အိပ်မက်ကာရန် Musical ဇာတ်ကား ရိုက်ကူးဖို့ ကြိုးပမ်းနေတဲ့ တေးသံရှင် နီနီခင်ဇော်

အိပ်မက်ကာရန် Musical ဇာတ်ကား ရိုက်ကူးဖို့ ကြိုးပမ်းနေတဲ့ တေးသံရှင် နီနီခင်ဇော်

တေးသံရှင် နီနီခင်ဇော်ဟာ အခုဆိုရင် “အိပ်မက်ကာရန်”လို့ နာမည်ရတဲ့ Musical ဇာတ်ကား ရိုက်ကူးဖို့ လိုအပ်သော ပြင်ဆင်မှုတွေနဲ့ ကြိုးပမ်းလုပ်ဆောင်နေတယ်လို့ ပြောပါတယ်။“ဇာတ်ကားထဲမှာ ရိုက်ကူးမယ့် ဇာတ်ဝင်ခန်းတွေအတွက် ကြိုတင်ပြင်ဆင်ရတာတွေ ရှိပါတယ်၊ က တဲ့ အခန်း တွေအတွက် ကြိုတင်ဇာတ်တိုက်တာမျိုးနဲ့ လုပ်ဆောင်ရတာပါ၊ ဒီဇာတ်ကားကြီးမှာက Music Director အနေနဲ့ ဆရာ ဓိရာမိုရ်က တာဝန်ယူပြီးတော့ ဦးဆောင်သွားမှာပါ၊ နီနီတို့ အနေနဲ့ ဒါကိုအကောင်းဆုံးဖြစ်အောင် ကြိုးပမ်းနေကြပါတယ်”လို့ တေးသံရှင် နီနီခင်ဇော်က တေးသီချင်းဆိုပွဲတစ်ခုမှာ တွေ့ဆုံစဉ်ပြောကြားခဲ့ပါတယ်။

သူမဟာ Melody World သီချင်းဆိုပြိုင်ပွဲကနေ အောင်မြင်မှုတွေ ရရှိလာခဲ့ကာ လက်ရှိမှာလည်း ဂီတလောကရဲ့ နေရာတစ်ခုမှာ အခိုင်အမာ ရပ်တည်နေသူဖြစ်ပါတယ်။ တေးသီချင်းမျိုးစုံ သံစဉ်မျိုးစုံကို ပုံစံမျိုးစုံနဲ့ ပီပီပြင်ပြင်သီဆိုနိုင်ခဲ့တာကြောင့်လည်း ပရိသတ် တွေ ရဲ့ချစ်ခင်အားပေးမှုကို ပိုမိုရရှိလာတဲ့အပြင် ထူးချွန်တဲ့အနုပညာရှင်တစ်ဦးအဖြစ် သတ်မှတ်ခံရသူလည်းဖြစ်ပါတယ်။ ယခုအခါ “အိပ်မက်ကာရန်”လို့ နာမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးဖို့လုပ်နေပြီး အဲ့ဒီဇာတ်ကားမှာ နေတိုး၊ လွှမ်းပိုင် တို့နဲ့အတူ သူမကိုယ်တိုင် ပါဝင်မှာဖြစ်သလို သူမစီစဉ်ရေးသားထားတဲ့ ဇာတ်လမ်းကို ဇာတ်ညွှန်း မိုးနီလွင် က ပုံဖော်ကာ ဒါရိုက်တာ ဝင်းလွင်ထက်က ရိုက်ကူးဖို့ စီစဉ်ထားတဲ့အပြင် ဂီတအမျိုးအစားပေါင်းစုံပါဝင်သော ဇာတ်ကားဖြစ်ပါတယ်။

လတ်တလောကာလမှာ အဆိုပါ ဇာတ်ကားအတွက် လုပ်ဆောင်နေတဲ့အပြင် သူမကို ဖိတ်ကြားလာတဲ့ ဖျော်ဖြေပွဲတွေမှာလည်း သွားရောက် သီဆိုရင်း Single Song တွေကိုလည်း လူမှုကွန်ရက်တွေ ပေါ်ကနေ ပရိသတ်တွေအတွက် တင်ဆက်နေတယ်လို့ သိရပါ တယ်။ ဒါ့အပြင် တေးအယ်ဘမ်များစွာလည်း ထွက်ရှိနေပြီး “မာရီယို”၊ “Red”, “U” အစရှိတဲ့ အယ်လ်ဘမ်တွေက ပရိသတ်နှစ်သက်မှု များပြား နေကြောင်း၊ တေးသီချင်း အပိုင်းကိုလည်း ဆက်လက်စီစဉ်နေတာတွေရှိပေမယ့် ရုပ်ရှင်ဇာတ်ကားအတွက် အရင်ဆုံး လုပ်ဆောင် နေတယ် လို့ သိရပါတယ်။ “ရုပ်ရှင်ဇာတ်ကားလုပ်လို့ သီချင်းတွေကို မလုပ်မှာ မဟုတ်ပါဘူး၊ ဒီဇာတ်ကား ကလည်း တေးသီချင်းတွေနဲ့ ဆက်စပ်ပါတယ်၊ နီနီ ပရိသတ်တွေအတွက် တေးသီချင်းတွေကို ဆက်လုပ်မှာပါ၊ အားပေးကြပါဦးလို့ ပြောချင်ပါတယ်”လို့ သူမက ဆက်လက်ပြောကြားခဲ့ပါတယ်။

 မင်းခေတ်လင်း
ရန်ကုန်၊ ဇန်နဝါရီ ၃၀  

 

(   Zawgyi   )

 

