နယ်ပွဲတွေလိုက်ဆိုပေးနေရတဲ့ တေးသံရှင် မိုးမိုး

နယ်ပွဲတွေလိုက်ဆိုပေးနေရတဲ့ တေးသံရှင် မိုးမိုး

ဂီတလောကမှာ အောင်မြင်မှုအနေအထားတစ်ရပ်ကို ပိုင်ဆိုင်ထားတဲ့ တေးသံရှင် မိုးမိုးဟာ ယခုလထဲ နယ်ပွဲတွေ အဆက်မပြတ်အောင် သွားရောက်သီဆိုဖျော်ဖြေနေရတယ်လို့ ပြောပါတယ်။“ကျွန်တော် ဒီရက်တွေက တော်တော်လေး အလုပ်တွေများနေတာပါ၊ နယ်တွေမှာ လိုက်ဖျော်ဖြေနေရပါတယ်၊ သွားရောက်ခဲ့ရတဲ့ ဒေသတွေကတော့ အစုံပါပဲ၊ အခုဒီလထဲမှာပဲ ပြီးခဲ့တဲ့ ရက်ကလေးထဲကပဲ ရှမ်းပြည် တောင်ပိုင်း ပင်းတယဘက်၊ နောက်တော့ မကွေးတိုင်းက မြိုင်ဘက်၊ မနက်ဖြန်(ဖေဖော်ဝါရီ ၁ ရက်)မှာ ဘိုကလေးမှာ ဖျော်ဖြေရမယ်၊ ဒီ ၂၀၂၀ ကတော့ နှစ်စကတည်းက မနားရအောင်ပါပဲ”လို့ တေးသံရှင် မိုးမိုးက ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင်လာမယ့် ဖေဖော်ဝါရီ ၃ ရက်မှာ ပေါက်ခေါင်းမြို့က မြို့နယ်အားကစားကွင်းမှာ ဖျော်ဖြေဖို့ရှိသလို တခြား ဖိတ်ကြားထားတဲ့ ပွဲတွေလည်းရှိတယ်လို့ သိရပါတယ်။“လောလောဆယ်မှာက ကျွန်တော်တို့ သူငယ်ချင်းတွေ ပေါင်းပြီးတော့ အယ်လ်ဘမ်လုပ်နေတာလေး တစ်ခုရှိတယ်၊ ရုပ်ရှင်ဇာတ်ကားတစ်ကားအတွက် နောက်ခံတေးကို လုပ်နေတာရှိတယ်၊ နယ်သွားဆိုလိုက် ပြန်လာပြီးတော့ လုပ်လက်စ အလုပ်လေးတွေကို အစသပ်လိုက်နဲ့ တော်တော်လေးအလုပ်များနေတဲ့ကာလပါပဲ”လို့ သူက ဆက်ပြောပါတယ်။

 သူ့ကိုချစ်ခင်အားပေးတဲ့ ပရိသတ်တွေအတွက်ကိုလည်း လူမှုကွန်ရက်ပေါ်ကနေ Single Song တွေ တင်ပေးသွားဖို့ရှိသလို နယ်ပွဲတွေမှာ လည်း သူသီဆိုတာတွေကို Live လွှင့်ပေးရင်းနဲ့ ခံစားနားဆင်နိုင်အောင် ဖန်တီး သွားဖို့လည်း လုပ်နေတယ်လို့ သိရပါတယ်။သူပါဝင် ဖန်တီးထားတဲ့ ပိတောက်ကတဲ့ဂီတ သီချင်းရုပ်ရှင်ဟာလည်း လာမယ့် မတ်လ ၅ ရက်မှာ ရုံတင်ပြသဖို့ အခြေအနေမျိုးရှိလာတာကြောင့် ပရိသတ်တွေအနေနဲ့ လာရောက်အားပေးဖို့ ယခုကတည်းက ကြိုတင်ပြီး မှာကြားထားတယ်လို့ ဆိုပါတယ်။ “ကျွန်တော်တို့ အနုပညာ ဖန်တီးမှုတွေကို အဆက်မပြတ်မြင်ရမှာပါ၊ ပရိသတ်တွေ အနေနဲ့လည်း လာအားပေးပါဦးနော်၊ အနားနီးရင်လည်း ထပ်ပြီးရှင်းပြပါဦး မယ်နော်၊ အကောင်းဆုံးဖြစ်အောင်လည်း ကြိုးစားနေပါတယ်”လို့ တေးသံရှင် မိုးမိုးက ဆက်လက်ပြောကြားခဲ့ပါတယ်။       

မင်းခေတ်လင်း
ရန်ကုန်၊ ဇန်နဝါရီ ၃၁

(  Zawgyi  )

