အကယ်ဒမီကို ရရင်ယူမယ်လို့ စိတ်ပေါ့ပေါ့ ထားတဲ့ ဟိန်းမင်း

  အကယ်ဒမီကို ရရင်ယူမယ်လို့ စိတ်ပေါ့ပေါ့  ထားတဲ့ ဟိန်းမင်း

အကယ်ဒမီ ထူးချွန်ဆုနဲ့ ပတ်သက်ပြီး ရရင်ယူမယ်လို့ စိတ်ပေါ့ပေါ့သာ ထားတော့တယ်လို့ ဇာတ်ပို့ဇာတ်ရန် သရုပ်ဆောင် ဟိန်းမင်းက ထုတ်ဖော် ပြောကြားပါတယ်။ "အကယ်ဒမီ အနေနဲ့ ကတော့ ပြောကြတာတွေရှိတယ်၊ ဦးအနေနဲ့ကတော့ ရရင်ယူမယ် မရရင်မယူဘူး၊ ဘာလို့လဲ ဆိုတော့ စိတ်ဓာတ်ကျသွားပြီ၊ မနှစ်က ကျိန်းသေ ရမယ့်ဟာကြီးက ဘယ်လိုဖြစ်သွားလဲ မသိဘူး၊ ဘာပဲပြောပြော ရင်ထဲမှာ မထားတော့ဘူး၊ ပေးရင်ယူမယ်၊ မပေးရင်မယူဘူး၊ ဒါပဲလေ၊ ရမယ်ဆိုပြီး ရင်ထဲမှာထားရင် စိတ်သောက ရောက်မယ်၊ ဒဏ်ရာရ သွားမယ်လေ၊ စိတ်ထဲက ပေးရင်ယူမယ်ဒါပဲ၊ ပရိသတ် ပေးတဲ့ ဆုတော့ ရထားပြီးပြီလေ၊ စိတ်တော့မနာပါဘူး၊ ဦးကတော့ ဘုရားဟောတဲ့အတိုင်းပဲ မေတ္တာထားမယ်၊ သူတို့ ကိုယ့်အပေါ် ကောင်းကောင်း မကောင်းကောင်း မေတ္တာထားမယ်"လို့ ဇာတ်ပို့ဇာတ်ရန် သရုပ်ဆောင် ဟိန်းမင်းက ရုပ်ရှင်အထူးပြပွဲတစ်ခုမှာ တွေ့ဆုံစဉ် ပြောပြခဲ့တာ ဖြစ်ပါတယ်။

အနုပညာလောကမှာတော့ ဇာတ်ပို့ဇာတ်ရန် တွေဟာ သရုပ်ဆောင် တွေလို အနုပညာကြေး သိန်းရာဂဏန်း ချီကာ ရကြတာ မဟုတ်တဲ့အပြင် စားဝတ်နေရေးကို ဖြေရှင်းရင်း အကယ်ဒမီဆုကို အနုပညာမှတ်တိုင်တစ်ခုအနေနဲ့ မှတ်ယူ ကြသူတွေလို့ ဆိုပါတယ်။ သရုပ်ဆောင်သက် အနှစ် ၄၀ ကျော်ရှိတဲ့ သူ့အဖို့တော့ သရုပ်ဆောင်တဲ့ နေရာမှာလည်း အမျိုးမျိုးကြုံခဲ့ရတာတွေ ရှိသလို နိုင့်ထက် စီးနင်း လုပ်သလို အလွန်အကြူး နောက်ပြောင်ကျီစားတာမျိုးလည်း ကြုံလေ့ရှိ တတ်ကြပါတယ်။

"မင်းသားကံမပါလာလို့ အခုထိ မင်းသား မဖြစ်တာပေါ့၊ အကယ်ဒမီဆုဟာ ဦးတို့လို ဇာတ်ပို့တွေ အတွက်တော့ မှတ်တိုင်တစ်ခုပါပဲ၊ ဇာတ်ပို့ဇာတ်ရန်တွေ အနေနဲ့က ဘာမှလည်း လိုက်မပြော နိုင်ဘူး၊ ဘာမှလည်း လိုက်မလုပ်နိုင်ဘူးလေ၊ လုပ်နိုင်တဲ့သူ ကတော့ ဖြစ်တာပေါ့၊ ဒါပါပဲ၊ ဇာတ်ပို့နဲ့ဇာတ်ရန် ခွဲခွဲခြားခြား သိပြီးတော့ မှန်မှန်ကန်ကန်ပဲ ဖြစ်စေချင်တယ်၊ သိသိကြီးနဲ့ လုပ်နေတာ ဒါက ပြောရင်
တော့ မတရားရာကျတာပေါ့လေ၊ ဘက်လိုက်တဲ့ သဘောလေ၊ အမှန်ဒါမျိုးက ဘက်မလိုက် သင့်ဘူး၊ တော်တဲ့သူ တော်သလို ပေးရမှာပဲလေ၊ မျက်နှာလိုက်ပြီး လျှောက်ပေးနေရင် အဓိပ္ပာယ်မှ မရှိတာ၊ ဒီအကယ်ဒမီ ထူးချွန်ဆုကြီးက အလကားဖြစ်သွားမယ်လေ၊ အမှန်ဒါမျိုးက မျှမျှတတပဲဖြစ်စေချင်တယ်၊ မျက်နှာကြီးရာ ဟင်းဖတ်ပါသလိုပဲ အဲ့ဒါမျိုးလို့ ပြောချင်တယ်"လို့လည်း သူက ပြောပြပါတယ်။

