အကယ်ဒမီအတွက် ရင်ခုန်စရာမရှိဘူးဆိုတဲ့ ခန့်စည်သူ

အကယ်ဒမီအတွက်  ရင်ခုန်စရာမရှိဘူးဆိုတဲ့ ခန့်စည်သူ

မကြာခင် ကျင်းပတော့မယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(အကယ်ဒမီ)နဲ့ ပတ်သက်လို့ သူ့အတွက်တော့ ရင်ခုန်စရာ မရှိဘူးလို့ သရုပ်ဆောင် ခန့်စည်သူက ပြောပါတယ်။အကယ်ဒမီဆုချီးမြှင့်ဖို့ နောက်တစ်ဆင့် ဆန်ကာတင်ကြည့်ရှုနေတဲ့ ရုပ်ရှင်ဇာတ်ကား ၂၅ ကားမှာ သူ့ရဲ့ ဇာတ်ကားတွေမပါဝင်တာကြောင့်လည်းဖြစ်တဲ့အပြင် ဒရမ်မာ ဇာတ်ကားတစ်ကားဖြစ်တဲ့ သုံးရောင်ခြယ် ဇာတ်ကား တစ်ကားဟာလည်း အဲ့ဒီစာရင်းထဲမပါဝင်ဘူးလို့ သိရပါတယ်။ “ဒီနှစ်အတွက်တော့ ရင်ခုန်စရာ မရှိဘူးလေ၊ ကျွန်တော်ရိုက်တဲ့ကားထဲမှာ ဟာသကားတွေတော့ တော်တော်များတယ်၊ ဒရမ်မာကား ဆိုလို့ တစ်ကားပဲရှိတယ်၊ အဲ့ဒါမပါဘူးဆိုတော့လည်း မတတ်နိုင်ဘူးပေါ့”လို့ သရုပ်ဆောင် ခန့်စည်သူက ပြောပါတယ်။

ဆန်ကာတင်စာရင်းမှာ အဲ့ဒီဒရမ်မာကား မပါဝင်တာကြောင့်လည်း ဇာတ်ကားထဲပါဝင်တဲ့ တခြားအနုပညာရှင်တွေ အတွက် စိတ်မကောင်းဖြစ် ရတယ်လို့ ဆိုပါတယ်။ အဲ့ဒီဇာတ်ကားကို ဒါရိုက်တာကလည်း တော်တော်ကြိုးစားပမ်းစားရိုက်ကူးထားကြောင်း၊ မြဝတီ၊ မဲဆောက်ဘက်နဲ့ ထိုင်းဘက်မှာ သွားရောက်တာတွေလည်းရှိပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ တကယ့် သေနတ်အစစ်တွေ၊ ကျည်အစစ်တွေနဲ့ ရိုက်ကူးထားခဲ့တာလို့ သိရပါတယ်။

“အကယ်ဒမီအကဲဖြတ် လူကြီးတွေဖြေကတည်းကိုက အဖြေပါနေပြီးသားလေ၊ အရည်ချင်းရှိတဲ့ကား ပါသွားမယ်၊ အရည်ချင်းမရှိတဲ့ ကားမပါ ဘူးပေါ့၊ ဘာလို့လည်းဆိုတော့ အဲ့ဒီကားမှာ သရုပ်ဆောင်လည်း အရည်အချင်းမရှိလို့ပေါ့နော်၊ ပြောမယ်ဆိုရင် ဇာတ်ညွှန်း ၊ တည်းဖြတ် ၊နောက်ခံတေးဂီတ၊ ဓာတ်ပုံတစ်ခုမှ Quarlity မမီဘူးပေါ့၊ စိတ်မကောင်းပါဘူး၊ အဲ့ဒီကားမှာ နေမျိုးအောင်တို့လည်း တော်တော် အားထုတ်ထား ပါတယ်၊ ရွှေသမီးတို့ အိချောပိုတို့လည်း တော်တော်လေးအားထုတ်တာတွေ့ရပါတယ်၊ ထုတ်လုပ်သူကလည်း ဒီဇာတ်ကားကိုငွေရေးကြေးရေးကြောင့် ထုတ်လုပ်တာမဟုတ်ဘူး၊ Quarlity ရှိတဲ့ကားလေး ရိုက်ချင်တယ် ဆိုပြီးတော့ ဆုံးဖြတ်ပြီးရိုက်ကြတာပေါ့နော်၊ အားလုံးအတွက်စိတ်မကောင်းပါဘူး”လို့ သူကရှင်းပြပါတယ်။

သူ့အနေနဲ့ အခုလတ်တလောမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေကို အများအပြားရိုက်ကူးလာရပြီး ဟာသကားတွေကို ရိုက်ကူးထားတာရှိသလို ရုံတင်ပြသဖို့ဇာတ်ကားတွေလည်း များစွာကျန်နေသေးတယ်လို့ ဆိုပါတယ်။

 မင်းခေတ်လင်း
ရန်ကုန်၊ မတ် ၁

(  Zawgyi  )

