အပြစ်ပြောခံဖို့ အနုပညာလုပ်တာ မဟုတ်ဘူးဆိုတဲ့ မိုင်းမိုင်ဆိုင်း

အပြစ်ပြောခံဖို့ အနုပညာလုပ်တာ မဟုတ်ဘူးဆိုတဲ့ မိုင်းမိုင်ဆိုင်း

အနုပညာအလုပ်ကိုလုပ်တာဟာ ဝေဖန်အပြစ်တင်တာတွေကိုခံဖို့မဟုတ်ဘူးလို့ တေးသံရှင် မိုင်းမိုင်ဆိုင်းက ရုပ်ရှင် အခမ်းအနားပွဲ တစ်ခုကို တက်ရောက်လာစဉ် မေးမြန်းရာမှာ ပြောကြားခဲ့ပါတယ်။“ကျွန်တော်တို့ ကောင်းတာလုပ်လည်း ဆဲချင်သူကဆဲမှာပဲ၊ အလှူဒါနလေးတစ်ခုလုပ်တာတောင်မှ ဆဲချင်တဲ့သူက ရှိမှာပဲလေ၊ ကောင်းတာပဲဖြစ်ဖြစ် မကောင်းတာပဲဖြစ်ဖြစ် ဝေဖန်တာတွေကတော့ ရှိနေမှာပဲ၊ အဲ့ဒီ ဂယက်တွေကို ကျွန်တော်တော့ သိပ်စိတ်မဝင်စားဘူး၊ တစ်ချို့ကပြောကြမယ်၊ ဝေဖန်တိုက်ခိုက်တာ မခံနိုင်ရင် အနုပညာအလုပ် မလုပ်နဲ့ဆိုပြီး ပြောကြမယ်၊ ဒါပေမဲ့ ကျွန်တော်ပြောချင်တာက အနုပညာလုပ်နေတာဟာ ပြောချင်တိုင်းပြောတာခံဖို့  လုပ်နေတာမဟုတ်ဘူး”လို့ တေးသံရှင် မိုင်းမိုင်ဆိုင်းက ရှင်းပြပါတယ်။

 Myanmar Idol တေးသီချင်းဆိုပြိုင်ပွဲ အစီအစဉ် အမှတ်(၂)ရဲ့ Top eleven ထဲ ပါဝင်လာခဲ့ရင်း လူသိများလာတဲ့ သူမဟာ အခုဆိုရင် ဖျော်ဖြေပွဲတွေမှာ သီဆိုနေရတာတွေရှိသလို အားပေးတဲ့ပရိသတ်တွေလည်းရှိလာပြီး ဝေဖန်တိုက်ခိုက်သူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ လောလောဆယ်မှာ ဖျော်ဖြေပွဲတွေသီဆိုရင်း အားလပ်တဲ့အချိန်မှာတော့ ပြိုင်ပွဲဝင်မောင်နှစ်မတွေနဲ့အတူ တေးအယ်လ်ဘမ် တစ်ခုထုတ်လုပ်ဖို့ ကြိုးပမ်းနေတာတွေရှိတယ်လို့ သိရပါတယ်။

