သီချင်းဟောင်းလေးတွေကို ပရိသတ်အကြိုက် ပြန်လည်ဆန်းသစ်ဖို့ ကြိုးပမ်းနေတဲ့ တေးသံရှင် ဇော်ဝင်းထွဋ်

သီချင်းဟောင်းလေးတွေကို ပရိသတ်အကြိုက် ပြန်လည်ဆန်းသစ်ဖို့ ကြိုးပမ်းနေတဲ့ တေးသံရှင် ဇော်ဝင်းထွဋ်

ဂီတလောကမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ တေးသံရှင်တစ်ဦးလည်း ဖြစ်ခဲ့တဲ့ တေးသံရှင် ဇော်ဝင်းထွဋ်ဟာ ယခင်က ထွက်ရှိဖူးခဲ့သော တေးသီချင်းတွေကို ပရိသတ်ကြိုက်စေမယ့် အခြေအနေ မျိုး အဖြစ် ပြန်လည်ဆန်းသစ် ဖန်တီးသွားဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ခေတ်တုန်းက ကတ်ဆက်ခွေသီချင်းတွေ၊ အခုလည်းနားထောင်ရင် ကတ်ဆက်နဲ့ပဲ ပြန်နားထောင် ဖြစ်တယ်၊ အသံပါဝါကောင်းတဲ့ စပီကာကြီးတွေက ထွက်တဲ့အသံထက် ငယ်ငယ် တုန်းက ကြိုက်ခဲ့တဲ့ လက်ဆွဲကတ်ဆက်က စပီကာသံလေးပဲ ကြိုက်မိတယ်၊ ဒါကြောင့်လည်းလေ အခုခေတ်နဲ့ အဆင်ပြေမယ့် ပုံစံမျိုးလေးတွေ ပြန်လည်ဖန်တီးထုတ်လုပ်ဖို့တော့ စိတ်ကူးရှိပါတယ်၊ လောလောဆယ်တော့ အဲ့ဒါ ကြိုးပမ်းနေတဲ့အနေအထားပေါ့”လို့ တေးသံရှင် ဇော်ဝင်းထွဋ်က ပြောပါတယ်။

၎င်းကို ဖိတ်ကြားလာတဲ့ ဖျော်ဖြေပွဲလေးတွေမှာ လိုက်လံဖျော်ဖြေနေရပြီး တစ်ချိန်က လူကြိုက်များ ခဲ့ရတဲ့ တေးသီချင်းတွေကို ပြန်လည်ဆန်းသစ်ဖန်တီးနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ “ဒီလို လုပ်လို့ ကျွန်တော်တို့ဟာ ရှေးခေတ်မှာ ကျန်ခဲ့တဲ့ ဒိုင်နိုဆောတွေလို ဖြစ်နေသလားတော့ မပြော တတ်ဘူးပေါ့နော်၊ ကိုယ့်သားသမီးတွေ ကိုယ့်ကလေးတွေနဲ့ ဂီတလောကကြီး ဒီလိုမျိုး ရှေ့ဆက် သွားနေတာတော့ သဘောကျတယ်၊ အခုက ဘယ်လိုခေါ်မလဲဆိုတော့ Hard disk က Full ဖြစ်သွားသလိုပေါ့နော်၊ ထပ်ထည့်လို့ မရတော့ဘူး၊ ပြန်လှည့်လိုက် ပြန်ဖွင့်ပေါ့နော်၊ ဖိနပ်တောင်မှ စီးနေတာတော်တော်ကြာပြီ၊ ပေါက်ပြဲနေလို့ အပြားပြန်ကပ်ပြီး စီးတယ်၊ အသစ်စီးဖို့မကြိုက်ဘူး”လို့ သူက ဆိုပါတယ်။

