【 နည်းပညာ 】 ကမ္ဘာ့အကောင်းဆုံး ကင်မရာပါ၀င်သည့် စမတ်ဖုန်း လာမည့်လတွင် ထွက်ရှိလာဖွယ်ရှိ

【 နည်းပညာ 】 ကမ္ဘာ့အကောင်းဆုံး ကင်မရာပါ၀င်သည့် စမတ်ဖုန်း လာမည့်လတွင် ထွက်ရှိလာဖွယ်ရှိ

လက်ရှိ စမတ်ဖုန်းကင်မရာတွေထဲမှာ အကြီးမားဆုံး ကင်မရာဆင်ဆာကတော့ 108MP ဆင်ဆာပဲ ဖြစ်ပါတယ်။

အဆိုပါ 108MP ကင်မရာဆင်ဆာကို နောက်ဆုံးထွက် flagship စမတ်ဖုန်းတွေဖြစ်တဲ့ Smasung Galaxy S20 series နဲ့ Xiaomi Mi 10 series တို့မှာ မြင်တွေ့ထားရပါတယ်။

ယခု Leakster Digital Chat Station က ထွက်ပေါ်လာတဲ့ သတင်းတွေအရ 108MP ကင်မရာဆင်ဆာထက် ပိုကြီးမားတဲ့ 192MP ကင်မရာဆင်ဆာ ပါ၀င်တဲ့ စမတ်ဖုန်းဟာ လာမယ့် မေလမှာ ထွက်ရှိလာဖွယ်ရှိတယ်လို့ သိရပါတယ်။အဆိုပါစမတ်ဖုန်းဟာ မျှော်လင့်ထားကြသလို flagship စမတ်ဖုန်း ဖြစ်လာဖွယ်မရှိပဲ Snapdragon 765G နဲ့သာ မောင်းနှင်ထားပေးဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ကိုရီးယားနည်းပညာကုမ္ပဏီကြီး Samsung မှ 150MP ကင်မရာဆင်ဆာကို လုပ်ဆောင်နေပြီး အဆိုပါကင်မရာဆင်ဆာကို တရုတ်နည်းပညာကုမ္ပဏီ Xiaomi မှ ၂၀၂၀ နှစ်ကုန်ပိုင်းမှာ အသုံးပြုသွားဖွယ်ရှိပြီး၊ အခြားသော တရုတ်နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Oppo နဲ့ vivo တို့မှလည်း 150MP ကင်မရာဆင်ဆာကို ၂၀၂၁ ခုနှစ် နှစ်စပိုင်းမှာ မိတ်ဆက်ပြသွားဖွယ် ရှိပါတယ်။ဒါပေမယ့် 192MP ကင်မရာဆင်ဆာရဲ့ သတင်းတွေဟာ ကျယ်ကျယ်ပြန့်ပြန့်ကို ထွက်ပေါ်လာပြီး၊ ၎င်းဆင်ဆာနဲ့အတူ တွဲဖက်သုံးမယ့် Snapdragon 765G ကလည်း ထောက်ပံ့ပေးနိုင်တဲ့အတွက် ဒီသတင်းဟာ အမှန်ဖြစ်လာဖွယ်လည်း ရှိပါတယ်။ Snapdragon 765G chipset ဟာ 192MP ကင်မရာကို ကောင်းမွန်စွာ ထောက်ပံ့ပေးနိုင်ပြီး အခြားပြင်ပ chips တွေရဲ့အကူအညီ မလိုအပ်ဘူးလို့ သိရပါတယ်။

192MP ကင်မရာဆင်ဆာနဲ့ ပတ်သက်ပြီး သေချာစွာသိရှိရခြင်းမရှိသေးပဲ Leakster Digital Chat Station သတင်းအရတော့ လာမယ့် မေလမှာ အဆိုပါဆင်ဆာနဲ့ စမတ်ဖုန်းကို မိတ်ဆက်သွားဖွယ်ရှိနေပါတယ်။ဒီသတင်းသာမှန်ကန်ခဲ့ရင်တော့ Premium mid-range စမတ်ဖုန်းတစ်လုံးကို ကျနော်တို့မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။

