【နိုင်ငံတကာဆောင်းပါး】ဖွံ့ဖြိုးတိုးတက်ရမည်ဖြစ်သလို ဖွံ့ဖြိုးတိုးတက်မှုအကြောင်းလည်း သိရှိရန်လို

【နိုင်ငံတကာဆောင်းပါး】ဖွံ့ဖြိုးတိုးတက်ရမည်ဖြစ်သလို ဖွံ့ဖြိုးတိုးတက်မှုအကြောင်းလည်း သိရှိရန်လို

တရုတ်နိုင်ငံသည် ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်လာပြီးနောက် တရုတ်နိုင်ငံ GDP နှင့် အမေရိကန်နိုင်ငံ GDP ၏ အချိုးအဆသည် အမြဲတစေ အားလုံးက ဆွေးနွေးနေသည့် အဓိကအကြောင်းအရာဖြစ်နေပါတယ်။ 
၂၀၂၃ ခုနှစ်မှာတော့  အဆိုပါကိန်းဂဏန်းကွာဟချက်က လျော့ကျလာခဲ့ပါတယ်။  အဆိုပါပြောင်းလဲမှုနှင့် ယခုနှစ်အနည်းငယ်အတွင်း အမေရိကန်က တရုတ်နိုင်ငံ၏ အဆင့်မြင့်သိပ္ပံနည်းပညာနယ်ပယ်တွင် ပိတ်ဆို့ဖိနှိပ်မှုကို ပေါင်းစပ်ကြည့်ပါက တရုတ်နိုင်ငံ၏စီးပွားရေးသည် ဖိနှိပ်မှုအောက်တွင် “ပိုဆိုးသည့်လမ်းသို့” မြန်းတော့မည်လားဟု လူအများအပြားက ယူဆကြပါတယ်။ 
 
ဖြစ်ရပ်မှန်သည် အမှန်တကယ်ထိုကဲ့သို့ဖြစ်သလော။
 
GDP တိုးတက်မှုမှာ ဆိုရလျှင် မိမိနိုင်ငံပြည်သူများ၏ ပြဿနာကိုဖြေရှင်းပြီး ပြည်သူများကို ပိုင်ဆိုင်ရသည့်ခံစားချက်၊ သာယာချမ်းမြေ့သည့်ခံစားချက်ရရှိစေရမည်ဖြစ်ပါတယ်။  ငွေကြေးအလွန် ဖောင်းပွမှုကြောင့် ထိုကဲ့သို့သောတိုးတက်မှုမှာ ပိုင်ဆိုင်ရရှိသည့်ခံစားချက်ရှိမရှိနှင့် စပ်လျဉ်း၍ အမေရိကန်ပြည်သူများက ပြောဆိုခွင့်အရှိဆုံးပင်ဖြစ်ပါတယ်။ လတ်တလောတွင် အမေရိကန်သည် ရွေးကောက်ပွဲကာလသို့ဝင်ရောက်လာပါပြီ။ ငွေကြေးဖောင်းပွသည့်ပြဿနာမှာ အမေရိကန်ပြည်သူများက အလွန်ဂရုပြုသည့် အကြောင်းအရာများအနက် တစ်ခုဖြစ်နေဆဲပါ။ 
 
