ရန်ကုန်သြင်္ကန်မှာ သီချင်းတွေနဲ့ဖျော်ဖြေမယ့် ယွန်း

 ရန်ကုန်သြင်္ကန်မှာ သီချင်းတွေနဲ့ဖျော်ဖြေမယ့် ယွန်း

Myanmar Idol တေးသီချင်းပြိုင်ပွဲမှာ ယှဉ်ပြိုင်ရင်း Top to 11 အဆင့်အထိ ရောက်ရှိလာကာ လူသိများလာတဲ့ တေးသံရှင် ယွန်း ဟာ လာမယ့် သြင်္ကန် ပွဲတော်ကာလထဲ ရန်ကုန်မြို့မှာ သီဆိုဖျော်ဖြေတာတွေ လုပ်ဆောင်သွားဖို့စီစဉ်နေတယ်လို့ ဆိုပါတယ်။

သူဟာ တောင်ကြီးမြို့သူလည်း ဖြစ်ပေမယ့် ရန်ကုန်မြို့မှာ အခြေချနေထိုင်ရင်း အနုပညာ အလုပ်တွေ ကို လုပ်ဆောင်လို့နေပါတယ်။ “အိမ်ကိုလည်း ပြန်ဖြစ်ပါတယ်၊ ယွန်းက ကိုယ်ဝါသနာပါတဲ့ သီချင်းတွေ ဆိုရင်း ပိုက်ဆံစုနေတာ၊ ပြီးရင် ယွန်းရဲ့ အမေကို ခေါက်ဆွဲဆိုင်ကြီးကြီးဖွင့်ပေးမယ်၊ အရင်တုန်းက ခေါက်ဆွဲ ရောင်းခဲ့ရတာလေးကိုလည်း မမေ့ပါဘူး၊ ပိုက်ဆံရှိရင်လည်း ခေါက်ဆွဲဆိုင် အကြီးကြီး ဖွင့်ဦးမှာပါ၊ လောလောဆယ် အနုပညာအစ်ကိုအစ်မတွေနဲ့အတူ ဒီလထဲမှာ အခွေတစ်ခွေ ထွက်ထားတယ်၊ သြင်္ကန်မှာ ဖျော်ဖြေဖို့အတွက်လည်း ပြင်ဆင်နေတယ်၊ ရန်ကုန်မှာပဲ ရှိဖြစ်မှာပါ”လို့ တေးသံရှင် ယွန်းက ပြောကြား ခဲ့ပါတယ်။

သရုပ်ဆောင်ဖို့ထက် တေးသီချင်းသီဆိုဖို့ကိုသာ အားသန်သူတစ်ဦးလည်း ဖြစ်သလို အောင်မြင်တဲ့ တေးသံရှင် တစ်ဦးဖြစ်ချင်တဲ့ အိပ်မက်ကိုလည်း အကောင်အထည်ဖော်လျှောက်လှမ်းရင်း ကြိုးစားနေ ပါတယ်။ မကြာသေးခင် ကလည်း M United Entertainment က ဖြန့်ချိတဲ့ နွေသြင်္ကန်လို့ နာမည် ရသော သီချင်း ၁၁ ပုဒ် ပါဝင်တဲ့ တေးစီးရီး ခွေထဲမှာ ပါဝင်သီဆိုထားပါသေးတယ်။

 “အဲ့ဒီ အခွေလေးကလည်း ယွန်းရဲ့ အမှတ်တရ လေးတစ်ခုပါနော်၊ အဲ့ဒီထဲမှာ အစ်ကိုတွေ အစ်မတွေဖြစ် တဲ့ ကိုယုန်လေး၊ မမဘီလီ ၊ ကို Mဇော်ရိန်၊ စောထက်နိုင်စိုး၊ မေကြည်၊ နေမင်းအိမ်၊ ထွန်းနောင်ဆင့် ၊ လွန်းဇောင်း၊ D ယံ တို့ သီဆိုထားသလို အုပ်စုလိုက် ဆိုထားတဲ့ သီချင်းတစ်ပုဒ် လည်း ပါဝင်ပါတယ်၊ အခွေလေးလည်း ကြုံရင်တော့ အားပေးကြပါဦးနော်၊သြင်္ကန်နဲ့ လိုက်ဖက်တဲ့ သီချင်းတွေပါ”လို့လည်း တေးသံံရှင် ယွန်းက ဆိုပါတယ်။ ယခုရက်ပိုင်းထဲမှာတော့ သူမကို ဖိတ်ကြားလာတဲ့ ပရိုမိုးရှင်းပွဲတွေ၊ အမှတ်တရလက်မှတ်ထိုးပွဲတွေ၊ Press Show ပွဲတွေ ကိုလည်း အများဆုံး တက်ရောက် နေရတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း 

(    Zawgyi    )

