ပရိသတ်တွေပျော်ရွှင်စေမယ့်သီချင်းများကိုသာ ဖန်တီးသွားဖိုရှိနေတယ်လို့ဆိုတဲ့တေးသံရှင် မိစန္ဒီ

ပရိသတ်တွေပျော်ရွှင်စေမယ့်သီချင်းများကိုသာ ဖန်တီးသွားဖိုရှိနေတယ်လို့ဆိုတဲ့တေးသံရှင် မိစန္ဒီ

ပရိသတ်တွေအနေနဲ့ ပျော်ရွှင်ကြရစေမယ့် သီချင်းတွေကိုသာ ဆက်လက်ဖန်တီးသွားဖို့ရှိသေးတယ်လို့ တေးသံရှင် မိစန္ဒီက ပြောပါတယ်။သူမရဲ့ တေးသီချင်းတွေထဲက “ဈေးဗန်းခင်းမယ်”လို့ နာမည်ရတဲ့ တေးသီချင်းဟာ ဒီကနေ့ခေတ် လူငယ်တွေကြားမှာ ရေပန်းစားခဲ့ရတဲ့ သီချင်းလည်းဖြစ်သလို ဂီတဖျော်ဖြေပွဲတွေမှာလည်း အများဆုံး ဖျော်ဖြေ နေရတဲ့ တေးသီချင်းလည်း ဖြစ်ပါတယ်။

 “ဒီစကားလုံးက လူငယ်တွေကြားမှာ ခေတ်စားတဲ့ စကားလုံးလည်း ဖြစ်ပါတယ်၊ ပရိသတ်ကိုလည်း ပျော်စေချင်တယ်၊ ပျော်စရာ သီချင်း အနေနဲ့လည်း ဖြစ်အောင် လူငယ်တွေ အနေနဲ့လည်း ပျော်စရာကောင်းအောင်၊ ပျော်ကြဖို့ ရေးဖြစ်သွားပါတယ်၊ ရှိုးပွဲတွေမှာလည်း အဲ့ဒီ သီချင်းလေး ကိုပဲ ဆိုဖြစ်သွားတာတွေရှိပါတယ်၊ နောက်တစ်ခုက မိစန္ဒီရဲ့ သူငယ်ချင်းတွေကို ကြည့်ပြီးတော့ ရေးဖြစ်သွား တာလည်း ပါပါတယ်၊ သူငယ်ချင်းတွေကြားမှာ ရည်းစားလိုချင်ပြီး မပြောရဲသူတွေအတွက် ဒီသီချင်းလေး ဖြစ်လာခဲ့တာ ဖြစ်ပါတယ်”လို့ တေးသံရှင် မိစန္ဒီက ရှင်းပြပါတယ်။

ယခုရက်ပိုင်းထဲမှာတော့ သူဟာ ရန်ကုန်အပါအဝင် နယ်ဒေသတွေက ဖျော်ဖြေပွဲတွေမှာ လိုက်လံ သီဆို ဖျော်ဖြေနေရသလို “အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်”လို့ နာမည်ရတဲ့ Music ဗီဒီယိုတစ်ပုဒ်ကိုလည်း အွန်လိုင်းပေါ် တင်ပေးသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ “မိစန္ဒီကို အားပေးတဲ့ ပရိသတ်တွေအတွက် အရမ်း ကျေးဇူး တင်ပါတယ်၊ နောက်လည်း ပရိသတ်တွေပျော်အောင် သီချင်းတွေကို မိစန္ဒီကြိုးစား သွားပါ့မယ် လို့ ပြောချင်ပါတယ်၊ နောက်တစ်ခုကလေ ဈေးဗန်းကို များများခင်းပါ၊ တစ်ယောက်တည်းကိုပဲ မခင်းပါနဲ့ အဲ့ဒါမှ တစ်ယောက် ယောက်ရမယ်၊ ခင်းတိုင်းလည်း သိပ်တော့မကောင်းဘူး၊ ရွေးပြီးတော့ခင်းပါ၊ အခုခေတ်က တစ်ယောက်ထဲကို ပုံပြီးတော့ ခင်းလို့ သိပ်မကောင်းကြတော့ဘူးလေ”လို့ သူမက ဆက်ပြောပါတယ်။

လွန်ခဲ့တဲ့ ဇန်နဝါရီ လကုန်ပိုင်းမှာ ရှမ်းပြည်နယ်ထဲက ရပ်စောက်၊ ပင်းတယ ဘက်ကို သွားရောက်ဖျော်ဖြေခဲ့ရပြီး မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်ဘက်ကိုလည်း ဖျော်ဖြေခဲ့ရကြောင်း၊ အွန်လိုင်းပေါ်ကနေ တင်ပေးဖို့ စီစဉ်နေတဲ့ “အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်” Music ဗီဒီယို ဟာ အတိတ်မှာ အကျဉ်းကျပြီး ပစ္စုပ္ပန်ဆိုတာမရှိ အနာဂတ်ဆိုတာ မသိတော့ သူတစ်ယောက်အကြောင်းကို ပုံဖော်ကာရေးသား ထားတာလည်း ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဖေဖော်ဝါရီ ၃

(  Zawgyi  )

