သားသမီးတွေနဲ့ အလုပ်ရှုပ်နေတဲ့ ခိုင်နှင်းဝေ

သားသမီးတွေနဲ့ အလုပ်ရှုပ်နေတဲ့ ခိုင်နှင်းဝေ

သရုပ်ဆောင် ခိုင်နှင်းဝေ ဟာ အခုလတ်တလော အနုပညာအလုပ်တွေထက် သားသမီးတွေနဲ့ပဲ အလုပ်ရှုပ်တာ များနေတယ်လို့ ဆိုပါတယ်။

သူ့မှာ ပရဟိတအလုပ်တွေကို လုပ်ကိုင်ရင်း မွေးစားထားတဲ့ သားသမီးတွေရှိပြီး လောလောဆယ်မှာ လေးဦးမွေးစားထားသလို မကြာခင်မှာ မိန်းကလေးတစ်ဦးကို ထပ်မံမွေးစားမှာဖြစ်တာကြောင့် သားသမီးငါးဦး ဖြစ်လာမယ်လို့ ဆိုပါတယ်။

“လောလောဆယ်တော့ ကားရိုက်ဖို့ ခေါ်တာလည်းရှိပေမယ့် ကိုယ်အားတဲ့အချိန်မှပဲ ရိုက်ဖြစ်တော့တယ်၊ ဒီကလေးတွေနဲ့ပဲ အလုပ်တွေ ရှုပ်နေတာပါ၊ သူတို့လေးတွေက ချစ်ဖို့လည်း ကောင်းတယ်လေ၊ ကျွန်မအမေလည်း မြေးတွေနဲ့ ပျော်နိုင်မှာပါ” လို့ သရုပ်ဆောင် ခိုင်နှင်းေ၀ က စာနယ်ဇင်းပွဲတစ်ခုမှာ တွေ့ဆုံစဉ်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

သူမဟာ အနုပညာလောကမှာ အောင်မြင်မှုရနေသူတစ်ဦးလည်း ဖြစ်သလို ပရိသတ်တွေရဲ့ ချစ်ခင်နှစ်သက်မှုတွေကို အပြည့်အဝရရှိထားတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပြီး ပရဟိတအလုပ်တွေကို အားတက်သရော လုပ်ကိုင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။

“ကျွန်မအခုကစပြီးတော့ ချာလပတ်တွေ ပိုလည်ပါပြီ၊ ကလေးတွေအတွက် ကျွန်မအပေးနိုင်ဆုံး အဖြည့်ဆည်းပေးနိုင်ဆုံးကတော့ မိခင်မေတ္တာပါပဲ၊ ကျွန်မမှာက ငယ်စဉ်ကတည်းက မိသားစုဘဝလေး မရခဲ့ဖူးဘူး၊ အသက်ရွယ်ရောက်တဲ့ အချိန်မှာလည်း ကံမကောင်းခဲ့ရပြန်ဘူး၊ အခု ကျွန်မရဲ့ သားသမီးတွေက ကျွန်မရဲ့ မိသားစုပါ၊ ကျွန်မရဲ့ အနာဂတ်ပါ၊ ကျွန်မရဲ့ အားအင်တွေ၊ ခွန်အားတွေပါပဲ၊ ကျွန်မပေးတဲ့ မေတ္တာကို သူတို့ခံစားမိကြလိမ့်မယ်လို့လည်း ကျွန်မအပြည့်အ၀ ယုံကြည်ထားပါတယ်၊ ကျွန်မရဲ့ ကလေးတွေကို ပညာတတ်ကြီးဖြစ်တဲ့အထိ ကျွန်မမွေးမယ်၊ အဲ့ဒီအတွက်လည်း အများကြီးကြိုးစားမယ်၊ ခက်ခဲကြမ်းတမ်းမယ်ဆိုတာကို သိပေမယ့် ရဲရဲဝံ့ဝံ့ရင်ဆိုင်မှာပါ၊ ကျွန်မ မိန်းမသားပါ၊ အားနွဲ့ပါတယ်၊ ဒါပေမဲ့ စိတ်ဓာတ်ကြံ့ခိုင်အောင် နေခဲ့ရလို့ ဘာမဆို ရင်ဆိုင်ရဲပါတယ်” လို့ သရုပ်ဆောင် ခိုင်နှင်းေ၀ က ပြောပါတယ်။