 Myanmar Idol ေတးသီခ်င္းၿပိဳင္ပြဲမွာ ယွဥ္ၿပိဳင္ရင္း Top to 11 အဆင့္အထိ ေရာက္ရွိလာကာ လူသိမ်ားလာတဲ့ ေတးသံရွင္ ယြန္း ဟာ လာမယ့္ ၾသကၤန္ ပြဲေတာ္ကာလထဲ ရန္ကုန္ၿမိဳ႕မွာ သီဆိုေဖ်ာ္ေျဖတာေတြ လုပ္ေဆာင္သြားဖို႔စီစဥ္ေနတယ္လို႔ ဆိုပါတယ္။

သူဟာ ေတာင္ႀကီးၿမိဳ႕သူလည္း ျဖစ္ေပမယ့္ ရန္ကုန္ၿမိဳ႕မွာ အေျခခ်ေနထိုင္ရင္း အႏုပညာ အလုပ္ေတြ ကို လုပ္ေဆာင္လို႔ေနပါတယ္။ “အိမ္ကိုလည္း ျပန္ျဖစ္ပါတယ္၊ ယြန္းက ကိုယ္ဝါသနာပါတဲ့ သီခ်င္းေတြ ဆိုရင္း ပိုက္ဆံစုေနတာ၊ ၿပီးရင္ ယြန္းရဲ႕ အေမကို ေခါက္ဆြဲဆိုင္ႀကီးႀကီးဖြင့္ေပးမယ္၊ အရင္တုန္းက ေခါက္ဆြဲ ေရာင္းခဲ့ရတာေလးကိုလည္း မေမ့ပါဘူး၊ ပိုက္ဆံရွိရင္လည္း ေခါက္ဆြဲဆိုင္ အႀကီးႀကီး ဖြင့္ဦးမွာပါ၊ ေလာေလာဆယ္ အႏုပညာအစ္ကိုအစ္မေတြနဲ႔အတူ ဒီလထဲမွာ အေခြတစ္ေခြ ထြက္ထားတယ္၊ ၾသကၤန္မွာ ေဖ်ာ္ေျဖဖို႔အတြက္လည္း ျပင္ဆင္ေနတယ္၊ ရန္ကုန္မွာပဲ ရွိျဖစ္မွာပါ”လို႔ ေတးသံရွင္ ယြန္းက ေျပာၾကား ခဲ့ပါတယ္။

သ႐ုပ္ေဆာင္ဖို႔ထက္ ေတးသီခ်င္းသီဆိုဖို႔ကိုသာ အားသန္သူတစ္ဦးလည္း ျဖစ္သလို ေအာင္ျမင္တဲ့ ေတးသံရွင္ တစ္ဦးျဖစ္ခ်င္တဲ့ အိပ္မက္ကိုလည္း အေကာင္အထည္ေဖာ္ေလွ်ာက္လွမ္းရင္း ႀကိဳးစားေန ပါတယ္။ မၾကာေသးခင္ ကလည္း M United Entertainment က ျဖန႔္ခ်ိတဲ့ ေႏြၾသကၤန္လို႔ နာမည္ ရေသာ သီခ်င္း ၁၁ ပုဒ္ ပါဝင္တဲ့ ေတးစီးရီး ေခြထဲမွာ ပါဝင္သီဆိုထားပါေသးတယ္။

 “အဲ့ဒီ အေခြေလးကလည္း ယြန္းရဲ႕ အမွတ္တရ ေလးတစ္ခုပါေနာ္၊ အဲ့ဒီထဲမွာ အစ္ကိုေတြ အစ္မေတြျဖစ္ တဲ့ ကိုယုန္ေလး၊ မမဘီလီ ၊ ကို Mေဇာ္ရိန္၊ ေစာထက္ႏိုင္စိုး၊ ေမၾကည္၊ ေနမင္းအိမ္၊ ထြန္းေနာင္ဆင့္ ၊ လြန္းေဇာင္း၊ D ယံ တို႔ သီဆိုထားသလို အုပ္စုလိုက္ ဆိုထားတဲ့ သီခ်င္းတစ္ပုဒ္ လည္း ပါဝင္ပါတယ္၊ အေခြေလးလည္း ႀကဳံရင္ေတာ့ အားေပးၾကပါဦးေနာ္၊ၾသကၤန္နဲ႔ လိုက္ဖက္တဲ့ သီခ်င္းေတြပါ”လို႔လည္း ေတးသံံရွင္ ယြန္းက ဆိုပါတယ္။ ယခုရက္ပိုင္းထဲမွာေတာ့ သူမကို ဖိတ္ၾကားလာတဲ့ ပ႐ိုမိုးရွင္းပြဲေတြ၊ အမွတ္တရလက္မွတ္ထိုးပြဲေတြ၊ Press Show ပြဲေတြ ကိုလည္း အမ်ားဆုံး တက္ေရာက္ ေနရတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း