 ပရိသတ္ေတြအေနနဲ႔ ေပ်ာ္႐ႊင္ၾကရေစမယ့္ သီခ်င္းေတြကိုသာ ဆက္လက္ဖန္တီးသြားဖို႔ရွိေသးတယ္လို႔ ေတးသံရွင္ မိစႏၵီက ေျပာပါတယ္။သူမရဲ႕ ေတးသီခ်င္းေတြထဲက “ေဈးဗန္းခင္းမယ္”လို႔ နာမည္ရတဲ့ ေတးသီခ်င္းဟာ ဒီကေန႔ေခတ္ လူငယ္ေတြၾကားမွာ ေရပန္းစားခဲ့ရတဲ့ သီခ်င္းလည္းျဖစ္သလို ဂီတေဖ်ာ္ေျဖပြဲေတြမွာလည္း အမ်ားဆုံး ေဖ်ာ္ေျဖ ေနရတဲ့ ေတးသီခ်င္းလည္း ျဖစ္ပါတယ္။

 “ဒီစကားလုံးက လူငယ္ေတြၾကားမွာ ေခတ္စားတဲ့ စကားလုံးလည္း ျဖစ္ပါတယ္၊ ပရိသတ္ကိုလည္း ေပ်ာ္ေစခ်င္တယ္၊ ေပ်ာ္စရာ သီခ်င္း အေနနဲ႔လည္း ျဖစ္ေအာင္ လူငယ္ေတြ အေနနဲ႔လည္း ေပ်ာ္စရာေကာင္းေအာင္၊ ေပ်ာ္ၾကဖို႔ ေရးျဖစ္သြားပါတယ္၊ ရႈိးပြဲေတြမွာလည္း အဲ့ဒီ သီခ်င္းေလး ကိုပဲ ဆိုျဖစ္သြားတာေတြရွိပါတယ္၊ ေနာက္တစ္ခုက မိစႏၵီရဲ႕ သူငယ္ခ်င္းေတြကို ၾကည့္ၿပီးေတာ့ ေရးျဖစ္သြား တာလည္း ပါပါတယ္၊ သူငယ္ခ်င္းေတြၾကားမွာ ရည္းစားလိုခ်င္ၿပီး မေျပာရဲသူေတြအတြက္ ဒီသီခ်င္းေလး ျဖစ္လာခဲ့တာ ျဖစ္ပါတယ္”လို႔ ေတးသံရွင္ မိစႏၵီက ရွင္းျပပါတယ္။

ယခုရက္ပိုင္းထဲမွာေတာ့ သူဟာ ရန္ကုန္အပါအဝင္ နယ္ေဒသေတြက ေဖ်ာ္ေျဖပြဲေတြမွာ လိုက္လံ သီဆို ေဖ်ာ္ေျဖေနရသလို “အတိတ္၊ ပစၥဳပၸန္၊ အနာဂတ္”လို႔ နာမည္ရတဲ့ Music ဗီဒီယိုတစ္ပုဒ္ကိုလည္း အြန္လိုင္းေပၚ တင္ေပးသြားဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။ “မိစႏၵီကို အားေပးတဲ့ ပရိသတ္ေတြအတြက္ အရမ္း ေက်းဇူး တင္ပါတယ္၊ ေနာက္လည္း ပရိသတ္ေတြေပ်ာ္ေအာင္ သီခ်င္းေတြကို မိစႏၵီႀကိဳးစား သြားပါ့မယ္ လို႔ ေျပာခ်င္ပါတယ္၊ ေနာက္တစ္ခုကေလ ေဈးဗန္းကို မ်ားမ်ားခင္းပါ၊ တစ္ေယာက္တည္းကိုပဲ မခင္းပါနဲ႔ အဲ့ဒါမွ တစ္ေယာက္ ေယာက္ရမယ္၊ ခင္းတိုင္းလည္း သိပ္ေတာ့မေကာင္းဘူး၊ ေ႐ြးၿပီးေတာ့ခင္းပါ၊ အခုေခတ္က တစ္ေယာက္ထဲကို ပုံၿပီးေတာ့ ခင္းလို႔ သိပ္မေကာင္းၾကေတာ့ဘူးေလ”လို႔ သူမက ဆက္ေျပာပါတယ္။

လြန္ခဲ့တဲ့ ဇန္နဝါရီ လကုန္ပိုင္းမွာ ရွမ္းျပည္နယ္ထဲက ရပ္ေစာက္၊ ပင္းတယ ဘက္ကို သြားေရာက္ေဖ်ာ္ေျဖခဲ့ရၿပီး မေကြးတိုင္းေဒသႀကီး ၿမိဳင္ၿမိဳ႕နယ္ဘက္ကိုလည္း ေဖ်ာ္ေျဖခဲ့ရေၾကာင္း၊ အြန္လိုင္းေပၚကေန တင္ေပးဖို႔ စီစဥ္ေနတဲ့ “အတိတ္၊ ပစၥဳပၸန္၊ အနာဂတ္” Music ဗီဒီယို ဟာ အတိတ္မွာ အက်ဥ္းက်ၿပီး ပစၥဳပၸန္ဆိုတာမရွိ အနာဂတ္ဆိုတာ မသိေတာ့ သူတစ္ေယာက္အေၾကာင္းကို ပုံေဖာ္ကာေရးသား ထားတာလည္း ျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၃