တေးအယ်လ်ဘမ်ထုတ်ဖို့ ကြိုးပမ်းနေတဲ့ တောင်ကြီးသူလေး ယွန်း

တေးအယ်လ်ဘမ်ထုတ်ဖို့ ကြိုးပမ်းနေတဲ့ တောင်ကြီးသူလေး ယွန်း

Myanmar Idol သီချင်းဆိုပြိုင်ပွဲကနေ လူသိများလာခဲ့တဲ့ တောင်ကြီးသူလေး ယွန်းဟာ ပရိသတ်တွေ ဆီကို သူ့ရဲ့အနုပညာခံစားစေချင်တဲ့ အတွက် တေးအယ်လ်ဘမ်တစ်ခု ထုတ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။ “တေးအယ်လ်ဘမ် လုပ်တာတော့ ရှိပါတယ်၊ ညီမတစ်ယောက် တည်း အနေနဲ့တော့မဟုတ်ဘူးလေ၊ အနု ပညာ အစ်ကို၊ အစ်မတွေနဲ့ပါ၊ အခုတော့လေ ပွဲတွေလည်းရှိနေတာကျတော့ အချိန်ရရင်ရသလိုတော့ စီစဉ်နေတာ ရှိပါတယ်၊ အွန်လိုင်းပေါ်ကနေ တင်ဆက်မယ့် Single Songs တွေ အနေနဲ့လည်း လုပ်နေတာ ရှိပါတယ်၊ သိပ်ပြီး မပြီးပြတ်သေး‌တော့ မပြောသေးတာပါနော်”လို့ တေးသံရှင် ယွန်းက ပြောပါတယ်။

သူမဟာ ပွဲတွေမရှိတဲ့အချိန်မှာ မိသားစုရှိရာ တောင်ကြီးမြို့က အိမ်ကိုပြန်ဖြစ်ပြီး ခေါက်ဆွဲရောင်းတာ ကိုလည်း ကူညီလုပ်ကိုင်ပေးလျက် ရှိတယ်လို့ သိရပါတယ်။“ပွဲမရှိရင်တော့ အိမ်ပြန်ပါတယ်၊ တစ်ချို့ဆိုရင် ညီမရဲ့ ဆိုင်မှာ တကူးတကလာပြီး အားပေး တာ တွေရှိပါတယ်၊ ပွဲတွေကတော့ နောက်ပိုင်းမှာ ဆိုဖို့ရှိပါသေးတယ်”လို့ သူမက ပြောပါတယ်။

ထိုတေးသီချင်းပြိုင်ပွဲမှာ အသက်အငယ်ဆုံးဖြစ်ခဲ့သလို ကလေးဆန်တဲ့အမူအရာတွေနဲ့ ပြောဆိုပုံ တွေကြောင့်လည်း ချစ်ခင်အားပေးသူတွေ အများကြီးရှိနေပြီး လက်ရှိအချိန်မှာတော့ ကြိုးစားနေဆဲ ကာလလည်း ဖြစ်တောကြောင့် အချစ်ရေးနဲ့ ပတ်သက်ပြီး မစဉ်းစားချင်သေးသလို Single အဖြစ်နဲ့ပဲ မြင်ရမယ်လို့ ဆိုပါတယ်။

“ရည်းစားတော့ ထားခဲ့ဖူးပါတယ်၊ မထားဖူးဘူးလို့ပြောရင် လိမ်သလိုဖြစ်နေမှာပါ၊ အသည်းကွဲ တာမျိုး တော့ မရှိပါဘူူး၊ တကယ်တော့လေ စိတ်ရှုပ်ဖို့လည်းကောင်းပါတယ်၊ အလုပ်အပေါ်လည်း ထိခိုက်တတ်တယ်၊ အခုတော့ ရည်းစားလည်းမထားဘူး၊ ရည်းစားလည်းမရှိပါဘူး၊ အဲ့ဒီလိုမထားတဲ့အခါကျတော့ အလုပ်ကိုလည်း အားစိုက်ပြီးပိုလုပ်ဖြစ်တယ်၊ မိဘတွေနဲ့လည်း အချိန်ပိုပြီးပေးဖြစ်ပါတယ်”လို့ သူမက ဆိုပါတယ်။
 
ဒါ့အပြင် Myanmar Idol ပြိုင်ပွဲဟာ ကံတရားပေါ်လည်းမူတည်ကြောင်း၊ တေးသီချင်းအမျိုးအစား မျိုးစုံကို တစ်ပတ်စီမှာ ယှဉ်ပြိုင်ရတာကြောင့် တစ်ယောက်နဲ့တစ်ယောက် တေးသီချင်းတွေပေါ်မူတည်ပြီး အားနည်းတာတွေ အားသာတာတွေရှိသလို ပရိသတ်တွေရဲ့ Vote အပေါ်သာ မူတည်တာဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားပါတယ်။

သူမဟာ လွန်ခဲ့တဲ့ အောက်တိုဘာလထဲမှာ အသက် ၂၂ နှစ်ပြည့်သွားခဲ့သလို လက်ရှိမှာ Myanmar Idol အတူတူပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အနုပညာမောင်နှစ်မတွေနဲ့အတူ သူဝါသနာပါတဲ့ သီချင်းတွေကို လုပ်ကိုင်ရင်း ကြိုးစားနေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ နိုဝင်ဘာ ၂၆

( Zawgyi )

