ဆယ်စုနှစ်ချီစောင့်မျှော်နေတဲ့ Top Gun: Maverick ဇာတ်ကားသစ် ၂၀၂၀မှာ ထွက်မယ်

ဆယ်စုနှစ်ချီစောင့်မျှော်နေတဲ့ Top Gun: Maverick ဇာတ်ကားသစ် ၂၀၂၀မှာ ထွက်မယ်

အက်ရှင်မင်းသားကြီး တွမ်ခရုစ်ပါဝင်သရုပ်ဆောင်ထားတဲ့ Top Gun: Maverick ဇာတ်ကားသစ် လာမယ့် ၂၀၂၀ ဇွန်လမှာရုံတင်ပြသမှာ ဖြစ်ပါတယ်။ Top Gun ပထမဦးဆုံးဇာတ်ကားကို ၁၉၈၆ခုနှစ်မှာ ပြသခဲ့တာ ဖြစ်ပါတယ်။ အခုဇာတ်ကားသစ်မှာလည်း Tom Cruise နဲ့ Val Kilmerကို မူရင်းဇာတ်ဆောင်နေရာမှာ ပြန်လည်တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီတစ်ပတ်ထဲထုတ်ပြန်လိုက်တဲ့ ဇာတ်ကားပိုစတာကို မင်းသားနှစ်ဦးစလုံးကလည်း သူတို့ရဲ့လူမှုကွန်ရက်မှာ တင်ထားပါတယ်။

Top Gun ဇာတ်ကားက ယှဉ်ပြိုင်မှုဆိုပေမဲ့ မိသားစု၊ စွန့်လွှတ်အနစ်နာခံမှု၊ သူရဲကောင်းစိတ်ဓာတ်အပါအဝင် လေကြောင်း ပျံသန်း ရေးပိုင်း ရိုက်ကူးမှုလည်း ဖြစ်တယ်လို့ တွမ်ခရုစ်ကပြောပါတယ်။ ဒီဇာတ်ကားကို နှစ်၃၀ကျော် အချိန်ပေးစောင့်ဆိုင်းလာတဲ့ ပရိသတ် စိတ်ရှည်မှုကိုလည်း ကျေးဇူးတယ်လို့ ဆိုပါတယ်။  ဒီဇာတ်ကားမှာ အရင်ပရိသတ်တွေမကြုံဖူးတဲ့ နည်းပညာတချို့ပါဝင်မှာဖြစ်သလို၊ လေယာဉ်နဲ့ရိုက်တဲ့အခန်းတွေမှာ ကွန်ပျူတာဂရပ်ဖစ်များများစားစားသုံးမထားဘဲ တကယ်မောင်းပြီးရိုက်ထားတယ်လို့ ပြောပါတယ်။

ရည်မွန်
Ref: People
နယူးယော့ခ်၊ ဒီဇင်ဘာ ၁၆

(  Zawgyi  )



ရည်မွန်
Ref: People
နယူးယော့ခ်၊ ဒီဇင်ဘာ ၁၆