သြင်္ကန်သီချင်းများနှင့်ဖွဲ့စည်းထားသော ခေတ်သစ်ပျော်ေတဲ့မဟာသြင်္ကန်တေးစီးရီးမိတ်ဆက်

သြင်္ကန်သီချင်းများနှင့်ဖွဲ့စည်းထားသော ခေတ်သစ်ပျော်တဲ့မဟာသြင်္ကန်တေးစီးရီးမိတ်ဆက်

သြင်္ကန်တေးသီချင်းတွေနဲ့ ဖွဲ့စည်းဖန်တီးထားသော “ခေတ်သစ်ပျော်တဲ့ မဟာသြင်္ကန်” တေးစီးရီး DVD Karaoke စာနယ်ဇင်းမိတ်ဆက်တဲ့ အခမ်းအနားကို ဒီကနေ့ (မတ်လ ၁၆ရက်) မွန်းတည့် ၁၂ နာရီ က ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ Pearl Rose စားသောက်ဆိုင်မှာ ကျင်းပခဲ့ပါတယ်။

အဲ့ဒီအခွေမှာ မငြင်းနဲ့တော့ မန်းသူပျို၊ သြင်္ကန်မလေး မေးသြင်္ကန်၊ ရေလောင်းမှနေကောင်း၊ ပိတောက်ရနံ့ သင်းတဲ့ လူပျိုစကား၊ ခေတ်သစ်ပျော်တဲ့ မဟာသြင်္ကန်၊ ဝေဒနာတွေမပေးနဲ့လေကွာ၊ ပျော်လိုက်ရအောင်၊ စပ်တယ်ဗျ၊ အရသာရှိသောသြင်္ကန်၊ ပိတောက်ပင်အောက်က ပိတောက်ချစ်သူ စတဲ့ တေးသီချင်းတွေ စုစုပေါင်း ၁၀ ပုဒ်ပါဝင်ပြီး တေးရေးတွေအဖြစ် မင်းဇော်၊ မင်းထက်သာ၊ သားအောင်၊ အင်ဂျန်းဆက်၊ ကျော်ဌေး(မြင်းမူ) တို့ရေးစပ်ထား ကြကြောင်း၊ SHH Band က တီးခတ် ပေးထားသလို ဒါရိုက်တာ အောင်ဆန်းမင်းက ရိုက်ကူးထားပြီး (ဘိသိက်) ခေတ်သစ်စိန်က အကောင်းဆုံးသီဆိုထားကြတဲ့ တေးစီးရီးလည်း ဖြစ်ပါတယ်။

“ဒီလိုသြင်္ကန်ကာလလေးမှာ သြင်္ကန်တေးသီချင်းတွေနဲ့ ပျော်ရွှင်ကြလိမ့်မယ်လို့ မြင်မိပါတယ်၊ ဒီခွေကို မန်းသီရိ တေးသံသွင်းကနေ ဖြန့်ချိမှာ ဖြစ်ပါတယ်၊ ပျော်ရွှင်ခံစားရင်းနဲ့ သြင်္ကန်အချိန်အခါမှာ ပျော်ရွှင်ကြပါစေ”လို့လည်း တေးသံရှင် (ဘိသိက်) ခေတ်သစ်စိန်က ပြောပါတယ်။ အဲ့ဒီအခွေကို ဒေါ်ခင်သီတာ စီစဉ်ထားသလို အမေများ အဖွဲ့ရဲ့ အကတွေနဲ့ဖျော်ဖြေမှုတွေလည်း ပါဝင်ပါတယ်။

 “အမေတို့ရဲ့ အကတွေ၊ ဖျော်ဖြေမှုတွေနဲ့ ဝိုင်းပြီး အားဖြည့်ပေးထားတာ ဖြစ်ပါတယ်၊ လာမယ့်သြင်္ကန် မှာလည်း ဖျော်ဖြေဖို့အတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေတော့ လုပ်ဆောင်နေပါပြီ”လို့ အမေများ အကအဖွဲ့မှ ဒေါ်နွဲ့နွဲ့စန်းက ပြောပါတယ်။ တေးစီးရီးခွေမိတ်ဆက်တဲ့ ယနေ့အခမ်းအနားမှာလည်း အမေများအဖွဲ့က အကတွေနဲ့ ဖျော်ဖြေခဲ့ပါသေးတယ်။

 မင်းခေတ်လင်း
ရန်ကုန်၊ မတ် ၁၆

(  Zawgyi  )

