လူလည်ကြီးများရွာ ရုပ်ရှင်ဇာတ်ကားမတ်လ ၁ရက်မှစ၍ ရုံတင်ပြသမည်

 လူလည်ကြီးများရွာ ရုပ်ရှင်ဇာတ်ကားမတ်လ ၁ရက်မှစ၍ ရုံတင်ပြသမည်

“လူလည်ကြီးများရွာ”လို့ နာမည်ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် မတ်လ ၁ရက်မှ စတင်ကာ မြန်မာတစ်နိုင်ငံလုံးက ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသဖို့ စီစဉ်ထားတယ်လို့ အဲ့ဒီဇာတ်ကားနဲ့ပတ်သက်တဲ့ စာနယ်ဇင်း အထူးပွဲကနေသိရပါတယ်။“ဒီကားမှာက ကျေးလက်ဓလေ့တွေကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်၊ ကိုပေါက် ရဲ့ ဇာတိ ကျေးရွာလေးမှာ သွားရောက်ရိုက်ကူးထားကြတဲ့ ဇာတ်ကားလေးပါ”လို့ တော်ဝင်မင်းသား ရုပ်ရှင်ထုတ်လုပ်ရေးမှ ကိုမင်းလဲ့ဝင်း (ရန်ကုန်စက်မှုတက္ကသိုလ်)က ပြောပါတယ်။ အဲ့ဒီဇာတ်ကားနဲ့ပတ်သက်တဲ့ စာနယ်ဇင်း အထူးပွဲတစ်ရပ်ကိုလည်း ဖေဖော်ဝါရီ ၂၆ ရက် ည ၇နာရီခွဲက ရန်ကုန်မြို့၊ အလံပြဘုရားလမ်းက သမ္မတရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

လူလည်တွေကြီး စုဝေးနေထိုင်ကြတဲ့ လူလည်ကြီးများ ရွာမှာ သူထက်ငါအပြိုင် ဘယ်လိုအကျော်အခွ ဇယားတွေနဲ့ လုပ်ကြတယ်ဆိုတာတွေ၊ ပျော်ရွှင်ရယ်မောစရာတွေကို ရိုက်ကူးထားတာဖြစ်တယ်လို့ ဒါရိုက်တာ ကိုပေါက်က ပြောပါတယ်။အဲ့ဒီဇာတ်ကားဟာ တော်ဝင်မင်းသား ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပွဲဦးထွက်ဇာတ်ကားတစ်ကား ဖြစ်ပြီး အကြည်တော်ရဲ့ ဝတ္ထုကို ဇာတ်ညွှန်း ညီညီဘမောင်က ရေးဖွဲ့ကာ ဒါရိုက်တာ ကိုပေါက်က ရိုက်ကူးထားတာ ဖြစ်ပါတယ်။ “ဒီကားမှာက ဟာသကားသက်သက်တော့မဟုတ်ဘူး၊ ကျေးလက်အငွေ့အသက်တွေနဲ့ လောဘကြီးတာ ဘယ်လိုမကောင်းဘူးဆိုတဲ့ အကြောင်းကို ပညာပေးရိုက်ကူးထားတာ ဖြစ်ပါတယ်၊ ပညာပေး လေးလည်း ပါတာပေါ့”လို့ သရုပ်ဆောင် ခန့်စည်သူက ပြောပါတယ်။

သရုပ်ဆောင်တွေအဖြစ် အကယ်ဒမီ ခန့်စည်သူ၊ အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီ ခိုင်သင်းကြည်၊ အိချောပို၊ ဒိန်းဒေါင်၊ ဗေလုဝ၊  ဆင်မ၊ ဇော်ဝင်းနိုင်၊ ညောင်ညောင်၊ အကယ်ဒမီ အောင်ခိုင်၊ ကိုပေါက်၊ နေလင်း၊ ဇော်ဇော်၊ ချမ်းသာ၊ အောင်သီဟ၊ အေးသီတာ၊ ကြူကြူသင်း၊ မဖြူ၊ မင်းအာကာ၊ လိမ္မော်သီး၊ ရူပကျော်မင်း၊ မြတ်နိုးနဲ့ တခြား သရုပ်ဆောင်ပေါင်း များစွာတို့က ပါဝင်ထားကြသလို ကိုမင်းလဲ့ဝင်း (ရန်ကုန်စက်မှုတက္ကသိုလ်)က စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

 မင်းခေတ်လင်း
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ 

(  Zawgyi  )