 ေတးသံရွင္ နီနီခင္ေဇာ္ဟာ အခုဆိုရင္ “အိပ္မက္ကာရန္”လို႔ နာမည္ရတဲ့ Musical ဇာတ္ကား ႐ိုက္ကူးဖို႔ လိုအပ္ေသာ ျပင္ဆင္မႈေတြနဲ႔ ႀကိဳးပမ္းလုပ္ေဆာင္ေနတယ္လို႔ ေျပာပါတယ္။“ဇာတ္ကားထဲမွာ ႐ိုက္ကူးမယ့္ ဇာတ္ဝင္ခန္းေတြအတြက္ ႀကိဳတင္ျပင္ဆင္ရတာေတြ ရွိပါတယ္၊ က တဲ့ အခန္း ေတြအတြက္ ႀကိဳတင္ဇာတ္တိုက္တာမ်ိဳးနဲ႔ လုပ္ေဆာင္ရတာပါ၊ ဒီဇာတ္ကားႀကီးမွာက Music Director အေနနဲ႔ ဆရာ ဓိရာမိုရ္က တာဝန္ယူၿပီးေတာ့ ဦးေဆာင္သြားမွာပါ၊ နီနီတို႔ အေနနဲ႔ ဒါကိုအေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးပမ္းေနၾကပါတယ္”လို႔ ေတးသံရွင္ နီနီခင္ေဇာ္က ေတးသီခ်င္းဆိုပြဲတစ္ခုမွာ ေတြ႕ဆုံစဥ္ေျပာၾကားခဲ့ပါတယ္။

သူမဟာ Melody World သီခ်င္းဆိုၿပိဳင္ပြဲကေန ေအာင္ျမင္မႈေတြ ရရွိလာခဲ့ကာ လက္ရွိမွာလည္း ဂီတေလာကရဲ႕ ေနရာတစ္ခုမွာ အခိုင္အမာ ရပ္တည္ေနသူျဖစ္ပါတယ္။ ေတးသီခ်င္းမ်ိဳးစုံ သံစဥ္မ်ိဳးစုံကို ပုံစံမ်ိဳးစုံနဲ႔ ပီပီျပင္ျပင္သီဆိုႏိုင္ခဲ့တာေၾကာင့္လည္း ပရိသတ္ ေတြ ရဲ႕ခ်စ္ခင္အားေပးမႈကို ပိုမိုရရွိလာတဲ့အျပင္ ထူးခြၽန္တဲ့အႏုပညာရွင္တစ္ဦးအျဖစ္ သတ္မွတ္ခံရသူလည္းျဖစ္ပါတယ္။ ယခုအခါ “အိပ္မက္ကာရန္”လို႔ နာမည္ရတဲ့ ႐ုပ္ရွင္ဇာတ္ကားကို ႐ိုက္ကူးဖို႔လုပ္ေနၿပီး အဲ့ဒီဇာတ္ကားမွာ ေနတိုး၊ လႊမ္းပိုင္ တို႔နဲ႔အတူ သူမကိုယ္တိုင္ ပါဝင္မွာျဖစ္သလို သူမစီစဥ္ေရးသားထားတဲ့ ဇာတ္လမ္းကို ဇာတ္ၫႊန္း မိုးနီလြင္ က ပုံေဖာ္ကာ ဒါ႐ိုက္တာ ဝင္းလြင္ထက္က ႐ိုက္ကူးဖို႔ စီစဥ္ထားတဲ့အျပင္ ဂီတအမ်ိဳးအစားေပါင္းစုံပါဝင္ေသာ ဇာတ္ကားျဖစ္ပါတယ္။

လတ္တေလာကာလမွာ အဆိုပါ ဇာတ္ကားအတြက္ လုပ္ေဆာင္ေနတဲ့အျပင္ သူမကို ဖိတ္ၾကားလာတဲ့ ေဖ်ာ္ေျဖပြဲေတြမွာလည္း သြားေရာက္ သီဆိုရင္း Single Song ေတြကိုလည္း လူမႈကြန္ရက္ေတြ ေပၚကေန ပရိသတ္ေတြအတြက္ တင္ဆက္ေနတယ္လို႔ သိရပါ တယ္။ ဒါ့အျပင္ ေတးအယ္ဘမ္မ်ားစြာလည္း ထြက္ရွိေနၿပီး “မာရီယို”၊ “Red”, “U” အစရွိတဲ့ အယ္လ္ဘမ္ေတြက ပရိသတ္ႏွစ္သက္မႈ မ်ားျပား ေနေၾကာင္း၊ ေတးသီခ်င္း အပိုင္းကိုလည္း ဆက္လက္စီစဥ္ေနတာေတြရွိေပမယ့္ ႐ုပ္ရွင္ဇာတ္ကားအတြက္ အရင္ဆုံး လုပ္ေဆာင္ ေနတယ္ လို႔ သိရပါတယ္။ “႐ုပ္ရွင္ဇာတ္ကားလုပ္လို႔ သီခ်င္းေတြကို မလုပ္မွာ မဟုတ္ပါဘူး၊ ဒီဇာတ္ကား ကလည္း ေတးသီခ်င္းေတြနဲ႔ ဆက္စပ္ပါတယ္၊ နီနီ ပရိသတ္ေတြအတြက္ ေတးသီခ်င္းေတြကို ဆက္လုပ္မွာပါ၊ အားေပးၾကပါဦးလို႔ ေျပာခ်င္ပါတယ္”လို႔ သူမက ဆက္လက္ေျပာၾကားခဲ့ပါတယ္။

 မင္းေခတ္လင္း
ရန္ကုန္၊ ဇန္နဝါရီ ၃၀