Damien

( Zawgyi )

လက္ရွိ စမတ္ဖုန္းကင္မရာေတြထဲမွာ အႀကီးမားဆုံး ကင္မရာဆင္ဆာကေတာ့ 108MP ဆင္ဆာပဲ ျဖစ္ပါတယ္။

အဆိုပါ 108MP ကင္မရာဆင္ဆာကို ေနာက္ဆုံးထြက္ flagship စမတ္ဖုန္းေတြျဖစ္တဲ့ Smasung Galaxy S20 series နဲ႔ Xiaomi Mi 10 series တို႔မွာ ျမင္ေတြ႕ထားရပါတယ္။

ယခု Leakster Digital Chat Station က ထြက္ေပၚလာတဲ့ သတင္းေတြအရ 108MP ကင္မရာဆင္ဆာထက္ ပိုႀကီးမားတဲ့ 192MP ကင္မရာဆင္ဆာ ပါ၀င္တဲ့ စမတ္ဖုန္းဟာ လာမယ့္ ေမလမွာ ထြက္ရွိလာဖြယ္ရွိတယ္လို႔ သိရပါတယ္။အဆိုပါစမတ္ဖုန္းဟာ ေမွ်ာ္လင့္ထားၾကသလို flagship စမတ္ဖုန္း ျဖစ္လာဖြယ္မရွိပဲ Snapdragon 765G နဲ႔သာ ေမာင္းႏွင္ထားေပးဖြယ္ရွိတယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။

ကိုရီးယားနည္းပညာကုမၸဏီႀကီး Samsung မွ 150MP ကင္မရာဆင္ဆာကို လုပ္ေဆာင္ေနၿပီး အဆိုပါကင္မရာဆင္ဆာကို တ႐ုတ္နည္းပညာကုမၸဏီ Xiaomi မွ ၂၀၂၀ ႏွစ္ကုန္ပိုင္းမွာ အသုံးျပဳသြားဖြယ္ရွိၿပီး၊ အျခားေသာ တ႐ုတ္နည္းပညာကုမၸဏီႀကီးေတြျဖစ္တဲ့ Oppo နဲ႔ vivo တို႔မွလည္း 150MP ကင္မရာဆင္ဆာကို ၂၀၂၁ ခုႏွစ္ ႏွစ္စပိုင္းမွာ မိတ္ဆက္ျပသြားဖြယ္ ရွိပါတယ္။ဒါေပမယ့္ 192MP ကင္မရာဆင္ဆာရဲ႕ သတင္းေတြဟာ က်ယ္က်ယ္ျပန႔္ျပန႔္ကို ထြက္ေပၚလာၿပီး၊ ၎ဆင္ဆာနဲ႔အတူ တြဲဖက္သုံးမယ့္ Snapdragon 765G ကလည္း ေထာက္ပံ့ေပးႏိုင္တဲ့အတြက္ ဒီသတင္းဟာ အမွန္ျဖစ္လာဖြယ္လည္း ရွိပါတယ္။ Snapdragon 765G chipset ဟာ 192MP ကင္မရာကို ေကာင္းမြန္စြာ ေထာက္ပံ့ေပးႏိုင္ၿပီး အျခားျပင္ပ chips ေတြရဲ႕အကူအညီ မလိုအပ္ဘူးလို႔ သိရပါတယ္။

192MP ကင္မရာဆင္ဆာနဲ႔ ပတ္သက္ၿပီး ေသခ်ာစြာသိရွိရျခင္းမရွိေသးပဲ Leakster Digital Chat Station သတင္းအရေတာ့ လာမယ့္ ေမလမွာ အဆိုပါဆင္ဆာနဲ႔ စမတ္ဖုန္းကို မိတ္ဆက္သြားဖြယ္ရွိေနပါတယ္။ဒီသတင္းသာမွန္ကန္ခဲ့ရင္ေတာ့ Premium mid-range စမတ္ဖုန္းတစ္လုံးကို က်ေနာ္တို႔ျမင္ေတြ႕ရမွာလည္း ျဖစ္ပါတယ္။

Damien