 “လူလည္ႀကီးမ်ား႐ြာ”လို႔ နာမည္ေပးထားတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးကို လာမယ့္ မတ္လ ၁ရက္မွ စတင္ကာ ျမန္မာတစ္ႏိုင္ငံလုံးက ႐ုပ္ရွင္႐ုံေတြမွာ ႐ုံတင္ျပသဖို႔ စီစဥ္ထားတယ္လို႔ အဲ့ဒီဇာတ္ကားနဲ႔ပတ္သက္တဲ့ စာနယ္ဇင္း အထူးပြဲကေနသိရပါတယ္။“ဒီကားမွာက ေက်းလက္ဓေလ့ေတြကို အေျခခံၿပီး ႐ိုက္ကူးထားတာ ျဖစ္ပါတယ္၊ ကိုေပါက္ ရဲ႕ ဇာတိ ေက်း႐ြာေလးမွာ သြားေရာက္႐ိုက္ကူးထားၾကတဲ့ ဇာတ္ကားေလးပါ”လို႔ ေတာ္ဝင္မင္းသား ႐ုပ္ရွင္ထုတ္လုပ္ေရးမွ ကိုမင္းလဲ့ဝင္း (ရန္ကုန္စက္မႈတကၠသိုလ္)က ေျပာပါတယ္။ အဲ့ဒီဇာတ္ကားနဲ႔ပတ္သက္တဲ့ စာနယ္ဇင္း အထူးပြဲတစ္ရပ္ကိုလည္း ေဖေဖာ္ဝါရီ ၂၆ ရက္ ည ၇နာရီခြဲက ရန္ကုန္ၿမိဳ႕၊ အလံျပဘုရားလမ္းက သမၼတ႐ုပ္ရွင္႐ုံမွာ က်င္းပခဲ့ပါတယ္။

လူလည္ေတြႀကီး စုေဝးေနထိုင္ၾကတဲ့ လူလည္ႀကီးမ်ား ႐ြာမွာ သူထက္ငါအၿပိဳင္ ဘယ္လိုအေက်ာ္အခြ ဇယားေတြနဲ႔ လုပ္ၾကတယ္ဆိုတာေတြ၊ ေပ်ာ္႐ႊင္ရယ္ေမာစရာေတြကို ႐ိုက္ကူးထားတာျဖစ္တယ္လို႔ ဒါ႐ိုက္တာ ကိုေပါက္က ေျပာပါတယ္။အဲ့ဒီဇာတ္ကားဟာ ေတာ္ဝင္မင္းသား ႐ုပ္ရွင္ထုတ္လုပ္ေရးရဲ႕ ပြဲဦးထြက္ဇာတ္ကားတစ္ကား ျဖစ္ၿပီး အၾကည္ေတာ္ရဲ႕ ဝတၳဳကို ဇာတ္ၫႊန္း ညီညီဘေမာင္က ေရးဖြဲ႕ကာ ဒါ႐ိုက္တာ ကိုေပါက္က ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ “ဒီကားမွာက ဟာသကားသက္သက္ေတာ့မဟုတ္ဘူး၊ ေက်းလက္အေငြ႕အသက္ေတြနဲ႔ ေလာဘႀကီးတာ ဘယ္လိုမေကာင္းဘူးဆိုတဲ့ အေၾကာင္းကို ပညာေပး႐ိုက္ကူးထားတာ ျဖစ္ပါတယ္၊ ပညာေပး ေလးလည္း ပါတာေပါ့”လို႔ သ႐ုပ္ေဆာင္ ခန႔္စည္သူက ေျပာပါတယ္။

သ႐ုပ္ေဆာင္ေတြအျဖစ္ အကယ္ဒမီ ခန႔္စည္သူ၊ အကယ္ဒမီ ေျပတီဦး၊ အကယ္ဒမီ ခိုင္သင္းၾကည္၊ အိေခ်ာပို၊ ဒိန္းေဒါင္၊ ေဗလုဝ၊  ဆင္မ၊ ေဇာ္ဝင္းႏိုင္၊ ေညာင္ေညာင္၊ အကယ္ဒမီ ေအာင္ခိုင္၊ ကိုေပါက္၊ ေနလင္း၊ ေဇာ္ေဇာ္၊ ခ်မ္းသာ၊ ေအာင္သီဟ၊ ေအးသီတာ၊ ၾကဴၾကဴသင္း၊ မျဖဴ၊ မင္းအာကာ၊ လိေမၼာ္သီး၊ ႐ူပေက်ာ္မင္း၊ ျမတ္ႏိုးနဲ႔ တျခား သ႐ုပ္ေဆာင္ေပါင္း မ်ားစြာတို႔က ပါဝင္ထားၾကသလို ကိုမင္းလဲ့ဝင္း (ရန္ကုန္စက္မႈတကၠသိုလ္)က စီစဥ္ခဲ့တာ ျဖစ္ပါတယ္။

 မင္းေခတ္လင္း
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၇