ရယ်ရွှင်ဖွယ် “ ပလေယာ” ရုပ်ရှင်ဇာတ်ကား မကြာခင်ရုံတင်ပြသမည်

ရယ်ရွှင်ဖွယ် “ ပလေယာ” ရုပ်ရှင်ဇာတ်ကား မကြာခင်ရုံတင်ပြသမည်

ပရိသတ်တွေအနေနဲ့ ရယ်ရွှင်ဖွယ်ဖြစ်ရပ်တွေ အပါအဝင် ရသ ပေါင်းစုံကို ခံစားရမယ့် "ပလေယာ"လို့ နာမည်ရတဲ့ ရုပ်ရှင် ဇာတ်ကား လာမယ့် ဖေဖော်ဝါရီ ၆ရက်မှာ ရုံတင်ပြသ သွားတော့မှာ ဖြစ်ပါတယ်။အဆိုပါ ဇာတ်ကားနဲ့ပတ်သက်တဲ့ Red Carpet Show ပွဲ ကိုတော့ ရန်ကုန်မြို့၊ အလံပြဘုရားလမ်းက သမ္မတ ရုပ်ရှင်ရုံမှာ ဖေဖော်ဝါရီ ၃ရက် ည ၇နာရီခွဲက ကျင်းပခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ ဇာတ်ကားထဲမှာ သရုပ်ဆောင် YBS ဒရိုင်ဘာလေး မင်းထွန်း အဖြစ် သရုပ်ဆောင် မြင့်မြတ်က သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဇာတ်ကား ထဲမှာ သရုပ်ဆောင် မြင့်မြတ် အပါအဝင် ထွန်းထွန်း (Examplez)၊ တိုင်ရွန်၊ အေးချမ်းမောင်၊ ခင်လှိုင်၊ စိုးမြတ်သူဇာ၊ အိချောပို၊ မေမီကိုကို၊ ကေညီ၊ ဂျိုကာ၊ ဆောင်းဝတ်ရည်မေနဲ့ သရုပ်ဆောင်များစွာ တို့က ပါဝင်ထား ကြတာ ဖြစ်ပါတယ်။
"YBS တွေ ပြိုင်မောင်းတာကို highlight လုပ်တာမျိုး မဟုတ်ပါဘူး၊ ဇာတ်ကားရဲ့ သဘာဝအရ ဘယ်လိုခေါ်မလဲ အလွဲလေးတွေပေါ့နော်၊ အဲ့ဒါမျိုး ပရိသတ်စိတ်ဝင်စားမှုလည်း ရှိအောင် ဖန်တီးထားတာမျိုးပါ၊ ရသစုံအောင် ခံစားရမှာတော့ ကျိန်းသေပါပဲ"လို့ Bo Bo Film ရုပ်ရှင်ထုတ်လုပ်ရေးမှ ကိုဆန်းဝင်းဦးက ပြောပါတယ်။

ဒါ့အပြင် လူမိုက်ဂိုက်ဖမ်းနေပေမယ့် မိန်းမကို တုန်နေအောင် ကြောက်ရတဲ့ ခင်လှိုင်ရဲ့ သရုပ်ဆောင်မှုတွေ၊ လက်သံပြောင်ကာ အပီအပြင် ဆော်ပလော်တီးတတ်တဲ့  စိုးမြတ်သူဇာ ရဲ့ လူမိုက်မိန်းမဇာတ်ရုပ်အဖြစ် ပီပြင်သော သရုပ်ဆောင်မှုတွေ၊ ၎င်းတို့ နှစ်ယောက်ကြားထဲက ရယ်ရွှင်ဖွယ်တလွဲဖြစ်ရပ်တွေနဲ့ စိတ်ဝင်စားစရာ ဇာတ်အလှည့်အပြောင်းတွေ အပါအဝင် ရသမျိုးစုံခံစားရမယ့် အပြင် အက်ရှင် ဇာတ်ကွက် တွေကိုလည်း ရင်သပ်ရှုမောဖွယ်ရာ ခံစားကြည့်ရှုရမယ့် ဇာတ်ကားလည်း ဖြစ်ပါတယ်။

"မေမီက ဘာပဲလုပ်လုပ် ခက်ခက်ခဲခဲလုပ်ရတယ်၊ ဒါပေမဲ့ ဒိုင်ဗင်ပစ်တဲ့ အခန်းမှာ လုပ်ရင်းနဲ့ ဘယ်လိုလုပ်မိသွားသလဲတောင် မသိတော့ဘူး၊ အဲ့ဒါလေးက အမှတ်တရလေးပါနော်၊ တကယ်လည်း ရယ်ရပါတယ်၊ ပရိသတ်တွေ ကြည့်ရကျိုးနပ်မယ့်ကားဖြစ်မှာပါ"လို့ သရုပ်ဆောင် မေမီကိုကိုက ပြောပါတယ်။

ဇာတ်ကားကို ဒါရိုက်တာ ပြည်ဟိန်းသီဟ က ရိုက်ကူးထားပြီး Bo Bo Film ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တဲ့ ဇာတ်ကား လည်း ဖြစ်သလို မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ရုပ်ရှင်ရုံပေါင်း ၉၂ ရုံမှာ ဖေဖော်ဝါရီ ၆ရက်မှ ၁၂ ရက်အထိ ရုံတင်ပြသဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဖေဖော်ဝါရီ ၄

(  Zawgyi  )