“တေးအယ်လ်ဘမ်အနေနဲ့ကတော့ တစ်ကိုယ်တော်မဟုတ်ဘူး၊ စုပေါင်းပြီးစီစဉ်ထားတာပါ၊ မတ်လထဲလောက်တော့ မှန်းထားတယ်၊ လောလောဆယ်တော့ အလုပ်တွေရှုပ်နေတာလည်းပါတာပေါ့၊ ဒီကြားထဲ တိုက်ခိုက်ခံရတာတွေနဲ့ ဆိုတော့ နည်းနည်းဂယက်ထ သွားတာ ပေါ့နော်၊ ကိုယ်လည်းလူပဲလေ၊ စိတ်ဆိုးတတ်တယ်၊ ဝမ်းနည်းတတ်တယ်၊ ပျော်တယ်၊ ပေါက်ကွဲစရာရှိရင် ပေါက်ကွဲတယ်၊ ထိန်းချုပ်တဲ့ သူနဲ့ မထိန်းချုပ်တဲ့သူပဲကွာတယ်၊ ကျွန်တော်က မထိန်းချုပ်တတ်ဘူး၊ ပေါက်ကွဲစရာရှိရင်ပေါက်ကွဲတယ်၊ အခုဆိုရင် မင်းသားကိစ္စ၊ မင်းသမီးကိစ္စတွေ ကျွန်တော် ဝင်မပါဘူး၊ ကျွန်တော် ဂယက်ထပြီး ဝင်ပါတာက မြန်မာအိုင်ဒေါ မိသားစုနဲ့ ပတ်သက်တဲ့ ကိစ္စအပေါ်ပဲ ပါတာပါ၊ ဒီအပေါ်မှာ ဝေဖန်မယ် ဂယက်ထမယ်ဆိုရင်လည်း မတတ်နိုင်ဘူး၊ ဒါကိုတော့ ရေအဆုံးမြေအဆုံး ဝင်ပါဦးမှာပဲ”လို့ တေးသံရှင် မိုင်းမိုင်ဆိုင်းက ရှင်းပြပါတယ်။

လက်ရှိမှာ သူသီဆိုထားတဲ့တေးသီချင်းတွေကို MTV ရိုက်ကူးဖို့ လုပ်ဆောင်နေတာတွေရှိပြီး တေးအယ်လ်ဘမ် အတွက်လည်း MTV တွေနဲ့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ယခုလိုဝေဖန်ခံရတာတွေ မကြာခဏကြုံနေပေမယ့် ကိုယ်သွားမယ့်လမ်းကိုသာ အာရုံစိုက်ပြီးလုပ်ကိုင်နေတယ်လို့လည်း ဆိုပါတယ်။

 မင်းခေတ်လင်း
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

(  Zawgyi  )

 အႏုပညာအလုပ္ကိုလုပ္တာဟာ ေဝဖန္အျပစ္တင္တာေတြကိုခံဖို႔မဟုတ္ဘူးလို႔ ေတးသံရွင္ မိုင္းမိုင္ဆိုင္းက ႐ုပ္ရွင္ အခမ္းအနားပြဲ တစ္ခုကို တက္ေရာက္လာစဥ္ ေမးျမန္းရာမွာ ေျပာၾကားခဲ့ပါတယ္။“ကြၽန္ေတာ္တို႔ ေကာင္းတာလုပ္လည္း ဆဲခ်င္သူကဆဲမွာပဲ၊ အလႉဒါနေလးတစ္ခုလုပ္တာေတာင္မွ ဆဲခ်င္တဲ့သူက ရွိမွာပဲေလ၊ ေကာင္းတာပဲျဖစ္ျဖစ္ မေကာင္းတာပဲျဖစ္ျဖစ္ ေဝဖန္တာေတြကေတာ့ ရွိေနမွာပဲ၊ အဲ့ဒီ ဂယက္ေတြကို ကြၽန္ေတာ္ေတာ့ သိပ္စိတ္မဝင္စားဘူး၊ တစ္ခ်ိဳ႕ကေျပာၾကမယ္၊ ေဝဖန္တိုက္ခိုက္တာ မခံႏိုင္ရင္ အႏုပညာအလုပ္ မလုပ္နဲ႔ဆိုၿပီး ေျပာၾကမယ္၊ ဒါေပမဲ့ ကြၽန္ေတာ္ေျပာခ်င္တာက အႏုပညာလုပ္ေနတာဟာ ေျပာခ်င္တိုင္းေျပာတာခံဖို႔  လုပ္ေနတာမဟုတ္ဘူး”လို႔ ေတးသံရွင္ မိုင္းမိုင္ဆိုင္းက ရွင္းျပပါတယ္။

