အဆိုတော်တစ်ယောက်အဖြစ် လုပ်ကိုင်လာတဲ့ သရုပ်ဆောင်အိစိကွေး

အဆိုတော်တစ်ယောက်အဖြစ် လုပ်ကိုင်လာတဲ့ သရုပ်ဆောင်အိစိကွေး

ငယ်စဉ်ကတည်းက ကလေးသရုပ်ဆောင် တစ်ယောက်အဖြစ် အနုပညာအလုပ်တွေကို လုပ်ကိုင်လာခဲ့တဲ့ သရုပ်ဆောင် အိစိကွေးဟာ အခုဆိုရင် တေးသီချင်းသီဆိုရင်း အဆိုတော် တစ်ယောက်အဖြစ်ပါ လုပ်ကိုင်လာခဲ့ပါတယ်။

"ကျွန်တော့်အနေနဲ့ အနုပညာအလုပ်မှန်သမျှ အကုန်လုပ်မှာပါ၊ ဒါကလည်း ဝါသနာပါလို့ လုပ်တာလေ၊ သီချင်းဆိုတာလည်း ကျွန်တော် ဝါသနာပါတယ်၊ ဒါလည်း လုပ်ဖြစ်မှာပါ၊ လောလောဆယ်တော့ ရုပ်ရှင်ကားတွေရိုက်နေရတယ်"လို့ သရုပ်ဆောင် အိစိကွေးက ပြောပါ တယ်။ သူဟာ ငယ်စဉ် အရွယ် ကလေးဘဝကတည်းက အသက်အရွယ်နဲ့ မလိုက်အောင်ကို သရုပ်ဆောင်ကောင်းလွန်းတဲ့အပြင် ပရိသတ်တွေရဲ့ ရင်ထဲကအချစ်တွေကို သိမ်းပိုက်ထားနိုင် တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ အခုဆိုရင် သူဟာ ဆယ်ကျော်သက်အရွယ် လူပျိုပေါက်လေးဖြစ်နေပြီး ၁၀ တန်းအောင်ပြီးနောက်မှာတော့ အနုပညာလုပ်ငန်းတွေကို ပိုမိုကာလုပ်ကိုင်နေပြီး တေးသီချင်းတွေကိုလဲ သီဆိုနေသလို သူသီဆိုမှုဟန်ပန်ကိုလည်း ပရိသတ်က သဘောကျနှစ်ခြိုက် ကာ အားပေးတာကို ခံရပါတယ်။

"လောလောဆယ်တော့ ခေါင်းဆောင်မင်းသားနေရာကနေ ရိုက်ဖြစ်မှာမဟုတ်သေးပါဘူး၊ သီချင်းနဲ့ပတ်သက်လို့တော့ အခွေထုတ်ချင်သေးတယ်၊ သရုပ်ဆောင်တာရော အဆိုအပိုင်း ကိုရော မျှအောင်လို့တော့ လုပ်သွားမှာပါ၊ အခုက ၁၀ တန်းကို ကျော်လွန်သွားခဲ့ တာကြောင့် လည်း အနုပညာအလုပ်တွေကို ပိုပြီးလုပ်ဖြစ်နေတာပါ၊ ရုပ်ရှင်ကားတွေတော့ ရိုက်လာရ ပါ တယ်၊ ဇာတ်ပို့ဇာတ်ရန် အနေအထားနဲ့ပါ၊ ရှေ့ဆက်ပြီးလည်း အများကြီး လုပ်သွားဖို့ ရှိပါသေးတယ်၊ ငယ်ငယ်တုန်းကလိုပဲ အားပေးကြပါဦးနော်"လို့ သူက ပြောပါတယ်။

သူဟာ လွန်ခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းမှာ အသက် ၁၉နှစ် ပြည့် သွားခဲ့ပြီး ပရိသတ်တွေ ချစ်ခင် ခဲ့ရတဲ့ ကလေးသရုပ်ဆောင် ကနေ လူပျိုပေါက်အရွယ်ဖြစ်လာခဲ့ပါတယ်။ အခုလောလောဆယ် မှာတော့ ကြော်ငြာလေးတွေ လက်ခံ ထားတာရှိသလို ဖျော်ဖြေပွဲတွေ လက်ခံထားတာလည်း ရှိတယ်လို့ သူက အခမ်းအနားတစ်ခုမှာ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

မင်းခေတ်လင်း

(  Zawgyi  )

