အနုပညာအလုပ်တွေကို ကုသိုလ်လည်းရ ဝမ်းလည်း၀ ပုံစံမျိုးနဲ့ လုပ်နေတဲ့ သရုပ်ဆောင် မေမီကိုကို

အနုပညာအလုပ်တွေကို ကုသိုလ်လည်းရ ဝမ်းလည်း၀ ပုံစံမျိုးနဲ့ လုပ်နေတဲ့ သရုပ်ဆောင် မေမီကိုကို

ပြည်တွင်းက Free to Air ရုပ်သံလိုင်းမှာ ထုတ်လွှင့်တဲ့ ဇာတ်လမ်းတွဲတွေကနေ ပရိသတ် သတိထားမိပြီး လက်ခံ အားပေးလာတဲ့ သရုပ်ဆောင် မေမီကိုကိုဟာ အနုပညာအလုပ်တွေကို ကုသိုလ်လည်းရ ဝမ်းလည်း၀ ပုံစံမျိုးအဖြစ် လုပ်ကိုင်နေတယ်လို့ ရုပ်ရှင်အခမ်းအနားပွဲတစ်ခုမှာ တွေ့ဆုံစဉ်ပြောပါတယ်။

အခုဆိုရင် သူမဟာ Forever Group ရဲ့ ဇာတ်လမ်းတွဲတစ်ခုအတွက် ရိုက်ကူးနေပြီဖြစ်သလို ဇာတ်လမ်းတွဲရိုက်ကူးမှု အားလပ်တဲ့ရက်မှာ ကြော်ငြာရိုက်တာတွေ၊ တေးသီချင်းအတွက် သရုပ်ဆောင်တာတွေ၊ ပရိုဂရမ်အစီအစဉ်တွေအတွက် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

 “အခု စီးရီးအတွက် ပြန်ဝင်နေရပါတယ်၊ ဒါကြောင့်လည်း ရုပ်ရှင်ကားကြီးတွေ အတွက် ကမ်းလှမ်းလာတာတွေရှိပေမယ့် စွန့်လွှတ်ထားခဲ့ရတယ်၊ Forever Group က အချိန်ပေးလို့ အခုလိုရိုက်နေစဉ် ကာလမှ ကိုယ့်ဇာတ်ကွက်မပါတဲ့ ရက်တွေမှာ MTV တွေ၊ Program ရော ရိုက်ဖြစ်တာပါ၊ တစ်ချို့ဟာတွေကို စွန့်လွှတ် ထားရတဲ့အတွက်ကြောင့်လည်း အပြင်ဝင်ငွေ တော့ သိပ်မရှိဘူး၊ ရုံးကပေးတဲ့လစာနဲ့ ကြားထဲမှာ အဲ့ဒီလိုရိုက်ရတာတွေ၊ ကြော်ငြာလေးတွေ တစ်ခု နှစ်ခုနဲ့ အဆင်ပြေအောင်လုပ်နေရတယ်၊ ဒါပေမဲ့ မေမီက ရသမျှငွေကိုတော့ ဘာမှမယူဘူး၊ အိမ်ကိုပဲ ပြန်ပေးပါတယ်၊ မော်ဒယ်လုပ်ကတည်းကလည်း ဒီလိုပါပဲ၊ အိမ်ကိုပဲပြန်ပြီးတော့ ပေးတာပါ၊ ထမင်းစားဖို့ ပေးထားတဲ့ အထဲကခြွေတာစားပြီး ပိုတာပဲသုံးတယ်၊ အိမ်ကလည်း ကာရိုက်တာအတွက် အဝတ်အစားတွေဘာတွေ လိုရင် လိုသလိုပြန်ဝယ်ပေးပါတယ်၊ မေမီတို့ မိသားစုက ပြည့်စုံတဲ့အထဲမပါဘူး၊ အခုလို အလုပ်ကလေးတွေ လုပ်တာက အိမ်စရိတ် လေးလည်း ကာမိလာတယ်၊ ကုသိုလ်လည်းရ ဝမ်းလည်း၀ ပုံစံမျိုးလုပ်နေတာဖြစ်ပါတယ်”လို့ သရုပ်ဆောင် မေမီကိုကိုက ပြောပါတယ်။