ယခုအခါ ကတ်ဆက်ခွေခေတ်ကုန်သွားပေမယ့် ပြည်တွင်းမှာ အွန်လိုင်းသုံးစွဲမှု တွင်ကျယ်လာ တာတွေ နဲ့အတူ YouTube ကနေ တေးသီချင်းတွေကို နားဆင်ရတဲ့အခြေအနေဟာလည်း ရှေးခေတ်တေးသီချင်းတွေအတွက် နှစ်သက်စရာအခြေအနေမျိုးရှိကြောင်း၊ ရှေးခေတ်ဟောင်း တေးသီချင်းတွေဆိုသော်လည်း အားပေးကြတဲ့ သူတွေဟာ ယနေ့ခေတ်လူငယ်တွေဖြစ်တာကိုလည်း တွေ့ရတယ်လို့ သူကပြောပါတယ်။ “ကတ်ဆက်ခွေ ခေတ်ကုန်သွားတော့ ဘာပဲပြောပြောပေါ့လေ၊ bluetooth ကနေ စတစ်နဲ့ချိတ် ပြီးနားထောင်နိုင်တာတို့၊ YouTube ကနေ သီချင်းတွေ နားထောင်ရ တာတွေက အင်မတန်မှ ကောင်းလာစေတဲ့ အခြေအနေတစ်ခုပါပဲ၊ ငယ်ငယ်က သီချင်းတွေကို ပြန်နားထောင်ဖြစ်တယ်၊ ကတ်ဆက်ခွေတွေဆိုရင် စုထားတာ ၁၀၀ ကျော်လောက်ရှိတယ်၊ ဓာတ်ပြားခွေတွေလည်းရှိသေးတယ်၊ ဟောင်းတယ်ပဲပြောပြော ကိုယ်တိုင်ကလည်း အဲ့ဒီ အရင်တုန်းက သီချင်းတွေပဲ ကြိုက်မိတယ်”လို့ သူက ဆက်လက်ပြောကြားပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဒီဇင်ဘာ ၃၁

(  Zawgyi  )

 ဂီတေလာကမွာ ေအာင္ျမင္ေက်ာ္ၾကားခဲ့တဲ့ ေတးသံရွင္တစ္ဦးလည္း ျဖစ္ခဲ့တဲ့ ေတးသံရွင္ ေဇာ္ဝင္းထြဋ္ဟာ ယခင္က ထြက္ရွိဖူးခဲ့ေသာ ေတးသီခ်င္းေတြကို ပရိသတ္ႀကိဳက္ေစမယ့္ အေျခအေန မ်ိဳး အျဖစ္ ျပန္လည္ဆန္းသစ္ ဖန္တီးသြားဖို႔ ႀကိဳးပမ္းေနတယ္လို႔ ဆိုပါတယ္။

“ကြၽန္ေတာ္တို႔ေခတ္တုန္းက ကတ္ဆက္ေခြသီခ်င္းေတြ၊ အခုလည္းနားေထာင္ရင္ ကတ္ဆက္နဲ႔ပဲ ျပန္နားေထာင္ ျဖစ္တယ္၊ အသံပါဝါေကာင္းတဲ့ စပီကာႀကီးေတြက ထြက္တဲ့အသံထက္ ငယ္ငယ္ တုန္းက ႀကိဳက္ခဲ့တဲ့ လက္ဆြဲကတ္ဆက္က စပီကာသံေလးပဲ ႀကိဳက္မိတယ္၊ ဒါေၾကာင့္လည္းေလ အခုေခတ္နဲ႔ အဆင္ေျပမယ့္ ပုံစံမ်ိဳးေလးေတြ ျပန္လည္ဖန္တီးထုတ္လုပ္ဖို႔ေတာ့ စိတ္ကူးရွိပါတယ္၊ ေလာေလာဆယ္ေတာ့ အဲ့ဒါ ႀကိဳးပမ္းေနတဲ့အေနအထားေပါ့”လို႔ ေတးသံရွင္ ေဇာ္ဝင္းထြဋ္က ေျပာပါတယ္။