 
ၾသကၤန္သီခ်င္းမ်ားႏွင့္ဖြဲ႕စည္းထားေသာ ေခတ္သစ္ေပ်ာ္တဲ့မဟာၾသကၤန္ေတးစီးရီးမိတ္ဆက္

ၾသကၤန္ေတးသီခ်င္းေတြနဲ႔ ဖြဲ႕စည္းဖန္တီးထားေသာ “ေခတ္သစ္ေပ်ာ္တဲ့ မဟာၾသကၤန္” ေတးစီးရီး DVD Karaoke စာနယ္ဇင္းမိတ္ဆက္တဲ့ အခမ္းအနားကို ဒီကေန႔ (မတ္လ ၁၆ရက္) မြန္းတည့္ ၁၂ နာရီ က ရန္ကုန္ၿမိဳ႕ သာေကတၿမိဳ႕နယ္ရွိ Pearl Rose စားေသာက္ဆိုင္မွာ က်င္းပခဲ့ပါတယ္။

အဲ့ဒီအေခြမွာ မျငင္းနဲ႔ေတာ့ မန္းသူပ်ိဳ၊ ၾသကၤန္မေလး ေမးၾသကၤန္၊ ေရေလာင္းမွေနေကာင္း၊ ပိေတာက္ရနံ႔ သင္းတဲ့ လူပ်ိဳစကား၊ ေခတ္သစ္ေပ်ာ္တဲ့ မဟာၾသကၤန္၊ ေဝဒနာေတြမေပးနဲ႔ေလကြာ၊ ေပ်ာ္လိုက္ရေအာင္၊ စပ္တယ္ဗ်၊ အရသာရွိေသာၾသကၤန္၊ ပိေတာက္ပင္ေအာက္က ပိေတာက္ခ်စ္သူ စတဲ့ ေတးသီခ်င္းေတြ စုစုေပါင္း ၁၀ ပုဒ္ပါဝင္ၿပီး ေတးေရးေတြအျဖစ္ မင္းေဇာ္၊ မင္းထက္သာ၊ သားေအာင္၊ အင္ဂ်န္းဆက္၊ ေက်ာ္ေဌး(ျမင္းမူ) တို႔ေရးစပ္ထား ၾကေၾကာင္း၊ SHH Band က တီးခတ္ ေပးထားသလို ဒါ႐ိုက္တာ ေအာင္ဆန္းမင္းက ႐ိုက္ကူးထားၿပီး (ဘိသိက္) ေခတ္သစ္စိန္က အေကာင္းဆုံးသီဆိုထားၾကတဲ့ ေတးစီးရီးလည္း ျဖစ္ပါတယ္။

“ဒီလိုၾသကၤန္ကာလေလးမွာ ၾသကၤန္ေတးသီခ်င္းေတြနဲ႔ ေပ်ာ္႐ႊင္ၾကလိမ့္မယ္လို႔ ျမင္မိပါတယ္၊ ဒီေခြကို မန္းသီရိ ေတးသံသြင္းကေန ျဖန႔္ခ်ိမွာ ျဖစ္ပါတယ္၊ ေပ်ာ္႐ႊင္ခံစားရင္းနဲ႔ ၾသကၤန္အခ်ိန္အခါမွာ ေပ်ာ္႐ႊင္ၾကပါေစ”လို႔လည္း ေတးသံရွင္ (ဘိသိက္) ေခတ္သစ္စိန္က ေျပာပါတယ္။ အဲ့ဒီအေခြကို ေဒၚခင္သီတာ စီစဥ္ထားသလို အေမမ်ား အဖြဲ႕ရဲ႕ အကေတြနဲ႔ေဖ်ာ္ေျဖမႈေတြလည္း ပါဝင္ပါတယ္။

 “အေမတို႔ရဲ႕ အကေတြ၊ ေဖ်ာ္ေျဖမႈေတြနဲ႔ ဝိုင္းၿပီး အားျဖည့္ေပးထားတာ ျဖစ္ပါတယ္၊ လာမယ့္ၾသကၤန္ မွာလည္း ေဖ်ာ္ေျဖဖို႔အတြက္ လိုအပ္တဲ့ျပင္ဆင္မႈေတြေတာ့ လုပ္ေဆာင္ေနပါၿပီ”လို႔ အေမမ်ား အကအဖြဲ႕မွ ေဒၚႏြဲ႕ႏြဲ႕စန္းက ေျပာပါတယ္။ ေတးစီးရီးေခြမိတ္ဆက္တဲ့ ယေန႔အခမ္းအနားမွာလည္း အေမမ်ားအဖြဲ႕က အကေတြနဲ႔ ေဖ်ာ္ေျဖခဲ့ပါေသးတယ္။

 မင္းေခတ္လင္း
ရန္ကုန္၊ မတ္ ၁၆