 Myanmar Idol ေတးသီခ်င္းဆိုၿပိဳင္ပြဲ အစီအစဥ္ အမွတ္(၂)ရဲ႕ Top eleven ထဲ ပါဝင္လာခဲ့ရင္း လူသိမ်ားလာတဲ့ သူမဟာ အခုဆိုရင္ ေဖ်ာ္ေျဖပြဲေတြမွာ သီဆိုေနရတာေတြရွိသလို အားေပးတဲ့ပရိသတ္ေတြလည္းရွိလာၿပီး ေဝဖန္တိုက္ခိုက္သူေတြလည္း ရွိေနတယ္လို႔ သိရပါတယ္။ ေလာေလာဆယ္မွာ ေဖ်ာ္ေျဖပြဲေတြသီဆိုရင္း အားလပ္တဲ့အခ်ိန္မွာေတာ့ ၿပိဳင္ပြဲဝင္ေမာင္ႏွစ္မေတြနဲ႔အတူ ေတးအယ္လ္ဘမ္ တစ္ခုထုတ္လုပ္ဖို႔ ႀကိဳးပမ္းေနတာေတြရွိတယ္လို႔ သိရပါတယ္။

“ေတးအယ္လ္ဘမ္အေနနဲ႔ကေတာ့ တစ္ကိုယ္ေတာ္မဟုတ္ဘူး၊ စုေပါင္းၿပီးစီစဥ္ထားတာပါ၊ မတ္လထဲေလာက္ေတာ့ မွန္းထားတယ္၊ ေလာေလာဆယ္ေတာ့ အလုပ္ေတြရႈပ္ေနတာလည္းပါတာေပါ့၊ ဒီၾကားထဲ တိုက္ခိုက္ခံရတာေတြနဲ႔ ဆိုေတာ့ နည္းနည္းဂယက္ထ သြားတာ ေပါ့ေနာ္၊ ကိုယ္လည္းလူပဲေလ၊ စိတ္ဆိုးတတ္တယ္၊ ဝမ္းနည္းတတ္တယ္၊ ေပ်ာ္တယ္၊ ေပါက္ကြဲစရာရွိရင္ ေပါက္ကြဲတယ္၊ ထိန္းခ်ဳပ္တဲ့ သူနဲ႔ မထိန္းခ်ဳပ္တဲ့သူပဲကြာတယ္၊ ကြၽန္ေတာ္က မထိန္းခ်ဳပ္တတ္ဘူး၊ ေပါက္ကြဲစရာရွိရင္ေပါက္ကြဲတယ္၊ အခုဆိုရင္ မင္းသားကိစၥ၊ မင္းသမီးကိစၥေတြ ကြၽန္ေတာ္ ဝင္မပါဘူး၊ ကြၽန္ေတာ္ ဂယက္ထၿပီး ဝင္ပါတာက ျမန္မာအိုင္ေဒါ မိသားစုနဲ႔ ပတ္သက္တဲ့ ကိစၥအေပၚပဲ ပါတာပါ၊ ဒီအေပၚမွာ ေဝဖန္မယ္ ဂယက္ထမယ္ဆိုရင္လည္း မတတ္ႏိုင္ဘူး၊ ဒါကိုေတာ့ ေရအဆုံးေျမအဆုံး ဝင္ပါဦးမွာပဲ”လို႔ ေတးသံရွင္ မိုင္းမိုင္ဆိုင္းက ရွင္းျပပါတယ္။

လက္ရွိမွာ သူသီဆိုထားတဲ့ေတးသီခ်င္းေတြကို MTV ႐ိုက္ကူးဖို႔ လုပ္ေဆာင္ေနတာေတြရွိၿပီး ေတးအယ္လ္ဘမ္ အတြက္လည္း MTV ေတြနဲ႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ ယခုလိုေဝဖန္ခံရတာေတြ မၾကာခဏႀကဳံေနေပမယ့္ ကိုယ္သြားမယ့္လမ္းကိုသာ အာ႐ုံစိုက္ၿပီးလုပ္ကိုင္ေနတယ္လို႔လည္း ဆိုပါတယ္။

 မင္းေခတ္လင္း
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၁၁