ကမ္ဘာ့စမတ်ဖုန်း ရောင်းအားအကောင်းဆုံး ပထမနေရာ ဟွာဝေး (Huawei) သိမ်းပိုက်

ကမ္ဘာ့စမတ်ဖုန်း ရောင်းအားအကောင်းဆုံး ပထမနေရာ ဟွာဝေး (Huawei) သိမ်းပိုက်

တရုတ်နည်းပညာကုမ္ပဏီကြီး Huawei မှ ၂၀၁၉ ခုနှစ်အတွင်း ၎င်းတို့ရဲ့ ရောင်းအားကို ကြေညာလိုက်ပါတယ်။

Huawei ရဲ့ CEO ရစ်ချတ် ယူ (Richard Yu) ကိုယ်တိုင် ကြေညာလိုက်တာဖြစ်ပြီး ယခင်နှစ်တွေကထက် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။

Huawei စမတ်ဖုန်းတွေဟာ ယခုနောက်ပိုင်း ၎င်းရဲ့ ကင်မရာစွမ်းဆောင်ရည်ကြောင့် နာမည်ရလာခဲ့တာ ဖြစ်ပါတယ်။ Xiaomi ရဲ့ Mi CC9 Pro ထွက်လာခဲ့တုန်းက ကင်မရာစွမ်းဆောင်ရည်ပိုင်းမှာ ဒုတိယနေရာ ဆင်းပေးခဲ့ရပေမယ့် Huawei Mate 30 5G ထွက်လာချိန်မှာ‌တော့ ကမ္ဘာ့ကင်မရာအကောင်းဆုံး စမတ်ဖုန်းဆိုတဲ့ ဂုဏ်ပုဒ်ကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်။

Huawei ရဲ့ ကြေညာချက်အရ ၂၀၁၉ ခုနှစ်အတွင်း စမတ်ဖုန်း အလုံးရေ သန်း ၂၃၀ အထိ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။အောက်တိုဘာ ၂၀၁၉ မှာတောင် အလုံးရေ သန်း ၂၀၀ တင်ပို့ထားနိုင်ပြီဖြစ်ပြီး လက်ရှိအချိန်မှာတော့ သန်း ၃၀ ထပ်မံတင်ပို့နိုင်ခဲ့တာ ဖြစ်ပါတယ်။အဆိုပါ ရောင်းအားတွေကို လေ့လာကြည့်ရင် အမေရိကန်ရဲ့ Huawei အပေါ် လွှမ်းမိုးချုပ်ကိုင်မှုဟာ ဘာမှအရာမရောက်ဘူးဆိုတာ မြင်တွေ့ရပါတယ်။အမေရိကန်မှ Huawei အပေါ် ကန့်သတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပေမယ့် Huawei ကတာ့ Samsung ရဲ့နောက် ကမ္ဘာ့ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းကတော့ စမတ်ဖုန်း အလုံးရေ သန်း ၂၀၀ ရောင်းချခဲ့ရပြီး၊ ယခုနှစ်မှာတော့ အမေရိကန်ရဲ့ ပိတ်ဆို့မှု Google နဲ့ လက်တွဲဖြုတ်မှုတို့ ကြုံတွေ့ခဲ့ရပေမယ့် စံချိန်တင် သန်း ၂၃၀ အထိ ရောင်းချနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ဒါဟာ တရုတ်နည်းပညာကုမ္ပဏီတွေရဲ့ ကြိုးစားမှုရလဒ်ပဲ ဖြစ်ပါတယ်။

Damien

( Zawgyi )

တ႐ုတ္နည္းပညာကုမၸဏီႀကီး Huawei မွ ၂၀၁၉ ခုႏွစ္အတြင္း ၎တို႔ရဲ႕ ေရာင္းအားကို ေၾကညာလိုက္ပါတယ္။

Huawei ရဲ႕ CEO ရစ္ခ်တ္ ယူ (Richard Yu) ကိုယ္တိုင္ ေၾကညာလိုက္တာျဖစ္ၿပီး ယခင္ႏွစ္ေတြကထက္ ပိုမိုတင္ပို႔ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

Huawei စမတ္ဖုန္းေတြဟာ ယခုေနာက္ပိုင္း ၎ရဲ႕ ကင္မရာစြမ္းေဆာင္ရည္ေၾကာင့္ နာမည္ရလာခဲ့တာ ျဖစ္ပါတယ္။ Xiaomi ရဲ႕ Mi CC9 Pro ထြက္လာခဲ့တုန္းက ကင္မရာစြမ္းေဆာင္ရည္ပိုင္းမွာ ဒုတိယေနရာ ဆင္းေပးခဲ့ရေပမယ့္ Huawei Mate 30 5G ထြက္လာခ်ိန္မွာ‌ေတာ့ ကမာၻ႔ကင္မရာအေကာင္းဆုံး စမတ္ဖုန္းဆိုတဲ့ ဂုဏ္ပုဒ္ကို ျပန္လည္ရယူႏိုင္ခဲ့ပါတယ္။

Huawei ရဲ႕ ေၾကညာခ်က္အရ ၂၀၁၉ ခုႏွစ္အတြင္း စမတ္ဖုန္း အလုံးေရ သန္း ၂၃၀ အထိ တင္ပို႔ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ေအာက္တိုဘာ ၂၀၁၉ မွာေတာင္ အလုံးေရ သန္း ၂၀၀ တင္ပို႔ထားႏိုင္ၿပီျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ သန္း ၃၀ ထပ္မံတင္ပို႔ႏိုင္ခဲ့တာ ျဖစ္ပါတယ္။အဆိုပါ ေရာင္းအားေတြကို ေလ့လာၾကည့္ရင္ အေမရိကန္ရဲ႕ Huawei အေပၚ လႊမ္းမိုးခ်ဳပ္ကိုင္မႈဟာ ဘာမွအရာမေရာက္ဘူးဆိုတာ ျမင္ေတြ႕ရပါတယ္။အေမရိကန္မွ Huawei အေပၚ ကန႔္သတ္ပိတ္ဆို႔မႈေတြ ခ်မွတ္ခဲ့ေပမယ့္ Huawei ကတာ့ Samsung ရဲ႕ေနာက္ ကမာၻ႔ဒုတိယေနရာမွာ ရပ္တည္ႏိုင္ခဲ့ပါတယ္။

လြန္ခဲ့တဲ့ ၂၀၁၈ ခုႏွစ္တုန္းကေတာ့ စမတ္ဖုန္း အလုံးေရ သန္း ၂၀၀ ေရာင္းခ်ခဲ့ရၿပီး၊ ယခုႏွစ္မွာေတာ့ အေမရိကန္ရဲ႕ ပိတ္ဆို႔မႈ Google နဲ႔ လက္တြဲျဖဳတ္မႈတို႔ ႀကဳံေတြ႕ခဲ့ရေပမယ့္ စံခ်ိန္တင္ သန္း ၂၃၀ အထိ ေရာင္းခ်ႏိုင္ခဲ့ၿပီး ျဖစ္ပါတယ္။ဒါဟာ တ႐ုတ္နည္းပညာကုမၸဏီေတြရဲ႕ ႀကိဳးစားမႈရလဒ္ပဲ ျဖစ္ပါတယ္။

Damien