ယခုနှစ် အကယ်ဒမီထူးချွန်ဆုဟာ မှန်ကန်မယ်လို့ ယူဆ ထားကြပြီး ဇာတ်ကားကောင်းတွေ လည်း များစွာ အပြိုင်အဆိုင်လို ဖြစ်နေတယ်လို့ ဆိုပါတယ်။ "ဒီနှစ်က ဇာတ်ကားတွေ အကုန်လုံးကောင်း တယ်၊ မနှစ်ကမှ နည်းနည်းချောင်သေးတယ်၊ လူကြီးတွေလည်း ရွေးချယ်မှု အပိုင်းမှာ အခက်အခဲဖြစ် တယ်၊ ဘယ်လိုတွေ ဖြစ်ကြမယ်လို့ မသိသေးဘူး၊ ဦးအနေနဲ့တော့ စောင့်ကြည့်ရဦးမယ်လေ"လို့ ဆက်ပြောခဲ့ပါသေးတယ်။ သူဟာ ယခုဆိုရင် ဇာတ်ပို့ ဇာတ်ရန် အနေနဲ့သာမကဘဲ ရုပ်ရှင် ဇာတ်ကားကြီးတွေရဲ့ ရိုက်ကွင်းတာဝန်ခံ အနေနဲ့ပါ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ မတ် ၁၄ 

(   Zawgyi   )

 အကယ္ဒမီ ထူးခြၽန္ဆုနဲ႔ ပတ္သက္ၿပီး ရရင္ယူမယ္လို႔ စိတ္ေပါ့ေပါ့သာ ထားေတာ့တယ္လို႔ ဇာတ္ပို႔ဇာတ္ရန္ သ႐ုပ္ေဆာင္ ဟိန္းမင္းက ထုတ္ေဖာ္ ေျပာၾကားပါတယ္။ "အကယ္ဒမီ အေနနဲ႔ ကေတာ့ ေျပာၾကတာေတြရွိတယ္၊ ဦးအေနနဲ႔ကေတာ့ ရရင္ယူမယ္ မရရင္မယူဘူး၊ ဘာလို႔လဲ ဆိုေတာ့ စိတ္ဓာတ္က်သြားၿပီ၊ မႏွစ္က က်ိန္းေသ ရမယ့္ဟာႀကီးက ဘယ္လိုျဖစ္သြားလဲ မသိဘူး၊ ဘာပဲေျပာေျပာ ရင္ထဲမွာ မထားေတာ့ဘူး၊ ေပးရင္ယူမယ္၊ မေပးရင္မယူဘူး၊ ဒါပဲေလ၊ ရမယ္ဆိုၿပီး ရင္ထဲမွာထားရင္ စိတ္ေသာက ေရာက္မယ္၊ ဒဏ္ရာရ သြားမယ္ေလ၊ စိတ္ထဲက ေပးရင္ယူမယ္ဒါပဲ၊ ပရိသတ္ ေပးတဲ့ ဆုေတာ့ ရထားၿပီးၿပီေလ၊ စိတ္ေတာ့မနာပါဘူး၊ ဦးကေတာ့ ဘုရားေဟာတဲ့အတိုင္းပဲ ေမတၱာထားမယ္၊ သူတို႔ ကိုယ့္အေပၚ ေကာင္းေကာင္း မေကာင္းေကာင္း ေမတၱာထားမယ္"လို႔ ဇာတ္ပို႔ဇာတ္ရန္ သ႐ုပ္ေဆာင္ ဟိန္းမင္းက ႐ုပ္ရွင္အထူးျပပြဲတစ္ခုမွာ ေတြ႕ဆုံစဥ္ ေျပာျပခဲ့တာ ျဖစ္ပါတယ္။