၂၀၁၀ ပြည့်နှစ်ဝန်းကျင်တွင် ကမ္ဘာ့ဘဏ်၏အစီရင်ခံစာတစ်ခု၌ ၁၉၆၀ ပြည့်နှစ်တွင် အလယ်အလတ်အဆင့်ဝင်ငွေရှိသည့်နိုင်ငံများ ၁၀၁ နိုင်ငံအတွင်းမှ ၂၀၀၈ ခုနှစ်တွင် ၁၃ နိုင်ငံသည်သာ ဝင်ငွေမြင့်မားသောနိုင်ငံဖြစ်လာကြောင်း၊ အခြားနိုင်ငံနှင့်ဒေသများသည် အလယ်အလတ်အဆင့်ဝင်ငွေ အဆင့်၌ ဆက်လက်ကျန်ရှိနေပြီး အချို့မှာမူ ဝင်ငွေနည်းနိုင်ငံများအဖြစ် ကျဆင်းသွားကြောင်း ထောက်ပြခဲ့ပါတယ်။  ထို့ကြောင့် စီးပွားရေးပညာရှင်များက “အလယ်အလတ်အဆင့်ဝင်ငွေ ထောင်ချောက်” ဟူသည့်အယူအဆကို မိတ်ဆက်ခဲ့ပါတယ်။ တစ်ချိန်တည်းတွင် တရုတ်ပြည်သူများ၏ တစ်ဦးချင်းပျမ်းမျှ GDP သည် အလယ်အလတ် အထက်ပိုင်းအဆင့်သို့ရောက်ရှိလာပြီး တည်ငြိမ်သောတိုးတက်မှုနှုန်း ၇% ဝန်းကျင်ကို ထိန်းသိမ်းထားပါတယ်။ ၎င်းနှင့်စပ်လျဉ်း၍ အချို့လူများက တရုတ်နိုင်ငံသည်လည်း “အလယ်အလတ်အဆင့်ဝင်ငွေ ထောင်ချောက်” တွင်းသို့ ကျရောက်သွားမည်လောဟူသည့်မေးခွန်းကို ကျယ်ကျယ်လောင်လောင်ပြုလုပ်လာပါတယ်။ ဆက်လက်ပြီး တရုတ်နိုင်ငံကဖွံ့ဖြိုးတိုးတက်မှုဖြင့် “အလယ်အလတ်အဆင့်ဝင်ငွေ ထောင်ချောက်” ဟူသောအကြောင်းအရာကို တဖြည်းဖြည်းမှေးမှိန်လာစေခဲ့ပါတယ်။ ယခုနှစ်ပိုင်းဖွံ့ဖြိုးတိုးတက်မှုဖြင့် မိမိတို့သည် ဝင်ငွေမြင့်မားသောနိုင်ငံအဆင့်သို့ တဖြည်းဖြည်းနီးစပ်လာပါပြီ။ ထောင်ချောက်သည် မိမိတို့၏ခြေလှမ်းကို မတားဆီးနိုင်ခဲ့ပါဘူး။
 
မိမိတို့သည် တရုတ်နိုင်ငံ၏စီးပွားရေးအပေါ်ယုံကြည်ချက်သည် အခြားသူနှင့်ယှဉ်ခြင်းမဟုတ်သလို အခြားသူ၏အယူအဆနှင့် တစ်ထပ်တည်းကျမှုရှိမရှိလည်းမဟုတ်ဘဲ မိမိတို့တွင် ပြဿနာကို ဖြေရှင်းသည့် ကိုယ်ပိုင်နည်းလမ်းရှိခြင်းကြောင့်ပင်ဖြစ်ပါတယ်။ မိမိ၏လက်တွေ့အခြေအနေနှင့် ကိုက်ညီ၍ မိမိ၏ပြဿနာကိုဖြေရှင်းနိုင်သည့် နည်းလမ်းသည်သာလျှင် လက်ကိုင်စွဲထားသင့်သည့် နည်းလမ်းပင်ဖြစ်ပါတယ်။  တရုတ်နိုင်ငံ၏စီးပွားရေးသည် အခက်အခဲနှင့်စိန်ခေါ်မှုများစွာကို ရင်ဆိုင်ရမည်ဖြစ်ပါတယ်။ သို့သော် နှစ်ဆယ်ချီအတွင်း မိမိတို့သည် အခက်အခဲနှင့်စိန်ခေါ်မှုများစွာကို ကျော်ဖြတ်ခဲ့ပြီးဖြစ်ပါတယ်။ မိမိတို့သည် အမြဲအခက်အခဲအမျိုးမျိုးနှင့် တိုက်ပွဲဝင်နေရသည့် ဖြစ်စဉ်အတွင်းတွင် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ခဲ့ပါတယ်။ တောင်ကုန်းပေါ်တက် တွင်းကိုကျော်ဖြတ်ပြီး ပြဿနာကိုရင်ဆိုင်၍ ဖြေရှင်းမည်ဖြစ်ပါတယ်။  ယင်းသည်သာလျှင် မိမိတို့က တရုတ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် ယုံကြည်ချက်ပင်ဖြစ်ပါတယ်။