 ဂီတေလာကမွာ ေအာင္ျမင္မႈအေနအထားတစ္ရပ္ကို ပိုင္ဆိုင္ထားတဲ့ ေတးသံရွင္ မိုးမိုးဟာ ယခုလထဲ နယ္ပြဲေတြ အဆက္မျပတ္ေအာင္ သြားေရာက္သီဆိုေဖ်ာ္ေျဖေနရတယ္လို႔ ေျပာပါတယ္။“ကြၽန္ေတာ္ ဒီရက္ေတြက ေတာ္ေတာ္ေလး အလုပ္ေတြမ်ားေနတာပါ၊ နယ္ေတြမွာ လိုက္ေဖ်ာ္ေျဖေနရပါတယ္၊ သြားေရာက္ခဲ့ရတဲ့ ေဒသေတြကေတာ့ အစုံပါပဲ၊ အခုဒီလထဲမွာပဲ ၿပီးခဲ့တဲ့ ရက္ကေလးထဲကပဲ ရွမ္းျပည္ ေတာင္ပိုင္း ပင္းတယဘက္၊ ေနာက္ေတာ့ မေကြးတိုင္းက ၿမိဳင္ဘက္၊ မနက္ျဖန္(ေဖေဖာ္ဝါရီ ၁ ရက္)မွာ ဘိုကေလးမွာ ေဖ်ာ္ေျဖရမယ္၊ ဒီ ၂၀၂၀ ကေတာ့ ႏွစ္စကတည္းက မနားရေအာင္ပါပဲ”လို႔ ေတးသံရွင္ မိုးမိုးက ရွင္းျပခဲ့ပါတယ္။

ဒါ့အျပင္လာမယ့္ ေဖေဖာ္ဝါရီ ၃ ရက္မွာ ေပါက္ေခါင္းၿမိဳ႕က ၿမိဳ႕နယ္အားကစားကြင္းမွာ ေဖ်ာ္ေျဖဖို႔ရွိသလို တျခား ဖိတ္ၾကားထားတဲ့ ပြဲေတြလည္းရွိတယ္လို႔ သိရပါတယ္။“ေလာေလာဆယ္မွာက ကြၽန္ေတာ္တို႔ သူငယ္ခ်င္းေတြ ေပါင္းၿပီးေတာ့ အယ္လ္ဘမ္လုပ္ေနတာေလး တစ္ခုရွိတယ္၊ ႐ုပ္ရွင္ဇာတ္ကားတစ္ကားအတြက္ ေနာက္ခံေတးကို လုပ္ေနတာရွိတယ္၊ နယ္သြားဆိုလိုက္ ျပန္လာၿပီးေတာ့ လုပ္လက္စ အလုပ္ေလးေတြကို အစသပ္လိုက္နဲ႔ ေတာ္ေတာ္ေလးအလုပ္မ်ားေနတဲ့ကာလပါပဲ”လို႔ သူက ဆက္ေျပာပါတယ္။

 သူ႔ကိုခ်စ္ခင္အားေပးတဲ့ ပရိသတ္ေတြအတြက္ကိုလည္း လူမႈကြန္ရက္ေပၚကေန Single Song ေတြ တင္ေပးသြားဖို႔ရွိသလို နယ္ပြဲေတြမွာ လည္း သူသီဆိုတာေတြကို Live လႊင့္ေပးရင္းနဲ႔ ခံစားနားဆင္ႏိုင္ေအာင္ ဖန္တီး သြားဖို႔လည္း လုပ္ေနတယ္လို႔ သိရပါတယ္။သူပါဝင္ ဖန္တီးထားတဲ့ ပိေတာက္ကတဲ့ဂီတ သီခ်င္း႐ုပ္ရွင္ဟာလည္း လာမယ့္ မတ္လ ၅ ရက္မွာ ႐ုံတင္ျပသဖို႔ အေျခအေနမ်ိဳးရွိလာတာေၾကာင့္ ပရိသတ္ေတြအေနနဲ႔ လာေရာက္အားေပးဖို႔ ယခုကတည္းက ႀကိဳတင္ၿပီး မွာၾကားထားတယ္လို႔ ဆိုပါတယ္။ “ကြၽန္ေတာ္တို႔ အႏုပညာ ဖန္တီးမႈေတြကို အဆက္မျပတ္ျမင္ရမွာပါ၊ ပရိသတ္ေတြ အေနနဲ႔လည္း လာအားေပးပါဦးေနာ္၊ အနားနီးရင္လည္း ထပ္ၿပီးရွင္းျပပါဦး မယ္ေနာ္၊ အေကာင္းဆုံးျဖစ္ေအာင္လည္း ႀကိဳးစားေနပါတယ္”လို႔ ေတးသံရွင္ မိုးမိုးက ဆက္လက္ေျပာၾကားခဲ့ပါတယ္။       

မင္းေခတ္လင္း
ရန္ကုန္၊ ဇန္နဝါရီ ၃၁