အႏုပညာေလာကမွာေတာ့ ဇာတ္ပို႔ဇာတ္ရန္ ေတြဟာ သ႐ုပ္ေဆာင္ ေတြလို အႏုပညာေၾကး သိန္းရာဂဏန္း ခ်ီကာ ရၾကတာ မဟုတ္တဲ့အျပင္ စားဝတ္ေနေရးကို ေျဖရွင္းရင္း အကယ္ဒမီဆုကို အႏုပညာမွတ္တိုင္တစ္ခုအေနနဲ႔ မွတ္ယူ ၾကသူေတြလို႔ ဆိုပါတယ္။ သ႐ုပ္ေဆာင္သက္ အႏွစ္ ၄၀ ေက်ာ္ရွိတဲ့ သူ႔အဖို႔ေတာ့ သ႐ုပ္ေဆာင္တဲ့ ေနရာမွာလည္း အမ်ိဳးမ်ိဳးႀကဳံခဲ့ရတာေတြ ရွိသလို ႏိုင့္ထက္ စီးနင္း လုပ္သလို အလြန္အၾကဴး ေနာက္ေျပာင္က်ီစားတာမ်ိဳးလည္း ႀကဳံေလ့ရွိ တတ္ၾကပါတယ္။

"မင္းသားကံမပါလာလို႔ အခုထိ မင္းသား မျဖစ္တာေပါ့၊ အကယ္ဒမီဆုဟာ ဦးတို႔လို ဇာတ္ပို႔ေတြ အတြက္ေတာ့ မွတ္တိုင္တစ္ခုပါပဲ၊ ဇာတ္ပို႔ဇာတ္ရန္ေတြ အေနနဲ႔က ဘာမွလည္း လိုက္မေျပာ ႏိုင္ဘူး၊ ဘာမွလည္း လိုက္မလုပ္ႏိုင္ဘူးေလ၊ လုပ္ႏိုင္တဲ့သူ ကေတာ့ ျဖစ္တာေပါ့၊ ဒါပါပဲ၊ ဇာတ္ပို႔နဲ႔ဇာတ္ရန္ ခြဲခြဲျခားျခား သိၿပီးေတာ့ မွန္မွန္ကန္ကန္ပဲ ျဖစ္ေစခ်င္တယ္၊ သိသိႀကီးနဲ႔ လုပ္ေနတာ ဒါက ေျပာရင္
ေတာ့ မတရားရာက်တာေပါ့ေလ၊ ဘက္လိုက္တဲ့ သေဘာေလ၊ အမွန္ဒါမ်ိဳးက ဘက္မလိုက္ သင့္ဘူး၊ ေတာ္တဲ့သူ ေတာ္သလို ေပးရမွာပဲေလ၊ မ်က္ႏွာလိုက္ၿပီး ေလွ်ာက္ေပးေနရင္ အဓိပၸာယ္မွ မရွိတာ၊ ဒီအကယ္ဒမီ ထူးခြၽန္ဆုႀကီးက အလကားျဖစ္သြားမယ္ေလ၊ အမွန္ဒါမ်ိဳးက မွ်မွ်တတပဲျဖစ္ေစခ်င္တယ္၊ မ်က္ႏွာႀကီးရာ ဟင္းဖတ္ပါသလိုပဲ အဲ့ဒါမ်ိဳးလို႔ ေျပာခ်င္တယ္"လို႔လည္း သူက ေျပာျပပါတယ္။

ယခုႏွစ္ အကယ္ဒမီထူးခြၽန္ဆုဟာ မွန္ကန္မယ္လို႔ ယူဆ ထားၾကၿပီး ဇာတ္ကားေကာင္းေတြ လည္း မ်ားစြာ အၿပိဳင္အဆိုင္လို ျဖစ္ေနတယ္လို႔ ဆိုပါတယ္။ "ဒီႏွစ္က ဇာတ္ကားေတြ အကုန္လုံးေကာင္း တယ္၊ မႏွစ္ကမွ နည္းနည္းေခ်ာင္ေသးတယ္၊ လူႀကီးေတြလည္း ေ႐ြးခ်ယ္မႈ အပိုင္းမွာ အခက္အခဲျဖစ္ တယ္၊ ဘယ္လိုေတြ ျဖစ္ၾကမယ္လို႔ မသိေသးဘူး၊ ဦးအေနနဲ႔ေတာ့ ေစာင့္ၾကည့္ရဦးမယ္ေလ"လို႔ ဆက္ေျပာခဲ့ပါေသးတယ္။ သူဟာ ယခုဆိုရင္ ဇာတ္ပို႔ ဇာတ္ရန္ အေနနဲ႔သာမကဘဲ ႐ုပ္ရွင္ ဇာတ္ကားႀကီးေတြရဲ႕ ႐ိုက္ကြင္းတာဝန္ခံ အေနနဲ႔ပါ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ မတ္ ၁၄