【 နည်းပညာ 】 အစွန်းရောက်ပြင်းထန်ရာသီဥတုနဲ့ ပဋိပက္ခတွေက ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းကို ပိုမိုဆိုးရွားစေ

【 နည်းပညာ 】 အစွန်းရောက်ပြင်းထန်ရာသီဥတုနဲ့ ပဋိပက္ခတွေက ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းကို ပိုမိုဆိုးရွားစေ

ဝါရှင်တန်၊ ဖေဖော်ဝါရီ - ၂၃

ကမ္ဘာတစ်ဝန်းမှာရှိတဲ့ နိုင်ငံတကာအေဂျင်စီတွေဟာ လွန်ခဲ့တဲ့နှစ်ကတည်းက သန်းပေါင်းများစွာသော လူတွေကို အလွန်အမင်းငတ်မွတ်မှု၊ အာဟာရချို့တဲ့မှုနဲ့ ၎င်းတို့ရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်မှုအဖြစ်သို့ အစားအစာမလုံလောက်မှုက တွန်းပို့နေတဲ့ သတိပေးချက်တစ်ရပ်ကို ဖော်ပြခဲ့ကြပါတယ်။

ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ၎င်းအကျပ်အတည်းကို “မကြုံစဖူး ငတ်မွတ်မှု ပြဿနာ” လို့ ဆိုခဲ့ပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းကို ပိုမိုဆိုးရွားလာစေတဲ့ အကြောင်းအရင်းတွေကတော့ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ပွဲ၊ အရှေ့အလယ်ပိုင်း အကျပ်အတည်း၊ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ရာသီဥတုပြောင်းလဲမှုတို့ပဲဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ရုရှား-ယူကရိန်းစစ်ပွဲ စတင်ခဲ့တဲ့အချိန်ကစပြီး၊ ယူကရိန်းကောက်ပဲသီးနှံကို နှစ်ပေါင်းများစွာ မှီခိုအားထားနေရတဲ့ နိုင်ငံအများအပြားဟာ စားနပ်ရိက္ခာ ထောက်ပံ့မှု မလုံလောက်မှုကို သိသိသာသာ ခံစားခဲ့ရပြီး၊ စားနပ်ရိက္ခာစျေးနှုန်း ဖောင်းပွမှုဒဏ်ကို ခံစားခဲ့ရပါတယ်။ထို့အပြင် ရုရှားနိုင်ငံဟာ ဂျုံတင်ပို့တဲ့ အဓိကနိုင်ငံတစ်ခုဖြစ်ပြီး၊ ယူကရိန်းကတော့ ပြောင်းဖူးအဓိကတင်ပို့တဲ့ နိုင်ငံဖြစ်ပါတယ်။ယူကရိန်းအပေါ် ရုရှားကျူးကျော်မှုဟာ ၎င်းသီးနှံနှစ်မျိုးစလုံးကို စျေးနှုန်းများ မြင့်တက်စေခဲ့ပြီး ကမ္ဘာ့စားနပ်ရိက္ခာစျေးကွက်များအထိ ထိခိုက်တုန်လှုပ်မှုများကို ဖြစ်ပေါ်စေခဲ့ပါတယ်။

စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ရဲ့ ဂါဇာတွင် ပဋိပက္ခမဖြစ်မီ လပိုင်းအလို ဇူလိုင်လမှာ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံရေးနဲ့ အာဟာရဆိုင်ရာ အစီရင်ခံစာအရ ၂၀၂၂ ခုနှစ်တွင် လူပေါင်း ၇၃၅ သန်းဟာ ငတ်မွတ်မှုဘေးကို ရင်ဆိုင်ခဲ့ရပြီး၊ ၂၀၁၉ ခုနှစ်နဲ့ နှိုင်းယှဉ်ပါက ၁၂၂ သန်း တိုးလာခဲ့တယ်လို့ သိရပါတယ်။

မိုးခေါင်ခြင်း၊ အပူလှိုင်းဖြတ်ခြင်းနဲ့ ရေကြီးခြင်းတို့လို အစွန်းရောက် ပြင်းထန်ရာသီဥတုအခြေအနေတွေဟာလည်း ကမ္ဘာတစ်ဝှမ်း စားနပ်ရိက္ခာထုတ်လုပ်မှုကို ထိခိုက်စေလျက်ရှိပါတယ်။ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ဟာ ကမ္ဘာကြီးအတွက် အပူဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့ပြီး၊ အယ်လ်နီညိုရာသီဥတုပုံစံဟာ ကမ္ဘာတစ်ဝှမ်းရှိ ပင်လယ်ရေမျက်နှာပြင် အပူချိန်များ မြင့်တက်လာစေတဲ့အတွက် မကြာခဏ ရေကြီးခြင်း၊ မိုးခေါင်ခြင်းနဲ့ မုန်တိုင်းများကို ဖြစ်ပေါ်စေပြီး၊ စိုက်ပျိုးရေးနဲ့ တံငါကဏ္ဍတေွကို ထိခိုက်စေကာ စားနပ်ရိက္ခာစျေးနှုန်းတွေကို မြင့်တက်လာစေခဲ့ပါတယ်။

ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဟာ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်နိုင်ဖို့အတွက် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချနိုင်ဖို့ ကြိုးပမ်းလျက်ရှိကြပေမယ့်၊ စားနပ်ရိက္ခာအကျပ်အတည်းကို ရင်ဆိုင်ရလျက်ရှိနေတဲ့ ကမ္ဘာ့တောင်ပိုင်းနိုင်ငံတွေကတော့ ပြောင်းလဲမှုရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ထမ်းရွက်ရလျက်ရှိနေပါတယ်။

Damien
Ref - mongabay