 Myanmar Idol သီခ်င္းဆိုၿပိဳင္ပြဲကေန လူသိမ်ားလာခဲ့တဲ့ ေတာင္ႀကီးသူေလး ယြန္းဟာ ပရိသတ္ေတြ ဆီကို သူ႔ရဲ႕အႏုပညာခံစားေစခ်င္တဲ့ အတြက္ ေတးအယ္လ္ဘမ္တစ္ခု ထုတ္ႏိုင္ဖို႔ ႀကိဳးပမ္းေနတယ္လို႔ ေျပာပါတယ္။ “ေတးအယ္လ္ဘမ္ လုပ္တာေတာ့ ရွိပါတယ္၊ ညီမတစ္ေယာက္ တည္း အေနနဲ႔ေတာ့မဟုတ္ဘူးေလ၊ အႏု ပညာ အစ္ကို၊ အစ္မေတြနဲ႔ပါ၊ အခုေတာ့ေလ ပြဲေတြလည္းရွိေနတာက်ေတာ့ အခ်ိန္ရရင္ရသလိုေတာ့ စီစဥ္ေနတာ ရွိပါတယ္၊ အြန္လိုင္းေပၚကေန တင္ဆက္မယ့္ Single Songs ေတြ အေနနဲ႔လည္း လုပ္ေနတာ ရွိပါတယ္၊ သိပ္ၿပီး မၿပီးျပတ္ေသး‌ေတာ့ မေျပာေသးတာပါေနာ္”လို႔ ေတးသံရွင္ ယြန္းက ေျပာပါတယ္။

သူမဟာ ပြဲေတြမရွိတဲ့အခ်ိန္မွာ မိသားစုရွိရာ ေတာင္ႀကီးၿမိဳ႕က အိမ္ကိုျပန္ျဖစ္ၿပီး ေခါက္ဆြဲေရာင္းတာ ကိုလည္း ကူညီလုပ္ကိုင္ေပးလ်က္ ရွိတယ္လို႔ သိရပါတယ္။“ပြဲမရွိရင္ေတာ့ အိမ္ျပန္ပါတယ္၊ တစ္ခ်ိဳ႕ဆိုရင္ ညီမရဲ႕ ဆိုင္မွာ တကူးတကလာၿပီး အားေပး တာ ေတြရွိပါတယ္၊ ပြဲေတြကေတာ့ ေနာက္ပိုင္းမွာ ဆိုဖို႔ရွိပါေသးတယ္”လို႔ သူမက ေျပာပါတယ္။

ထိုေတးသီခ်င္းၿပိဳင္ပြဲမွာ အသက္အငယ္ဆုံးျဖစ္ခဲ့သလို ကေလးဆန္တဲ့အမူအရာေတြနဲ႔ ေျပာဆိုပုံ ေတြေၾကာင့္လည္း ခ်စ္ခင္အားေပးသူေတြ အမ်ားႀကီးရွိေနၿပီး လက္ရွိအခ်ိန္မွာေတာ့ ႀကိဳးစားေနဆဲ ကာလလည္း ျဖစ္ေတာေၾကာင့္ အခ်စ္ေရးနဲ႔ ပတ္သက္ၿပီး မစဥ္းစားခ်င္ေသးသလို Single အျဖစ္နဲ႔ပဲ ျမင္ရမယ္လို႔ ဆိုပါတယ္။

“ရည္းစားေတာ့ ထားခဲ့ဖူးပါတယ္၊ မထားဖူးဘူးလို႔ေျပာရင္ လိမ္သလိုျဖစ္ေနမွာပါ၊ အသည္းကြဲ တာမ်ိဳး ေတာ့ မရွိပါဘူူး၊ တကယ္ေတာ့ေလ စိတ္ရႈပ္ဖို႔လည္းေကာင္းပါတယ္၊ အလုပ္အေပၚလည္း ထိခိုက္တတ္တယ္၊ အခုေတာ့ ရည္းစားလည္းမထားဘူး၊ ရည္းစားလည္းမရွိပါဘူး၊ အဲ့ဒီလိုမထားတဲ့အခါက်ေတာ့ အလုပ္ကိုလည္း အားစိုက္ၿပီးပိုလုပ္ျဖစ္တယ္၊ မိဘေတြနဲ႔လည္း အခ်ိန္ပိုၿပီးေပးျဖစ္ပါတယ္”လို႔ သူမက ဆိုပါတယ္။
 
ဒါ့အျပင္ Myanmar Idol ၿပိဳင္ပြဲဟာ ကံတရားေပၚလည္းမူတည္ေၾကာင္း၊ ေတးသီခ်င္းအမ်ိဳးအစား မ်ိဳးစုံကို တစ္ပတ္စီမွာ ယွဥ္ၿပိဳင္ရတာေၾကာင့္ တစ္ေယာက္နဲ႔တစ္ေယာက္ ေတးသီခ်င္းေတြေပၚမူတည္ၿပီး အားနည္းတာေတြ အားသာတာေတြရွိသလို ပရိသတ္ေတြရဲ႕ Vote အေပၚသာ မူတည္တာျဖစ္ေၾကာင္း ၎က ဆက္လက္ ေျပာၾကားပါတယ္။

သူမဟာ လြန္ခဲ့တဲ့ ေအာက္တိုဘာလထဲမွာ အသက္ ၂၂ ႏွစ္ျပည့္သြားခဲ့သလို လက္ရွိမွာ Myanmar Idol အတူတူပါဝင္ယွဥ္ၿပိဳင္ခဲ့တဲ့ အႏုပညာေမာင္ႏွစ္မေတြနဲ႔အတူ သူဝါသနာပါတဲ့ သီခ်င္းေတြကို လုပ္ကိုင္ရင္း ႀကိဳးစားေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ႏိုဝင္ဘာ ၂၆