဲ့တာ မြင်တွေ့ခဲ့ရပါတယ်။

ယခုတော့ ကလေးသူငယ်များအတွက် နောက်ထပ် စမတ်နာရီ မူကွဲတစ်ခုကို ထပ်မံမိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

Mi Rabbit Children's Watch 2S လို့ အမည်ရတဲ့ စမတ်နာရီလေးဟာ ကလေးငယ်များအတွက် သီးသန့်ထုတ်လုပ်ပေးထားတာပါ။ကလေးငယ်များအကြိုက် အရောင်အသွေးလေးတွေကလည်း တောက်ပပြီး၊ ကိုယ်ထည်ကိုတော့ ပလတ်စတစ်နဲ့ပဲ တည်ဆောက်ပေးထားတာ ဖြစ်ပါတယ်။အလေးချိန်ကတော့ ၄၄ ဂရမ် လေးမှာပါ။ ၁.၃ လက်မ အရွယ်အစားရှိတဲ့ 240x240 pixel အရည်အသွေးရှိ မျက်နှာပြင်ကို တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။ IPX8 ရေစိုခံအဆင့်ရှိပြီး ဖုန်းဆင်းကဒ်ထည့်သွင်းရန် nano-Sim slot လည်း ပါ၀င်မှာပါ။ဖုန်းဆင်းကဒ် ထည့်သွင်းနိုင်တဲ့အတွက် မိမိတို့ရဲ့ ကလေးငယ်များကို အမြဲမပြတ် ဆက်သွယ်နေနိုင်မှာ ဖြစ်ပါတယ်။ဒါ့အပြင် Wi-Fi, GPS, Speaker တို့လည်း ထည့်သွင်းပါ၀င်မှာ ဖြစ်ပါတယ်။ဘက်ထရီပမာဏအနေနဲ့တော့ 600mAh ပါ၀င်ပြီး ၇ ရက် အသင့်အနေအထား အသုံးခံမှာ ဖြစ်ပါတယ်။

Mi Rabbit Children's Watch 2S ကို ၂၈ ဒေါ်လာ (မြန်မာငွေ ၄၃,၀၀၀ ခန့်) နဲ့ ရောင်းချပေးသွားမှာလည်း ဖြစ်ပါတယ်။

Damien

( Zawgyi )

ႏို၀င္ဘာလ အေစာပိုင္းတုန္းက Xiaomi မွ Mi Watch စမတ္နာရီကို မိတ္ဆက္ခဲ့တာ ျမင္ေတြ႕ခဲ့ရပါတယ္။

ယခုေတာ့ ကေလးသူငယ္မ်ားအတြက္ ေနာက္ထပ္ စမတ္နာရီ မူကြဲတစ္ခုကို ထပ္မံမိတ္ဆက္လိုက္ၿပီ ျဖစ္ပါတယ္။

Mi Rabbit Children's Watch 2S လို႔ အမည္ရတဲ့ စမတ္နာရီေလးဟာ ကေလးငယ္မ်ားအတြက္ သီးသန႔္ထုတ္လုပ္ေပးထားတာပါ။ကေလးငယ္မ်ားအႀကိဳက္ အေရာင္အေသြးေလးေတြကလည္း ေတာက္ပၿပီး၊ ကိုယ္ထည္ကိုေတာ့ ပလတ္စတစ္နဲ႔ပဲ တည္ေဆာက္ေပးထားတာ ျဖစ္ပါတယ္။အေလးခ်ိန္ကေတာ့ ၄၄ ဂရမ္ ေလးမွာပါ။ ၁.၃ လက္မ အ႐ြယ္အစားရွိတဲ့ 240x240 pixel အရည္အေသြးရွိ မ်က္ႏွာျပင္ကို တပ္ဆင္ေပးထားတာ ျဖစ္ပါတယ္။ IPX8 ေရစိုခံအဆင့္ရွိၿပီး ဖုန္းဆင္းကဒ္ထည့္သြင္းရန္ nano-Sim slot လည္း ပါ၀င္မွာပါ။ဖုန္းဆင္းကဒ္ ထည့္သြင္းႏိုင္တဲ့အတြက္ မိမိတို႔ရဲ႕ ကေလးငယ္မ်ားကို အၿမဲမျပတ္ ဆက္သြယ္ေနႏိုင္မွာ ျဖစ္ပါတယ္။ဒါ့အျပင္ Wi-Fi, GPS, Speaker တို႔လည္း ထည့္သြင္းပါ၀င္မွာ ျဖစ္ပါတယ္။ဘက္ထရီပမာဏအေနနဲ႔ေတာ့ 600mAh ပါ၀င္ၿပီး ၇ ရက္ အသင့္အေနအထား အသုံးခံမွာ ျဖစ္ပါတယ္။

Mi Rabbit Children's Watch 2S ကို ၂၈ ေဒၚလာ (ျမန္မာေငြ ၄၃,၀၀၀ ခန႔္) နဲ႔ ေရာင္းခ်ေပးသြားမွာလည္း ျဖစ္ပါတယ္။

Damien