သူမအနေနဲ့ နယ်ခရီးတွေအတွက် ပရဟိတအလုပ်ကြောင့်ပဲဖြစ်ဖြစ်၊ ဇာတ်ကားရိုက်ရင်းနဲ့ဖြစ်ဖြစ် သွားတဲ့အခါ သူမရဲ့ မိခင်ကို မပျင်းအောင် မြေးတွေနဲ့အတူ ထားလေ့ရှိတယ်လို့ သိရပါတယ်။

အဲ့ဒီလို အလုပ်ရှုပ်နေတဲ့ကြားက ခင်မင်တဲ့ မိတ်ဆွေအပေါင်းအသင်းတွေကနေ ဖိတ်ကြားလာတဲ့ ပွဲတွေကိုလည်း သွားရောက်ဖြစ်ပေမယ့် ဇာတ်ကားရိုက်ကူးတာတွေနဲ့ ပတ်သက်လို့တော့ အရင်လိုမဟုတ်တော့ဘဲ သူ့ရဲ့ အချိန်တွေကို ကလေးတွေအတွက် အဓိကထားကာ ခွဲပေးထားတယ်လို့လည်း ဆိုပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ မတ် - ၄

( Zawgyi )



“လောလောဆယ်တော့ ကားရိုက်ဖို့ ခေါ်တာလည်းရှိပေမယ့် ကိုယ်အားတဲ့အချိန်မှပဲ ရိုက်ဖြစ်တော့တယ်၊ ဒီကလေးတွေနဲ့ပဲ အလုပ်တွေ ရှုပ်နေတာပါ၊ သူတို့လေးတွေက ချစ်ဖို့လည်း ကောင်းတယ်လေ၊ ကျွန်မအမေလည်း မြေးတွေနဲ့ ပျော်နိုင်မှာပါ” လို့ သရုပ်ဆောင် ခိုင်နှင်းဝေ က စာနယ်ဇင်းပွဲတစ်ခုမှာ တွေ့ဆုံစဉ်ပြောကြားခဲ့တာ ဖြစ်ပါတယ်။


“ကျွန်မအခုကစပြီးတော့ ချာလပတ်တွေ ပိုလည်ပါပြီ၊ ကလေးတွေအတွက် ကျွန်မအပေးနိုင်ဆုံး အဖြည့်ဆည်းပေးနိုင်ဆုံးကတော့ မိခင်မေတ္တာပါပဲ၊ ကျွန်မမှာက ငယ်စဉ်ကတည်းက မိသားစုဘဝလေး မရခဲ့ဖူးဘူး၊ အသက်ရွယ်ရောက်တဲ့ အချိန်မှာလည်း ကံမကောင်းခဲ့ရပြန်ဘူး၊ အခု ကျွန်မရဲ့ သားသမီးတွေက ကျွန်မရဲ့ မိသားစုပါ၊ ကျွန်မရဲ့ အနာဂတ်ပါ၊ ကျွန်မရဲ့ အားအင်တွေ၊ ခွန်အားတွေပါပဲ၊ ကျွန်မပေးတဲ့ မေတ္တာကို သူတို့ခံစားမိကြလိမ့်မယ်လို့လည်း ကျွန်မအပြည့်အ၀ ယုံကြည်ထားပါတယ်၊ ကျွန်မရဲ့ ကလေးတွေကို ပညာတတ်ကြီးဖြစ်တဲ့အထိ ကျွန်မမွေးမယ်၊ အဲ့ဒီအတွက်လည်း အများကြီးကြိုးစားမယ်၊ ခက်ခဲကြမ်းတမ်းမယ်ဆိုတာကို သိပေမယ့် ရဲရဲဝံ့ဝံ့ရင်ဆိုင်မှာပါ၊ ကျွန်မ မိန်းမသားပါ၊ အားနွဲ့ပါတယ်၊ ဒါပေမဲ့ စိတ်ဓာတ်ကြံ့ခိုင်အောင် နေခဲ့ရလို့ ဘာမဆို ရင်ဆိုင်ရဲပါတယ်” လို့ သရုပ်ဆောင် ခိုင်နှင်းဝေ က ပြောပါတယ်။



မင်းခေတ်လင်း
ရန်ကုန်၊ မတ် - ၎