【 နည်းပညာ 】ပေါက်ကြားလာတဲ့ iPhone မော်ဒယ်အသစ် သတင်းများ

【 နည်းပညာ  】ပေါက်ကြားလာတဲ့ iPhone မော်ဒယ်အသစ် သတင်းများ

Apple ရဲ့ iPhone series တွေ တစ်နှစ်မှာ တစ်ကြိမ်သာ မော်ဒယ်အသစ် ထွက်ရှိတာဖြစ်ပါတယ်။

ဒါပေမယ့် နောက်ထပ် ထွက်ရှိမယ့် iPhone မော်ဒယ်အသစ်ရဲ့ သတင်းတွေ နမူနာဒီဇိုင်း‌တွေကတော့ အမြဲလိုလို ပေါက်ကြားလာခဲ့တာ မြင်တွေ့ရပါတယ်။

Apple ရဲ့ iPhone 11 series ထွက်ရှိထားတာ မကြာသေးပါဘူး iPhone 11 series ဟာ ဒီဇိုင်းပိုင်း အရတော့ iPhone X series နဲ့ သိပ်ပြီးကွာဟချက်မရှိပဲ hardware နည်းပညာပိုင်းကို စွမ်းရည်မြှင့် တင်ခဲ့တာ မြင်တွေ့ခဲ့ရပါတယ်။ iPhone 11 series မှာ ပါဝင်တဲ့ မမ်မိုရီပမာဏကတော့ 4GB ဖြစ် ပါတယ်။ယခုတော့ ၂၀၂၀ ခုနှစ် စက်တင်ဘာလမှာ ထွက်ရှိလာနိုင်တဲ့ iPhone 12 series နဲ့ ပတ်သက်ပြီး သတင်းအချို့ ထွက်ပေါ်လာခဲ့ပါတယ်။ဒါကတော့ iPhone 12 series မှာ မမ်မိုရီ 6GB အထိ အသုံးပြုထားမယ် ဆိုတာပါပဲ။ဒါ့အပြင် 3D အာရုံခံ ကင်မရာတွေ၊ 5G ကွန်ယက် ထောက်ပံ့နိုင် မယ် လို့လည်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

နောက်ထပ် ပေါက်ကြားလာတဲ့ သတင်းတစ်ခုကတော့ ကျနော်တို့အားလုံး မျှော်လင့်စောင့်စားနေရတဲ့ iPhone SE 2 တန်ဖိုးသင့် iPhone ဖြစ်ပါတယ်။ပထမဆုံး ထွက်ရှိခဲ့တဲ့ တန်ဖိုးသင့် iPhone SE အောင်မြင်ခဲ့အပြီးမှာ SE မျိုးဆက်တွေ ထပ်မံထုတ်လုပ်ဖို့ Apple အနေနဲ့ ကြိုးပမ်းလာပုံပါပဲ။ iPhone SE 2 ရဲ့ ထုတ်လုပ်ရေးပိုင်းကို လာမယ့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်သွားဖွယ်ရှိပြီး၊ ၄.၇ လက်မ မျက်နှာပြင်၊ Touch ID home button တို့ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ Apple ရဲ့ စွမ်းဆောင်ရည်မြင့် A13 chip နဲ့ မောင်းနှင်ပေးထားမှာဖြစ်ပြီး၊ မမ်မိုရီပမာဏကတော့ 3GB ပါဝင်မယ် လို့ သိရပါတယ်။ ဈေးနှုန်းသင့်တင့်တဲ့ iPhone SE 2 ကိုတော့ ၂၀၂၀ ခုနှစ် မတ်လမှာ မိတ်ဆက် သွားဖွယ် ရှိနေပါတယ်။

Damien

(  Zawgyi  )

 Apple ရဲ႕ iPhone series ေတြ တစ္ႏွစ္မွာ တစ္ႀကိမ္သာ ေမာ္ဒယ္အသစ္ ထြက္ရွိတာျဖစ္ပါတယ္။

ဒါေပမယ့္ ေနာက္ထပ္ ထြက္ရွိမယ့္ iPhone ေမာ္ဒယ္အသစ္ရဲ႕ သတင္းေတြ နမူနာဒီဇိုင္း‌ေတြကေတာ့ အၿမဲလိုလို ေပါက္ၾကားလာခဲ့တာ ျမင္ေတြ႕ရပါတယ္။

Apple ရဲ႕ iPhone 11 series ထြက္ရွိထားတာ မၾကာေသးပါဘူး iPhone 11 series ဟာ ဒီဇိုင္းပိုင္း အရေတာ့ iPhone X series နဲ႔ သိပ္ၿပီးကြာဟခ်က္မရွိပဲ hardware နည္းပညာပိုင္းကို စြမ္းရည္ျမႇင့္ တင္ခဲ့တာ ျမင္ေတြ႕ခဲ့ရပါတယ္။ iPhone 11 series မွာ ပါဝင္တဲ့ မမ္မိုရီပမာဏကေတာ့ 4GB ျဖစ္ ပါတယ္။ယခုေတာ့ ၂၀၂၀ ခုႏွစ္ စက္တင္ဘာလမွာ ထြက္ရွိလာႏိုင္တဲ့ iPhone 12 series နဲ႔ ပတ္သက္ၿပီး သတင္းအခ်ိဳ႕ ထြက္ေပၚလာခဲ့ပါတယ္။ဒါကေတာ့ iPhone 12 series မွာ မမ္မိုရီ 6GB အထိ အသုံးျပဳထားမယ္ ဆိုတာပါပဲ။ဒါ့အျပင္ 3D အာ႐ုံခံ ကင္မရာေတြ၊ 5G ကြန္ယက္ ေထာက္ပံ့ႏိုင္ မယ္ လို႔လည္း သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။

ေနာက္ထပ္ ေပါက္ၾကားလာတဲ့ သတင္းတစ္ခုကေတာ့ က်ေနာ္တို႔အားလုံး ေမွ်ာ္လင့္ေစာင့္စားေနရတဲ့ iPhone SE 2 တန္ဖိုးသင့္ iPhone ျဖစ္ပါတယ္။ပထမဆုံး ထြက္ရွိခဲ့တဲ့ တန္ဖိုးသင့္ iPhone SE ေအာင္ျမင္ခဲ့အၿပီးမွာ SE မ်ိဳးဆက္ေတြ ထပ္မံထုတ္လုပ္ဖို႔ Apple အေနနဲ႔ ႀကိဳးပမ္းလာပုံပါပဲ။ iPhone SE 2 ရဲ႕ ထုတ္လုပ္ေရးပိုင္းကို လာမယ့္ ၂၀၂၀ ခုႏွစ္ ေဖေဖာ္ဝါရီလမွာ စတင္သြားဖြယ္ရွိၿပီး၊ ၄.၇ လက္မ မ်က္ႏွာျပင္၊ Touch ID home button တို႔ တပ္ဆင္ထားမွာ ျဖစ္ပါတယ္။ Apple ရဲ႕ စြမ္းေဆာင္ရည္ျမင့္ A13 chip နဲ႔ ေမာင္းႏွင္ေပးထားမွာျဖစ္ၿပီး၊ မမ္မိုရီပမာဏကေတာ့ 3GB ပါဝင္မယ္ လို႔ သိရပါတယ္။ ေဈးႏႈန္းသင့္တင့္တဲ့ iPhone SE 2 ကိုေတာ့ ၂၀၂၀ ခုႏွစ္ မတ္လမွာ မိတ္ဆက္ သြားဖြယ္ ရွိေနပါတယ္။

Damien