၎ကို ဖိတ္ၾကားလာတဲ့ ေဖ်ာ္ေျဖပြဲေလးေတြမွာ လိုက္လံေဖ်ာ္ေျဖေနရၿပီး တစ္ခ်ိန္က လူႀကိဳက္မ်ား ခဲ့ရတဲ့ ေတးသီခ်င္းေတြကို ျပန္လည္ဆန္းသစ္ဖန္တီးႏိုင္ဖို႔ ႀကိဳးပမ္းေနတယ္လို႔ သိရပါတယ္။ “ဒီလို လုပ္လို႔ ကြၽန္ေတာ္တို႔ဟာ ေရွးေခတ္မွာ က်န္ခဲ့တဲ့ ဒိုင္ႏိုေဆာေတြလို ျဖစ္ေနသလားေတာ့ မေျပာ တတ္ဘူးေပါ့ေနာ္၊ ကိုယ့္သားသမီးေတြ ကိုယ့္ကေလးေတြနဲ႔ ဂီတေလာကႀကီး ဒီလိုမ်ိဳး ေရွ႕ဆက္ သြားေနတာေတာ့ သေဘာက်တယ္၊ အခုက ဘယ္လိုေခၚမလဲဆိုေတာ့ Hard disk က Full ျဖစ္သြားသလိုေပါ့ေနာ္၊ ထပ္ထည့္လို႔ မရေတာ့ဘူး၊ ျပန္လွည့္လိုက္ ျပန္ဖြင့္ေပါ့ေနာ္၊ ဖိနပ္ေတာင္မွ စီးေနတာေတာ္ေတာ္ၾကာၿပီ၊ ေပါက္ၿပဲေနလို႔ အျပားျပန္ကပ္ၿပီး စီးတယ္၊ အသစ္စီးဖို႔မႀကိဳက္ဘူး”လို႔ သူက ဆိုပါတယ္။

ယခုအခါ ကတ္ဆက္ေခြေခတ္ကုန္သြားေပမယ့္ ျပည္တြင္းမွာ အြန္လိုင္းသုံးစြဲမႈ တြင္က်ယ္လာ တာေတြ နဲ႔အတူ YouTube ကေန ေတးသီခ်င္းေတြကို နားဆင္ရတဲ့အေျခအေနဟာလည္း ေရွးေခတ္ေတးသီခ်င္းေတြအတြက္ ႏွစ္သက္စရာအေျခအေနမ်ိဳးရွိေၾကာင္း၊ ေရွးေခတ္ေဟာင္း ေတးသီခ်င္းေတြဆိုေသာ္လည္း အားေပးၾကတဲ့ သူေတြဟာ ယေန႔ေခတ္လူငယ္ေတြျဖစ္တာကိုလည္း ေတြ႕ရတယ္လို႔ သူကေျပာပါတယ္။ “ကတ္ဆက္ေခြ ေခတ္ကုန္သြားေတာ့ ဘာပဲေျပာေျပာေပါ့ေလ၊ bluetooth ကေန စတစ္နဲ႔ခ်ိတ္ ၿပီးနားေထာင္ႏိုင္တာတို႔၊ YouTube ကေန သီခ်င္းေတြ နားေထာင္ရ တာေတြက အင္မတန္မွ ေကာင္းလာေစတဲ့ အေျခအေနတစ္ခုပါပဲ၊ ငယ္ငယ္က သီခ်င္းေတြကို ျပန္နားေထာင္ျဖစ္တယ္၊ ကတ္ဆက္ေခြေတြဆိုရင္ စုထားတာ ၁၀၀ ေက်ာ္ေလာက္ရွိတယ္၊ ဓာတ္ျပားေခြေတြလည္းရွိေသးတယ္၊ ေဟာင္းတယ္ပဲေျပာေျပာ ကိုယ္တိုင္ကလည္း အဲ့ဒီ အရင္တုန္းက သီခ်င္းေတြပဲ ႀကိဳက္မိတယ္”လို႔ သူက ဆက္လက္ေျပာၾကားပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဒီဇင္ဘာ ၃၁