ကိုယ့်ကိုယ်ကို အားကိုးကြိုးစားခဲ့ရတဲ့ ဘေဘီမောင်

 ကိုယ့်ကိုယ်ကို အားကိုးကြိုးစားခဲ့ရတဲ့  ဘေဘီမောင်

တက်သစ်စအနုပညာရှင်တွေအဖို့ လူသိများလာအောင် ကြိုးစားလာရတာကြောင့် အလွန်ပင်ပန်းခဲ့တဲ့ အခြေအနေမျိုးကို ကြုံခဲ့ရတယ်လို့ မော်ဒယ်သရုပ်ဆောင် ဘေဘီမောင်က ပြောကြားခဲ့ပါတယ်။

“အခုဆိုရင် ဘေဘီတို့ တက်သစ်စတွေကို တော်ရုံဒါရိုက်တာတွေက ခေါ်မရိုက်ကြပါဘူး၊ ဓာတ်ပုံရိုက်၊ ကြော်ငြာရိုက်နဲ့ လူသိများလာတော့မှ ခေါ်ရိုက်ကြတာပါ၊ လူသိများအောင်လည်း ကြိုးစားခဲ့ရတာ အင်မတန် ပင်ပန်းလှပါတယ်”လို့ သူမက ဆိုပါတယ်။

Sexy မော်ဒယ်အဖြစ် လူသိများရာကနေ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားတွေအထိ ပါဝင်ရိုက်ကူးခွင့်ရသလို နာမည်ကြီး မင်းသားတွေနဲ့ တွဲဖက် သရုပ်ဆောင်လာခဲ့ပါတယ်။ ဒါကြောင့်လည်း အရင်လို ကြော်ငြာတွေ ရိုက်တာမျိုးထက် ပိုပြီးတော့ ရုပ်ရှင်ကားကြီးရိုက်ဖို့ အချိန်ပေးလုပ်ဆောင် ရတာတွေကြောင့်လည်း ခန္ဓာကိုယ် အလှနဲ့ ကျန်းမာရေးကို စောင့်ရှောက်နေထိုင်ရတယ်လို့ သိရပါတယ်။ “ခန္ဓာကိုယ် အလှအပကိုလည်း ထိန်းရပါတယ်၊ ဒါပေမဲ့ ဘေဘီတို့ ဟော့ခဲ့တယ်ဆိုတာ အလုံးလိုက်ကြီးပြူးထွက်နေတာ မျိုးမလုပ်ခဲ့ဘူး၊ လူမြင်ကွင်းမှာရွံစရာ ကောင်းတဲ့ပုံစံမျိုးမလုပ်ခဲ့ပါဘူး၊ ဆီလီကွန်တွေ အပြိုင်အဆိုင်ထည့်ပြီးဖော်နေတဲ့ခေတ်မှာ ဘေဘီကတော့ ဆီလီကွန်လည်း မထည့်ထားဘူး”လို့ သူမက Press Show ပွဲတစ်ခုမှာတွေ့ဆုံစဉ် ရှင်းပြပါတယ်။

အခုနောက်ပိုင်းမှာ အသက်အရွယ်ရလာတာကြောင့်လည်း ရိုးရိုးယဉ်ယဉ်ပုံစံမျိုးနဲ့ ဝတ်ဆင်မှုတွေကိုသာ ဝတ်ဆင်လေ့ရှိပြီး ယခုနောက်ပိုင်းမှာတော့ အဖော်အချွတ်ကြော်ငြာပုံတွေရိုက်ဖို့ ကမ်းလှမ်းတာတွေရှိပေမယ့် လက်မခံဖြစ်တော့ဘူး ဆိုပါတယ်။ “အရင်တုန်းကလို မရိုက်တော့ဘူးဆိုတာက ကိုယ့်ရဲ့ ချစ်သူကို အားနာတာ ကြောင့်လည်း ပါပါတယ်၊ အနာဂတ်ကို အေးအေးဆေးဆေးနဲ့ပဲ ပုံဖော်သွားဖို့ မှန်းထားပါတယ်”လို့ သူမက ဆက်ပြောပါတယ်။

လက်ရှိကာလမှာ သူမရဲ့ချစ်သူနဲ့အတူ ပွဲတက်တာတွေရှိလာသလို မကြာသေးခင်က ပြီးစီးသွားခဲ့တဲ့ သူမရဲ့ မွေးနေ့မှာလည်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မှာရှိတဲ့ မှန်ကင်းပရဟိတ မိဘမဲ့ကျောင်းက ကလေးတွေကို သွားရောက်ကူညီလှူဒါန်းတာတွေကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

 မင်းခေတ်လင်း  
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ 

(  Zawgyi  )