 မၾကာခင္ က်င္းပေတာ့မယ့္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆု(အကယ္ဒမီ)နဲ႔ ပတ္သက္လို႔ သူ႔အတြက္ေတာ့ ရင္ခုန္စရာ မရွိဘူးလို႔ သ႐ုပ္ေဆာင္ ခန႔္စည္သူက ေျပာပါတယ္။အကယ္ဒမီဆုခ်ီးျမႇင့္ဖို႔ ေနာက္တစ္ဆင့္ ဆန္ကာတင္ၾကည့္ရႈေနတဲ့ ႐ုပ္ရွင္ဇာတ္ကား ၂၅ ကားမွာ သူ႔ရဲ႕ ဇာတ္ကားေတြမပါဝင္တာေၾကာင့္လည္းျဖစ္တဲ့အျပင္ ဒရမ္မာ ဇာတ္ကားတစ္ကားျဖစ္တဲ့ သုံးေရာင္ျခယ္ ဇာတ္ကား တစ္ကားဟာလည္း အဲ့ဒီစာရင္းထဲမပါဝင္ဘူးလို႔ သိရပါတယ္။ “ဒီႏွစ္အတြက္ေတာ့ ရင္ခုန္စရာ မရွိဘူးေလ၊ ကြၽန္ေတာ္႐ိုက္တဲ့ကားထဲမွာ ဟာသကားေတြေတာ့ ေတာ္ေတာ္မ်ားတယ္၊ ဒရမ္မာကား ဆိုလို႔ တစ္ကားပဲရွိတယ္၊ အဲ့ဒါမပါဘူးဆိုေတာ့လည္း မတတ္ႏိုင္ဘူးေပါ့”လို႔ သ႐ုပ္ေဆာင္ ခန႔္စည္သူက ေျပာပါတယ္။

ဆန္ကာတင္စာရင္းမွာ အဲ့ဒီဒရမ္မာကား မပါဝင္တာေၾကာင့္လည္း ဇာတ္ကားထဲပါဝင္တဲ့ တျခားအႏုပညာရွင္ေတြ အတြက္ စိတ္မေကာင္းျဖစ္ ရတယ္လို႔ ဆိုပါတယ္။ အဲ့ဒီဇာတ္ကားကို ဒါ႐ိုက္တာကလည္း ေတာ္ေတာ္ႀကိဳးစားပမ္းစား႐ိုက္ကူးထားေၾကာင္း၊ ျမဝတီ၊ မဲေဆာက္ဘက္နဲ႔ ထိုင္းဘက္မွာ သြားေရာက္တာေတြလည္းရွိၿပီး တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းေတြရဲ႕ အကူအညီနဲ႔ တကယ့္ ေသနတ္အစစ္ေတြ၊ က်ည္အစစ္ေတြနဲ႔ ႐ိုက္ကူးထားခဲ့တာလို႔ သိရပါတယ္။

“အကယ္ဒမီအကဲျဖတ္ လူႀကီးေတြေျဖကတည္းကိုက အေျဖပါေနၿပီးသားေလ၊ အရည္ခ်င္းရွိတဲ့ကား ပါသြားမယ္၊ အရည္ခ်င္းမရွိတဲ့ ကားမပါ ဘူးေပါ့၊ ဘာလို႔လည္းဆိုေတာ့ အဲ့ဒီကားမွာ သ႐ုပ္ေဆာင္လည္း အရည္အခ်င္းမရွိလို႔ေပါ့ေနာ္၊ ေျပာမယ္ဆိုရင္ ဇာတ္ၫႊန္း ၊ တည္းျဖတ္ ၊ေနာက္ခံေတးဂီတ၊ ဓာတ္ပုံတစ္ခုမွ Quarlity မမီဘူးေပါ့၊ စိတ္မေကာင္းပါဘူး၊ အဲ့ဒီကားမွာ ေနမ်ိဳးေအာင္တို႔လည္း ေတာ္ေတာ္ အားထုတ္ထား ပါတယ္၊ ေ႐ႊသမီးတို႔ အိေခ်ာပိုတို႔လည္း ေတာ္ေတာ္ေလးအားထုတ္တာေတြ႕ရပါတယ္၊ ထုတ္လုပ္သူကလည္း ဒီဇာတ္ကားကိုေငြေရးေၾကးေရးေၾကာင့္ ထုတ္လုပ္တာမဟုတ္ဘူး၊ Quarlity ရွိတဲ့ကားေလး ႐ိုက္ခ်င္တယ္ ဆိုၿပီးေတာ့ ဆုံးျဖတ္ၿပီး႐ိုက္ၾကတာေပါ့ေနာ္၊ အားလုံးအတြက္စိတ္မေကာင္းပါဘူး”လို႔ သူကရွင္းျပပါတယ္။

သူ႔အေနနဲ႔ အခုလတ္တေလာမွာ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြကို အမ်ားအျပား႐ိုက္ကူးလာရၿပီး ဟာသကားေတြကို ႐ိုက္ကူးထားတာရွိသလို ႐ုံတင္ျပသဖို႔ဇာတ္ကားေတြလည္း မ်ားစြာက်န္ေနေသးတယ္လို႔ ဆိုပါတယ္။

 မင္းေခတ္လင္း
ရန္ကုန္၊ မတ္ ၁