 ပရိသတ္ေတြအေနနဲ႔ ရယ္႐ႊင္ဖြယ္ျဖစ္ရပ္ေတြ အပါအဝင္ ရသ ေပါင္းစုံကို ခံစားရမယ့္ "ပေလယာ"လို႔ နာမည္ရတဲ့ ႐ုပ္ရွင္ ဇာတ္ကား လာမယ့္ ေဖေဖာ္ဝါရီ ၆ရက္မွာ ႐ုံတင္ျပသ သြားေတာ့မွာ ျဖစ္ပါတယ္။အဆိုပါ ဇာတ္ကားနဲ႔ပတ္သက္တဲ့ Red Carpet Show ပြဲ ကိုေတာ့ ရန္ကုန္ၿမိဳ႕၊ အလံျပဘုရားလမ္းက သမၼတ ႐ုပ္ရွင္႐ုံမွာ ေဖေဖာ္ဝါရီ ၃ရက္ ည ၇နာရီခြဲက က်င္းပခဲ့တာ ျဖစ္ပါတယ္။

အဲ့ဒီ ဇာတ္ကားထဲမွာ သ႐ုပ္ေဆာင္ YBS ဒ႐ိုင္ဘာေလး မင္းထြန္း အျဖစ္ သ႐ုပ္ေဆာင္ ျမင့္ျမတ္က သ႐ုပ္ေဆာင္ထားတာ ျဖစ္ပါတယ္။ ဇာတ္ကား ထဲမွာ သ႐ုပ္ေဆာင္ ျမင့္ျမတ္ အပါအဝင္ ထြန္းထြန္း (Examplez)၊ တိုင္႐ြန္၊ ေအးခ်မ္းေမာင္၊ ခင္လႈိင္၊ စိုးျမတ္သူဇာ၊ အိေခ်ာပို၊ ေမမီကိုကို၊ ေကညီ၊ ဂ်ိဳကာ၊ ေဆာင္းဝတ္ရည္ေမနဲ႔ သ႐ုပ္ေဆာင္မ်ားစြာ တို႔က ပါဝင္ထား ၾကတာ ျဖစ္ပါတယ္။
"YBS ေတြ ၿပိဳင္ေမာင္းတာကို highlight လုပ္တာမ်ိဳး မဟုတ္ပါဘူး၊ ဇာတ္ကားရဲ႕ သဘာဝအရ ဘယ္လိုေခၚမလဲ အလြဲေလးေတြေပါ့ေနာ္၊ အဲ့ဒါမ်ိဳး ပရိသတ္စိတ္ဝင္စားမႈလည္း ရွိေအာင္ ဖန္တီးထားတာမ်ိဳးပါ၊ ရသစုံေအာင္ ခံစားရမွာေတာ့ က်ိန္းေသပါပဲ"လို႔ Bo Bo Film ႐ုပ္ရွင္ထုတ္လုပ္ေရးမွ ကိုဆန္းဝင္းဦးက ေျပာပါတယ္။

ဒါ့အျပင္ လူမိုက္ဂိုက္ဖမ္းေနေပမယ့္ မိန္းမကို တုန္ေနေအာင္ ေၾကာက္ရတဲ့ ခင္လႈိင္ရဲ႕ သ႐ုပ္ေဆာင္မႈေတြ၊ လက္သံေျပာင္ကာ အပီအျပင္ ေဆာ္ပေလာ္တီးတတ္တဲ့  စိုးျမတ္သူဇာ ရဲ႕ လူမိုက္မိန္းမဇာတ္႐ုပ္အျဖစ္ ပီျပင္ေသာ သ႐ုပ္ေဆာင္မႈေတြ၊ ၎တို႔ ႏွစ္ေယာက္ၾကားထဲက ရယ္႐ႊင္ဖြယ္တလြဲျဖစ္ရပ္ေတြနဲ႔ စိတ္ဝင္စားစရာ ဇာတ္အလွည့္အေျပာင္းေတြ အပါအဝင္ ရသမ်ိဳးစုံခံစားရမယ့္ အျပင္ အက္ရွင္ ဇာတ္ကြက္ ေတြကိုလည္း ရင္သပ္ရႈေမာဖြယ္ရာ ခံစားၾကည့္ရႈရမယ့္ ဇာတ္ကားလည္း ျဖစ္ပါတယ္။

"ေမမီက ဘာပဲလုပ္လုပ္ ခက္ခက္ခဲခဲလုပ္ရတယ္၊ ဒါေပမဲ့ ဒိုင္ဗင္ပစ္တဲ့ အခန္းမွာ လုပ္ရင္းနဲ႔ ဘယ္လိုလုပ္မိသြားသလဲေတာင္ မသိေတာ့ဘူး၊ အဲ့ဒါေလးက အမွတ္တရေလးပါေနာ္၊ တကယ္လည္း ရယ္ရပါတယ္၊ ပရိသတ္ေတြ ၾကည့္ရက်ိဳးနပ္မယ့္ကားျဖစ္မွာပါ"လို႔ သ႐ုပ္ေဆာင္ ေမမီကိုကိုက ေျပာပါတယ္။

ဇာတ္ကားကို ဒါ႐ိုက္တာ ျပည္ဟိန္းသီဟ က ႐ိုက္ကူးထားၿပီး Bo Bo Film ႐ုပ္ရွင္ထုတ္လုပ္ေရးက ထုတ္လုပ္တဲ့ ဇာတ္ကား လည္း ျဖစ္သလို ျမန္မာတစ္ႏိုင္ငံလုံးမွာရွိတဲ့ ႐ုပ္ရွင္႐ုံေပါင္း ၉၂ ႐ုံမွာ ေဖေဖာ္ဝါရီ ၆ရက္မွ ၁၂ ရက္အထိ ႐ုံတင္ျပသဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၄