လက်ရှိကာလမှာ ရိုက်ကူးနေတဲ့ ဇာတ်လမ်းတွဲဟာ အချိန် ရှစ်လလောက် ကြာမြင့်အောင် ရိုက်ကူးဖို့ရှိနေပြီး ယင်းအတွက် ဇာတ်ဝင်ခန်းတွေကို စစ်ကိုင်းဘက်သွားရောက်ရိုက်ကူးဖို့လည်း ရှိနေတယ်လို့ သိရပါတယ်။ ယခု ၂၀၂၀ ထဲမှာ သူမရဲ့ အပြင်အဆင် ဖက်ရှင်ဒီဇိုင်းတွေကိုလည်း ပြုပြင်ပြောင်းလဲနေသလို  သရုပ်ဆောင်မှုပုံစံတွေကိုလည်း အကောင်းဆုံးဖြစ်အောင် ပြင်ဆင် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“မေမီကို ဘာမှ ပြောင်းလဲမှုမရှိဘူးလို့ ထင်ကြတာဟာ  အရမ်းကြီးမသိသာသေးလို့ဖြစ်မှာပါ၊ ကားတစ်ကားရိုက်ဖို့ အင်အားတွေ စိတ်တွေအရမ်းရင်းနှီးရတယ်၊ အကောင်းဆုံး အပီပြင် ဆုံးဖြစ်အောင် မေမီကြိုးစားနေပါတယ်၊ အရင်နဲ့မတူတဲ့ အပြောင်းအလဲတွေနဲ့ မေမီကို မြင်ရမယ် ဆိုတာ ပြောနိုင်ပါတယ်၊ မေမီက သိပ်ပြီးမိန်းမမဆန်ဘူး၊ အဲ့ဒီတော့ ကာရိုက်တာပိုင်းအရ မိန်းမဆန်ဆန် လုပ်ရမယ်ဆိုရင် တော်တော်လေးကို လေ့ကျင့်ရပါတယ်၊ အဲ့ဒီလိုလေးတွေတော့ အခက်အခဲတစ်ချို့ရှိပေမယ့် မေမီက အကောင်းဆုံး ကြိုးစားမှာပါ” လို့ သရုပ်ဆောင် မေမီကိုကိုက ဆက်ပြောပါတယ်။

သူမဟာ တေးသီချင်း သီဆိုတာတွေကို လုပ်ဆောင်ခဲ့ပေမယ့် လတ်တလောရိုက်ကူးနေတဲ့ ဇာတ်လမ်းတွဲရှိတာကြောင့် အားလပ်ရက် ရံဖန်ရံခါလောက်သာ ဖျော်ဖြေတာတွေနဲ့ လုပ်ကိုင်ဖြစ်တယ်လို့ ဆိုပါတယ်။

 မင်းခေတ်လင်း
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

(  Zawgyi  )

 ျပည္တြင္းက Free to Air ႐ုပ္သံလိုင္းမွာ ထုတ္လႊင့္တဲ့ ဇာတ္လမ္းတြဲေတြကေန ပရိသတ္ သတိထားမိၿပီး လက္ခံ အားေပးလာတဲ့ သ႐ုပ္ေဆာင္ ေမမီကိုကိုဟာ အႏုပညာအလုပ္ေတြကို ကုသိုလ္လည္းရ ဝမ္းလည္း၀ ပုံစံမ်ိဳးအျဖစ္ လုပ္ကိုင္ေနတယ္လို႔ ႐ုပ္ရွင္အခမ္းအနားပြဲတစ္ခုမွာ ေတြ႕ဆုံစဥ္ေျပာပါတယ္။

အခုဆိုရင္ သူမဟာ Forever Group ရဲ႕ ဇာတ္လမ္းတြဲတစ္ခုအတြက္ ႐ိုက္ကူးေနၿပီျဖစ္သလို ဇာတ္လမ္းတြဲ႐ိုက္ကူးမႈ အားလပ္တဲ့ရက္မွာ ေၾကာ္ျငာ႐ိုက္တာေတြ၊ ေတးသီခ်င္းအတြက္ သ႐ုပ္ေဆာင္တာေတြ၊ ပ႐ိုဂရမ္အစီအစဥ္ေတြအတြက္ လုပ္ကိုင္ေနတယ္လို႔ သိရပါတယ္။

