ပရိသတ်တွေအတွက် Music Video အသစ် ဒီဇင်ဘာလထဲ ရိုက်ကူးဖြန့်ချီသွားဖို့ စီစဉ်နေတဲ့ တေးသံရှင် ခင်စုစုနိုင်

ပရိသတ်တွေအတွက် Music Video အသစ် ဒီဇင်ဘာလထဲ ရိုက်ကူးဖြန့်ချီသွားဖို့ စီစဉ်နေတဲ့ တေးသံရှင် ခင်စုစုနိုင်

တေးသံရှင် ခင်စုစုနိုင် ဟာ သူမရဲ့ Music Video အသစ်တစ်ပုဒ်ကို ပရိသတ်တွေအတွက် ခံစားနားဆင်နိုင်စေဖို့ ဖြန့်ချီရန်စီစဉ်ထားပြီး လိုအပ်တဲ့ ရိုက်ကူးမှုအစီအစဉ်တွေကို လာမယ့် ဒီဇင်ဘာလထဲ လုပ်ဆောင်သွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

“ဒီဟာလေး လုပ်မယ်လို့ စီစဉ်ရင်းနဲ့ နောက်ရွှေ့ရင်း ကြာမြင့်သွားတာပါ၊ လာမယ့် ဒီဇင်ဘာလထဲတော့ ရိုက်ကူးဖြစ်မှာပါ၊ အချိန်ကြာမြင့်သွားရတယ် ဆိုတာကလည်း သေသေချာချာနဲ့ ကောင်းကောင်းလေးဖြစ်အောင်လို့ လုပ်ရင်းနဲ့ အခုလိုကြာမြင့်သွားတာပါ၊ ရိုက်လို့ပြီးရင် ပရိသတ်တွေအနေနဲ့ အွန်လိုင်းကနေ ကြည့်ရှုနိုင်ဖို့ စီစဉ်ပေးသွားမှာဖြစ်ပါတယ်” လို့ ပရိုမိုးရှင်းပွဲတစ်ခုမှာ တွေ့ဆုံစဉ် တေးသံရှင် ခင်စုစုနိုင် က ရှင်းပြပါတယ်။

ထိုရိုက်ကူးမယ့် Music Video အသစ်ဟာ သူမရဲ့ “အချစ်ကြီးသူ” လို့ နာမည်ရသော တေးအယ်လ်ဘမ်မှာပါတဲ့ တေးရေး ဝေကြီး ရေးသားခဲ့သော “ရွာမှာလို” တေးသီချင်းကို ရိုက်ကူးဖို့ စီစဉ်တာဖြစ်သလို ကျေးလက်ဆန်ဆန် ရှုခင်းများ အပါအဝင် ကျေးလက်အငွေ့အသက်ကို ထင်ဟပ်စေမယ့် အခြေအနေမျိုးနဲ့ ဖန်တီးရိုက်ကူးဖို့ စီစဉ်နေတာဖြစ်ပါတယ်။

သူမဟာ အချစ်တေးသီချင်းတွေကိုသာ အများဆုံးသီဆိုလေ့ရှိပြီး ဖိတ်ကြားထားတဲ့ အခမ်းအနားပွဲတစ်ချို့မှာလည်း လက်ခံကာ သီဆိုပေးတာတွေရှိသလို ရှိုးပွဲတွေအတွက်လည်း လက်ခံထားတာတွေရှိတယ်လို့ သိရပါတယ်။

သူမဟာ “ချစ်မြဲအတိုင်းချစ်မြဲ”၊ “အချစ်ကြီးသူအတွက်” စတဲ့ တေးလ်အယ်လမ်ဘမ်တွေလည်း ထွက်ရှိထားသလို ဆက်လက်ပြီးတော့လည်း စီစဉ်နေတဲ့ တေးသီချင်းသစ်တွေ ရှိနေတယ်လို့ ဆိုပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ နိုဝင်ဘာ - ၂၅