 တက္သစ္စအႏုပညာရွင္ေတြအဖို႔ လူသိမ်ားလာေအာင္ ႀကိဳးစားလာရတာေၾကာင့္ အလြန္ပင္ပန္းခဲ့တဲ့ အေျခအေနမ်ိဳးကို ႀကဳံခဲ့ရတယ္လို႔ ေမာ္ဒယ္သ႐ုပ္ေဆာင္ ေဘဘီေမာင္က ေျပာၾကားခဲ့ပါတယ္။

“အခုဆိုရင္ ေဘဘီတို႔ တက္သစ္စေတြကို ေတာ္႐ုံဒါ႐ိုက္တာေတြက ေခၚမ႐ိုက္ၾကပါဘူး၊ ဓာတ္ပုံ႐ိုက္၊ ေၾကာ္ျငာ႐ိုက္နဲ႔ လူသိမ်ားလာေတာ့မွ ေခၚ႐ိုက္ၾကတာပါ၊ လူသိမ်ားေအာင္လည္း ႀကိဳးစားခဲ့ရတာ အင္မတန္ ပင္ပန္းလွပါတယ္”လို႔ သူမက ဆိုပါတယ္။

Sexy ေမာ္ဒယ္အျဖစ္ လူသိမ်ားရာကေန အခုဆိုရင္ ႐ုပ္ရွင္ဇာတ္ကားေတြအထိ ပါဝင္႐ိုက္ကူးခြင့္ရသလို နာမည္ႀကီး မင္းသားေတြနဲ႔ တြဲဖက္ သ႐ုပ္ေဆာင္လာခဲ့ပါတယ္။ ဒါေၾကာင့္လည္း အရင္လို ေၾကာ္ျငာေတြ ႐ိုက္တာမ်ိဳးထက္ ပိုၿပီးေတာ့ ႐ုပ္ရွင္ကားႀကီး႐ိုက္ဖို႔ အခ်ိန္ေပးလုပ္ေဆာင္ ရတာေတြေၾကာင့္လည္း ခႏၶာကိုယ္ အလွနဲ႔ က်န္းမာေရးကို ေစာင့္ေရွာက္ေနထိုင္ရတယ္လို႔ သိရပါတယ္။ “ခႏၶာကိုယ္ အလွအပကိုလည္း ထိန္းရပါတယ္၊ ဒါေပမဲ့ ေဘဘီတို႔ ေဟာ့ခဲ့တယ္ဆိုတာ အလုံးလိုက္ႀကီးျပဴးထြက္ေနတာ မ်ိဳးမလုပ္ခဲ့ဘူး၊ လူျမင္ကြင္းမွာ႐ြံစရာ ေကာင္းတဲ့ပုံစံမ်ိဳးမလုပ္ခဲ့ပါဘူး၊ ဆီလီကြန္ေတြ အၿပိဳင္အဆိုင္ထည့္ၿပီးေဖာ္ေနတဲ့ေခတ္မွာ ေဘဘီကေတာ့ ဆီလီကြန္လည္း မထည့္ထားဘူး”လို႔ သူမက Press Show ပြဲတစ္ခုမွာေတြ႕ဆုံစဥ္ ရွင္းျပပါတယ္။

အခုေနာက္ပိုင္းမွာ အသက္အ႐ြယ္ရလာတာေၾကာင့္လည္း ႐ိုး႐ိုးယဥ္ယဥ္ပုံစံမ်ိဳးနဲ႔ ဝတ္ဆင္မႈေတြကိုသာ ဝတ္ဆင္ေလ့ရွိၿပီး ယခုေနာက္ပိုင္းမွာေတာ့ အေဖာ္အခြၽတ္ေၾကာ္ျငာပုံေတြ႐ိုက္ဖို႔ ကမ္းလွမ္းတာေတြရွိေပမယ့္ လက္မခံျဖစ္ေတာ့ဘူး ဆိုပါတယ္။ “အရင္တုန္းကလို မ႐ိုက္ေတာ့ဘူးဆိုတာက ကိုယ့္ရဲ႕ ခ်စ္သူကို အားနာတာ ေၾကာင့္လည္း ပါပါတယ္၊ အနာဂတ္ကို ေအးေအးေဆးေဆးနဲ႔ပဲ ပုံေဖာ္သြားဖို႔ မွန္းထားပါတယ္”လို႔ သူမက ဆက္ေျပာပါတယ္။

လက္ရွိကာလမွာ သူမရဲ႕ခ်စ္သူနဲ႔အတူ ပြဲတက္တာေတြရွိလာသလို မၾကာေသးခင္က ၿပီးစီးသြားခဲ့တဲ့ သူမရဲ႕ ေမြးေန႔မွာလည္း ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္မွာရွိတဲ့ မွန္ကင္းပရဟိတ မိဘမဲ့ေက်ာင္းက ကေလးေတြကို သြားေရာက္ကူညီလႉဒါန္းတာေတြကို လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။

 မင္းေခတ္လင္း  
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၆