 ငယ္စဥ္ကတည္းက ကေလးသ႐ုပ္ေဆာင္ တစ္ေယာက္အျဖစ္ အႏုပညာအလုပ္ေတြကို လုပ္ကိုင္လာခဲ့တဲ့ သ႐ုပ္ေဆာင္ အိစိေကြးဟာ အခုဆိုရင္ ေတးသီခ်င္းသီဆိုရင္း အဆိုေတာ္ တစ္ေယာက္အျဖစ္ပါ လုပ္ကိုင္လာခဲ့ပါတယ္။

"ကြၽန္ေတာ့္အေနနဲ႔ အႏုပညာအလုပ္မွန္သမွ် အကုန္လုပ္မွာပါ၊ ဒါကလည္း ဝါသနာပါလို႔ လုပ္တာေလ၊ သီခ်င္းဆိုတာလည္း ကြၽန္ေတာ္ ဝါသနာပါတယ္၊ ဒါလည္း လုပ္ျဖစ္မွာပါ၊ ေလာေလာဆယ္ေတာ့ ႐ုပ္ရွင္ကားေတြ႐ိုက္ေနရတယ္"လို႔ သ႐ုပ္ေဆာင္ အိစိေကြးက ေျပာပါ တယ္။ သူဟာ ငယ္စဥ္ အ႐ြယ္ ကေလးဘဝကတည္းက အသက္အ႐ြယ္နဲ႔ မလိုက္ေအာင္ကို သ႐ုပ္ေဆာင္ေကာင္းလြန္းတဲ့အျပင္ ပရိသတ္ေတြရဲ႕ ရင္ထဲကအခ်စ္ေတြကို သိမ္းပိုက္ထားႏိုင္ တဲ့ အႏုပညာရွင္တစ္ေယာက္ပဲျဖစ္ပါတယ္။ အခုဆိုရင္ သူဟာ ဆယ္ေက်ာ္သက္အ႐ြယ္ လူပ်ိဳေပါက္ေလးျဖစ္ေနၿပီး ၁၀ တန္းေအာင္ၿပီးေနာက္မွာေတာ့ အႏုပညာလုပ္ငန္းေတြကို ပိုမိုကာလုပ္ကိုင္ေနၿပီး ေတးသီခ်င္းေတြကိုလဲ သီဆိုေနသလို သူသီဆိုမႈဟန္ပန္ကိုလည္း ပရိသတ္က သေဘာက်ႏွစ္ၿခိဳက္ ကာ အားေပးတာကို ခံရပါတယ္။

"ေလာေလာဆယ္ေတာ့ ေခါင္းေဆာင္မင္းသားေနရာကေန ႐ိုက္ျဖစ္မွာမဟုတ္ေသးပါဘူး၊ သီခ်င္းနဲ႔ပတ္သက္လို႔ေတာ့ အေခြထုတ္ခ်င္ေသးတယ္၊ သ႐ုပ္ေဆာင္တာေရာ အဆိုအပိုင္း ကိုေရာ မွ်ေအာင္လို႔ေတာ့ လုပ္သြားမွာပါ၊ အခုက ၁၀ တန္းကို ေက်ာ္လြန္သြားခဲ့ တာေၾကာင့္ လည္း အႏုပညာအလုပ္ေတြကို ပိုၿပီးလုပ္ျဖစ္ေနတာပါ၊ ႐ုပ္ရွင္ကားေတြေတာ့ ႐ိုက္လာရ ပါ တယ္၊ ဇာတ္ပို႔ဇာတ္ရန္ အေနအထားနဲ႔ပါ၊ ေရွ႕ဆက္ၿပီးလည္း အမ်ားႀကီး လုပ္သြားဖို႔ ရွိပါေသးတယ္၊ ငယ္ငယ္တုန္းကလိုပဲ အားေပးၾကပါဦးေနာ္"လို႔ သူက ေျပာပါတယ္။

သူဟာ လြန္ခဲ့တဲ့ ဇန္နဝါရီလကုန္ပိုင္းမွာ အသက္ ၁၉ႏွစ္ ျပည့္ သြားခဲ့ၿပီး ပရိသတ္ေတြ ခ်စ္ခင္ ခဲ့ရတဲ့ ကေလးသ႐ုပ္ေဆာင္ ကေန လူပ်ိဳေပါက္အ႐ြယ္ျဖစ္လာခဲ့ပါတယ္။ အခုေလာေလာဆယ္ မွာေတာ့ ေၾကာ္ျငာေလးေတြ လက္ခံ ထားတာရွိသလို ေဖ်ာ္ေျဖပြဲေတြ လက္ခံထားတာလည္း ရွိတယ္လို႔ သူက အခမ္းအနားတစ္ခုမွာ ေတြ႕ဆုံစဥ္ ေျပာၾကားခဲ့ပါတယ္။

မင္းေခတ္လင္း