( Zawgyi )

ေတးသံရွင္ ခင္စုစုႏိုင္ ဟာ သူမရဲ႕ Music Video အသစ္တစ္ပုဒ္ကို ပရိသတ္ေတြအတြက္ ခံစားနားဆင္ႏိုင္ေစဖို႔ ျဖန႔္ခ်ီရန္စီစဥ္ထားၿပီး လိုအပ္တဲ့ ႐ိုက္ကူးမႈအစီအစဥ္ေတြကို လာမယ့္ ဒီဇင္ဘာလထဲ လုပ္ေဆာင္သြားဖို႔ စီစဥ္ထားေၾကာင္း သိရပါတယ္။

“ဒီဟာေလး လုပ္မယ္လို႔ စီစဥ္ရင္းနဲ႔ ေနာက္ေ႐ႊ႕ရင္း ၾကာျမင့္သြားတာပါ၊ လာမယ့္ ဒီဇင္ဘာလထဲေတာ့ ႐ိုက္ကူးျဖစ္မွာပါ၊ အခ်ိန္ၾကာျမင့္သြားရတယ္ ဆိုတာကလည္း ေသေသခ်ာခ်ာနဲ႔ ေကာင္းေကာင္းေလးျဖစ္ေအာင္လို႔ လုပ္ရင္းနဲ႔ အခုလိုၾကာျမင့္သြားတာပါ၊ ႐ိုက္လို႔ၿပီးရင္ ပရိသတ္ေတြအေနနဲ႔ အြန္လိုင္းကေန ၾကည့္ရႈႏိုင္ဖို႔ စီစဥ္ေပးသြားမွာျဖစ္ပါတယ္” လို႔ ပ႐ိုမိုးရွင္းပြဲတစ္ခုမွာ ေတြ႕ဆုံစဥ္ ေတးသံရွင္ ခင္စုစုႏိုင္ က ရွင္းျပပါတယ္။

ထို႐ိုက္ကူးမယ့္ Music Video အသစ္ဟာ သူမရဲ႕ “အခ်စ္ႀကီးသူ” လို႔ နာမည္ရေသာ ေတးအယ္လ္ဘမ္မွာပါတဲ့ ေတးေရး ေဝႀကီး ေရးသားခဲ့ေသာ “႐ြာမွာလို” ေတးသီခ်င္းကို ႐ိုက္ကူးဖို႔ စီစဥ္တာျဖစ္သလို ေက်းလက္ဆန္ဆန္ ရႈခင္းမ်ား အပါအဝင္ ေက်းလက္အေငြ႕အသက္ကို ထင္ဟပ္ေစမယ့္ အေျခအေနမ်ိဳးနဲ႔ ဖန္တီး႐ိုက္ကူးဖို႔ စီစဥ္ေနတာျဖစ္ပါတယ္။

သူမဟာ အခ်စ္ေတးသီခ်င္းေတြကိုသာ အမ်ားဆုံးသီဆိုေလ့ရွိၿပီး ဖိတ္ၾကားထားတဲ့ အခမ္းအနားပြဲတစ္ခ်ိဳ႕မွာလည္း လက္ခံကာ သီဆိုေပးတာေတြရွိသလို ရႈိးပြဲေတြအတြက္လည္း လက္ခံထားတာေတြရွိတယ္လို႔ သိရပါတယ္။

သူမဟာ “ခ်စ္ၿမဲအတိုင္းခ်စ္ၿမဲ”၊ “အခ်စ္ႀကီးသူအတြက္” စတဲ့ ေတးလ္အယ္လမ္ဘမ္ေတြလည္း ထြက္ရွိထားသလို ဆက္လက္ၿပီးေတာ့လည္း စီစဥ္ေနတဲ့ ေတးသီခ်င္းသစ္ေတြ ရွိေနတယ္လို႔ ဆိုပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ႏိုဝင္ဘာ - ၂၅