 “အခု စီးရီးအတြက္ ျပန္ဝင္ေနရပါတယ္၊ ဒါေၾကာင့္လည္း ႐ုပ္ရွင္ကားႀကီးေတြ အတြက္ ကမ္းလွမ္းလာတာေတြရွိေပမယ့္ စြန႔္လႊတ္ထားခဲ့ရတယ္၊ Forever Group က အခ်ိန္ေပးလို႔ အခုလို႐ိုက္ေနစဥ္ ကာလမွ ကိုယ့္ဇာတ္ကြက္မပါတဲ့ ရက္ေတြမွာ MTV ေတြ၊ Program ေရာ ႐ိုက္ျဖစ္တာပါ၊ တစ္ခ်ိဳ႕ဟာေတြကို စြန႔္လႊတ္ ထားရတဲ့အတြက္ေၾကာင့္လည္း အျပင္ဝင္ေငြ ေတာ့ သိပ္မရွိဘူး၊ ႐ုံးကေပးတဲ့လစာနဲ႔ ၾကားထဲမွာ အဲ့ဒီလို႐ိုက္ရတာေတြ၊ ေၾကာ္ျငာေလးေတြ တစ္ခု ႏွစ္ခုနဲ႔ အဆင္ေျပေအာင္လုပ္ေနရတယ္၊ ဒါေပမဲ့ ေမမီက ရသမွ်ေငြကိုေတာ့ ဘာမွမယူဘူး၊ အိမ္ကိုပဲ ျပန္ေပးပါတယ္၊ ေမာ္ဒယ္လုပ္ကတည္းကလည္း ဒီလိုပါပဲ၊ အိမ္ကိုပဲျပန္ၿပီးေတာ့ ေပးတာပါ၊ ထမင္းစားဖို႔ ေပးထားတဲ့ အထဲကေႁခြတာစားၿပီး ပိုတာပဲသုံးတယ္၊ အိမ္ကလည္း ကာ႐ိုက္တာအတြက္ အဝတ္အစားေတြဘာေတြ လိုရင္ လိုသလိုျပန္ဝယ္ေပးပါတယ္၊ ေမမီတို႔ မိသားစုက ျပည့္စုံတဲ့အထဲမပါဘူး၊ အခုလို အလုပ္ကေလးေတြ လုပ္တာက အိမ္စရိတ္ ေလးလည္း ကာမိလာတယ္၊ ကုသိုလ္လည္းရ ဝမ္းလည္း၀ ပုံစံမ်ိဳးလုပ္ေနတာျဖစ္ပါတယ္”လို႔ သ႐ုပ္ေဆာင္ ေမမီကိုကိုက ေျပာပါတယ္။

လက္ရွိကာလမွာ ႐ိုက္ကူးေနတဲ့ ဇာတ္လမ္းတြဲဟာ အခ်ိန္ ရွစ္လေလာက္ ၾကာျမင့္ေအာင္ ႐ိုက္ကူးဖို႔ရွိေနၿပီး ယင္းအတြက္ ဇာတ္ဝင္ခန္းေတြကို စစ္ကိုင္းဘက္သြားေရာက္႐ိုက္ကူးဖို႔လည္း ရွိေနတယ္လို႔ သိရပါတယ္။ ယခု ၂၀၂၀ ထဲမွာ သူမရဲ႕ အျပင္အဆင္ ဖက္ရွင္ဒီဇိုင္းေတြကိုလည္း ျပဳျပင္ေျပာင္းလဲေနသလို  သ႐ုပ္ေဆာင္မႈပုံစံေတြကိုလည္း အေကာင္းဆုံးျဖစ္ေအာင္ ျပင္ဆင္ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

“ေမမီကို ဘာမွ ေျပာင္းလဲမႈမရွိဘူးလို႔ ထင္ၾကတာဟာ  အရမ္းႀကီးမသိသာေသးလို႔ျဖစ္မွာပါ၊ ကားတစ္ကား႐ိုက္ဖို႔ အင္အားေတြ စိတ္ေတြအရမ္းရင္းႏွီးရတယ္၊ အေကာင္းဆုံး အပီျပင္ ဆုံးျဖစ္ေအာင္ ေမမီႀကိဳးစားေနပါတယ္၊ အရင္နဲ႔မတူတဲ့ အေျပာင္းအလဲေတြနဲ႔ ေမမီကို ျမင္ရမယ္ ဆိုတာ ေျပာႏိုင္ပါတယ္၊ ေမမီက သိပ္ၿပီးမိန္းမမဆန္ဘူး၊ အဲ့ဒီေတာ့ ကာ႐ိုက္တာပိုင္းအရ မိန္းမဆန္ဆန္ လုပ္ရမယ္ဆိုရင္ ေတာ္ေတာ္ေလးကို ေလ့က်င့္ရပါတယ္၊ အဲ့ဒီလိုေလးေတြေတာ့ အခက္အခဲတစ္ခ်ိဳ႕ရွိေပမယ့္ ေမမီက အေကာင္းဆုံး ႀကိဳးစားမွာပါ” လို႔ သ႐ုပ္ေဆာင္ ေမမီကိုကိုက ဆက္ေျပာပါတယ္။

သူမဟာ ေတးသီခ်င္း သီဆိုတာေတြကို လုပ္ေဆာင္ခဲ့ေပမယ့္ လတ္တေလာ႐ိုက္ကူးေနတဲ့ ဇာတ္လမ္းတြဲရွိတာေၾကာင့္ အားလပ္ရက္ ရံဖန္ရံခါေလာက္သာ ေဖ်ာ္ေျဖတာေတြနဲ႔ လုပ္ကိုင္ျဖစ္တယ္လို႔ ဆိုပါတယ္။

 မင္းေခတ္လင္း
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၁၀